Monday, December 9, 2013

မိ​ကျောင်း​ကန်​ဆ​န္ဒ​ပြ​သူ​များ​နှင့် ​ရန်​ကုန်​တိုင်း ၀န်​ကြီး​ချုပ် ​တွေ့​ဆုံ​ပွဲ ​အ​ဖြေ​မ​ရ

webteam

သ​င်္ဃန်း​ကျွန်း​မြို့​နယ် ​မိ​ကျောင်း​ကန်​ရပ်​ကွက်​က ​သိမ်း​ဆည်း​လယ်​မြေ ​ပြန်​ရ​ရေး ​သ​ပိတ်​စ​ခန်း​ဖွ​င့် ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင်​တွေ​နဲ့ ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ​အ​စိုး​ရ​အ​ဖွဲ့​ခေါင်း​ဆောင် ၀န်​ကြီး​ချုပ် ​ဦး​မြ​င့်​ဆွေ​တို့​ရဲ့ ၃ ​နာ​ရီ​ကြာ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​ဟာ ​ရ​လဒ် ​တ​စုံ​တ​ရာ ​မ​ရ​ဘဲ ​အ​ဆုံး​သတ်​ခဲ့​ပါ​တယ်။

ဒီ ​တွေ့​ဆုံ​ပွဲ​ဟာ ၁၃ ​ရက် ​ကြာ​မြ​င့်​ပြီ​ဖြစ်​တဲ့ ​သ​ပိတ်​စ​ခန်း​ကို ​ဒီ​ဇင်​ဘာ ၉ ​ရက်​နေ့ ​ည​နေ ၆ ​နာ​ရီ ​မ​တိုင်​ခင် ​လုံး​၀ ​ဖျက်​သိမ်း​ရုပ်​သိမ်း​ပေး​ဖို့ ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​နဲ့ ​တပ်​မြို့​စည်​ပင်​သာ​ယာ​က ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​ထုတ်​ပြန် ​ကြေ​ညာ​ပြီး​တဲ့​နောက် ​တွေ့​ဆုံ​မှု ​ဖြစ်​ပါ​တယ်။

မ​နေ့​က ​နေ့​ခင်း ၃ ​နာ​ရီ​က​နေ ၆ ​နာ​ရီ​ခန့်​ထိ ​မိ​ကျောင်း​ကန်​သ​ပိတ်​စ​ခန်း ​ဆ​န္ဒ​ပြ ​ခေါင်း​ဆောင်​တ​ဦး​ဖြစ်​တဲ့ ​ဦး​ဇော်​ထွန်း​ကို ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ၀န်​ကြီး​ချုပ် ​ဦး​မြ​င့်​ဆွေ၊ ​နယ်​စပ်​ရေး​ရာ​နဲ့ ​လုံ​ခြုံ​ရေး​ရာဝန်​ကြီး ​ဗိုလ်​မှူး​ကြီး​တင်ဝင်း​နဲ့ ​ခ​ရိုင်​အုပ်​ချုပ်​ရေး​မှူး​တို့​က ​ခ​ရိုင်​အုပ်​ချုပ်​ရေး​မှူး​ရုံး​မှာ ​တွေ့​ဆုံ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဦး​ဇော်​ထွန်း​တို့​ဘက်​က ​တပ်​က ​သိမ်း​ဆည်း​ခဲ့​တဲ့​မြေ​တွေ ​ပြန်​လည်​ရ​ရှိ​ရေး​ကို ​တ​စိုက်​မတ်​မတ် ​တောင်း​ဆို​ခဲ့​သ​လို ၀န်​ကြီး​ချုပ် ​ဦး​မြ​င့်​ဆွေ​တို့​ဘက်​က​လည်း ​ဂ​ရမ်​ပြ​သ​နိုင်​ဖို့ ​တောင်း​ဆို​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

ဒီ ​တွေ့​ဆုံ​ပွဲ​မ​တိုင်​ခင်​မှာ ​ဦး​ဇော်​ထွန်း​တို့​ဟာ ​သ​င်္ဃန်း​ကျွန်း​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဦး​သိန်း​ညွန့်​ကို ​သွား​ရောက် ​တွေ့​ဆုံ​ခဲ့​ပြီး ​သူ​တို့ ​မြေ​တွေ ​ပြန်​လည်​ရ​ရေး​၊ ​ပုဒ်​မ ၁၈ ​နဲ့ ​ဖမ်း​ဆီး​ခံ​ထား​ရ​သူ​တွေ ​ပြန်​လွှတ်​ရေး​နဲ့ ​ဒီ​ဇင်​ဘာ ၇ ​ရက်​နေ့​က​လို ​အ​ကြမ်း​ကိုင်​တွယ်​မှု ​ထပ်​မံ ​မ​ပြု​လုပ်​ရေး ​စ​တဲ့ ​တောင်း​ဆို​ချက် ၇ ​ချက်​ကို ​တင်​ပြ​ခဲ့​ပါ​တယ်။

အ​မတ် ​ဦး​သိန်း​ညွန့်​က ​လယ်​ယာ​မြေ​ပြန်​လည်​ရ​ရှိ​ရေး​ကိ​စ္စ​ဟာ ​တည်​ဆဲ​ဥ​ပ​ဒေ​အ​ရ ​မ​ဖြစ်​နိုင်​ကြောင်း​နဲ့ ​နစ်​နာ​ကြေး ​ရ​ရှိ​ဖို့ ​ကိ​စ္စ​ကို ​တောင်း​ဆို​ပေး​မယ်​လို့ ​က​တိ​ပြု​ခဲ့​ပြီး ​အ​စိုး​ရ​နဲ့ ​ဆ​န္ဒ​ပြ​သူ​တွေ​အ​ကြား ​ကြား​၀င်​ဆောင်​ရွက်​ပေး​မယ်​အ​စီ​အ​စ​ဉ်​ကို ​ချ​ပြ​ခဲ့​ပါ​တယ်။

ပုဒ်​မ ၁၈ ​နဲ့ ​ဖမ်း​ဆီး​ခံ​ထား​ရ​သူ ၃ ​ဦး​ကို ​ပြန်​လွှတ်​ရေး​၊ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​တ​ရား​စွဲ ​ဆို​ထား​တာ​ကို ​ပြန်​ရုပ်​သိမ်း​ဖို့​နဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​အ​တွက် ​ကျန်း​မာ​ရေး​စော​င့်ေ​ရှာက်​မှု​ပေး​ဖို့ ​ကိ​စ္စ​တွေ​ကို ​ဆောင်​ရွက်​ပေး​မယ်​ဆို​တာ​ကို ​က​တိ​ပြု​ခဲ့​ပါ​တယ်။

၁၃ ​ရက် ​ကြာ​မြ​င့်​ပြီ​ဖြစ်​တဲ့ ​သ​ပိတ်​စ​ခန်း​တွင်း​မှာ ​အ​မျိုး​သ​မီး ၂၀၀ ​ကျော်​ဟာ ​အ​နီ​ရောင်​အ​င်္ကျီ​တွေ​နဲ့ ​အ​နီ​ရောင်​ခေါင်း​စည်း​တွေ ​ဆင်​မြန်း​ထား​ပြီး ​သူ​တို့​ထံ​က ​သိမ်း​ယူ​ခဲ့​တဲ့ ​မြေ​တွေ ​ပြန်​ပေး​ဆို​တဲ့ ​စာ​သား​တွေ ​ရိုက်​နှိပ်​ထား​ပါ​တယ်။

ဒီ​ဇင်​ဘာ ၇ ​ရက်​နေ့​မှာ ​အုပ်​ချုပ်​ရေး​ပိုင်း​ရဲ့ ​ကြမ်း​တမ်း​စွာ​ကိုင်​တွယ်​မှု​ကြောင့် ​ဆ​န္ဒ​ပြ​သူ​တွေ​ထဲ​က ​သ​တိ​လစ် ​လက်​ကျိုး​ခဲ့​တဲ့​အ​ဖွား​အို ၁ ​ဦး​အ​ပါ​အ၀င် ၈ ​ဦး ​ဒဏ်​ရာ​ရ​ခဲ့​ပါ​တယ်။

ပြည်​သူ့​လွှတ်​တော်​အ​မတ် ​ဦး​သိန်း​ညွန့်​က ​နေ့​ခင်း​ပိုင်း​က ​ဆ​န္ဒ​ပြ​သ​မား​တွေ​နဲ့ ​တွေ့​ဆုံ​ရာ​မှာ ​ဆီး​ဂိမ်း​ဖွ​င့်​ပွဲ​မ​တိုင်​ခင် ​သ​ပိတ်​စ​ခန်း​ကို ​ရုပ်​သိမ်း​လိုက်​ဖို့ ​မေ​တ္တာ​ရပ်​ခံ​ထား​ပြီး ​သွေး​ထွက်​သံ​ယို​မှု​တွေ​နဲ့ ​လူ​အ​သေ​အ​ပျောက်​တွေ ​ရှိ​လာ​နိုင်​တယ်​လို့ ​သ​တိ​ပေး​ထား​ပါ​တယ်။

ဆ​န္ဒ​ပြ​သူ​တွေ​ကိုယ်​စား ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ၀န်​ကြီး​ချုပ် ​ဦး​မြင့်​ဆွေ​ကို ​သွား​ရောက် ​တွေ့​ဆုံ​ခဲ့​တဲ့ ​ဦး​ဇော်​ထွန်း​ကို ​သ​ပိတ်​စ​ခန်းေ​ရှ့​မှာ ​ဒီ​ဇင်​ဘာ ၈ ​ရက်​နေ့ ​ည ၉ ​နာ​ရီ​ခန့်​မှာ ​သွား​ရောက် ​မေး​မြန်း​ထား​တာ​ကို ​အ​သံ​ဖိုင်​မှာ ​နား​ဆင်​နိုင်​ပါ​တယ်။

No comments: