ABC
လာမယ့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းကျရင် မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်ကို အများပြည်သူ အသုံးပြုနိုင်ဖို့အတွက် မြန်မာ အာရှစိမ်းလမ်းဖွံ့ဖြိုးရေးဘဏ်က ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ဂျပန် ဒေ၀ လုံခြုံရေးဆိုင်ရာ အဖွဲ့ (Japan’s Daiwa Securities Group Inc.) ကနေ အကြံတွေ ပေးသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့အတွက် ဂျပန်ဒေ၀လုံခြုံရေးပိုင်ဖြစ်တဲ့ မြန်မာ လုံခြုံရေးဆိုင်ရာ အချက်အလက် ဖလှယ်ရေး ဌာန (Myanmar Securities Exchange Centre Co.) နဲ့ မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်တို့ မနေ့က တနင်္လာနေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြန်မာ နိုင်ငံရဲ့ စတော့ ဈေးကွက်ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအချက်အလက်ဖလှယ်ရေးဌာနနဲ့ ဒေ၀လုံခြုံရေးအဖွဲ့တို့က စတော့ဈေးကွက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ကဏ္ဍအသီးသီးအပြင် ငွေကြေးနဲ့ပတ်သက်တဲ့ တရားဥပဒေဆိုင်ရာ ဆောင်ရွက်ချက်တွေအားလုံးကို ပံ့ပိုး ကူညီပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်နဲ့ ပတ်သက်ပြီး အများပြည်သူတွေကို အသိပေးနိုင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကို ဒီသဘောတူညီမှုကနေ အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ အာရှစိမ်းလမ်းဖွံ့ဖြိုး ရေးဘဏ် ဥက္ကဌ ဦးသန်းရီက လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
အခုလို သဘောတူလက်မှတ်ရေးထိုးခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို အရေအသွေးမြင့်မားလာအောင် လုပ်ဆောင်ပေးမယ့် အရေးကြီးတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ ဒေ၀လုံခြုံရေးအဖွဲ့ ဥက္ကဌနဲ့ အလှုပ်အမှုဆောင်အရာရှိကလည်း ပြောပါတယ်။

No comments:
Post a Comment