Saturday, December 7, 2013

ထိုင်း​ဘော​လုံး​အ​သင်း​ကို ​အ​ဓိ​က​ယှ​ဉ်​ပြိုင်​ရ​မည်​ဟု ​မြန်​မာ​နည်း​ပြ​ချုပ် ​ပြော

အေး​နိုင်

မြန်​မာ​နိုင်​ငံ​အ​မျိုး​သား​ဘော​လုံး​အ​သင်း​အ​နေ​နဲ့ ​ထိုင်း​အ​သင်း​ကို​သာ ​အ​ထူး​ဂ​ရု​ပြု ​ယှ​ဉ်​ပြိုင်​ရ​မယ်​လို့ ​မြန်​မာ​အ​မျိုး​သား​ဘော​လုံး​အ​သင်း ​နည်း​ပြ​ချုပ် ​ကို​ရီး​ယား​နိုင်​ငံ​သား ​ပတ်​ဆောင်​ဟွာ​က ​ပြော​ဆို​လိုက်​ပါ​တယ်။

မ​ရန်း​ကုန်း​မြို့​နယ် ​ဟို​တယ်​ရန်​ကုန်​မှာ ​မ​နေ့​က ​ကျင်း​ပ​တဲ့ ​ရှင်း​လင်း​ပွဲ​မှာ ​မြန်​မာ​အ​သင်း​နည်း​ပြ​ချုပ် ​ပတ်​ဆောင်​ဟွာ​က ​အ​ခု​လို ​ပြော​ဆို​လိုက်​တာ​ပါ။င်္

ဒီ​ရှင်း​လင်း​ပွဲ​မှာ ​ထိုင်း​အ​သင်း​ရဲ့ ​လက်​ထောက်​နည်း​ပြ​နဲ့ ​အင်​ဒို​နီး​ရှား​၊ ​အေ​ရှ့​တီ​မော ​နဲ့ ​က​မ္ဘော​ဒီ​ယား​အ​သင်း​တွေ​က ​နည်း​ပြ​ချုပ်​တွေ ​တက်​ရောက်​ရှင်း​လင်း​ပါ​တယ်။

ဒီ​က​နေ့ ​ရှင်း​လင်း​ပွဲ​မ​တိုင်​ခင် ​ဆီး​ဂိမ်း​မှာ ၀င်​ပြိုင်​ကြ​တဲ့​အ​ခါ ၀တ်​ဆင်​မယ့် ​အ​င်္ကျီ​အ​ရောင်​နဲ့ ​ပတ်​သက်​လို့ ​ညှိ​နှိုင်း​ဆွေး​နွေး​ခဲ့​ကြ​တာ​ပါ။

ဆီး​ဂိမ်း​ဘော​လုံး​ပြိုင်​ပွဲ​မှာ ​ဗိုလ်​လု​ပွဲ​တက်​ရောက်​ဖို့ ​အ​လား​အ​လာ​များ​တယ်​လို့ ​ပြော​ဆို​နေ​ကြ​တဲ့ ​အ​သင်း​တွေ​က​တော့ ​ထိုင်း​နိုင်​ငံ​နဲ့ ​ဗီ​ယက်​နမ်​အ​သင်း​တွေ ​ဖြစ်​ပါ​တယ်။

ထိုင်း​လက်​ထောက်​နည်း​ပြ​က ​အိမ်​ရှင်​မြန်​မာ​တွေ​ရဲ့ ​အား​ပေး​မှု ​အား​ကောင်း​တဲ့​အ​ပေါ် ​ထ​ည့်​သွင်း​စ​ဉ်း​စား​ထား​ပေ​မယ့် ​ဒီ​အ​တွေ့​အ​ကြု​မျိုး​တွေ ​ဖြတ်​သန်း​ဖူး​တာ​မို့ ​အောင်​ပွဲ​အ​တွက် ​ကြို​တင်​ပြင်​ဆင်​ထား​တယ်​လို့ ​ပြော​ပါ​တယ်။

အေ​ရှ့​တီ​မော၊ ​က​မ္ဘော​ဒီး​ယား​နဲ့ ​အင်​ဒို​နီး​ရှား​နည်း​ပြ​တွေ​က​တော့ ​ပြိုင်​ဘက်​အား​လုံး​ဟာ ​ပြိုင်​ဘက်​ကောင်း​တွေ​ဖြစ်​တယ်​လို့ ​သံ​တ​မန်​နည်း​ကျ​ကျ ​ပြော​ဆို​ကြ​ပေ​မယ့် ​အ​ဓိ​က ​ထိုင်း​အ​သင်း​၊ ​ဗီ​ယက်​နမ်​အ​သင်း​နဲ့ ​အိမ်​ရှင်​မြန်​မာ​အ​သင်း​ကို ​ကျော်​ဖြတ်​ရ​မ​ယ့် ​အ​ဓိ​က​အ​သင်း​တွေ​အ​ဖြစ် ​တင်​စား​ပြော​ဆို​ကြ​ပါ​တယ်။

ဒီ​နေ့ ​ည ၆ ​နာ​ရီ ၄၅ ​မိ​နစ်​မှာ ​အုပ်​စု​ဘီ​မှာ​ပါ​တဲ့ ​က​မ္ဘော​ဒီး​ယား​အ​သင်း​နဲ့ ​မြန်​မာ​အ​သင်း​တို့ ​ရန်​ကုန်​မြို့ ​သုဝ​ဏ္ဏ​အား​က​စား​ကွင်း​မှာ ​စ​တင်​က​စား​ကြ​မှာ​ဖြစ်​ပါ​တယ်။

အုပ်​စု​ဘီ​မှာ ​မြန်​မာ​အ​သင်း​ဟာ ​ထိုင်း​၊ ​အင်​ဒို​နီး​ရှား​၊ ​က​မ္ဘော​ဒီ​ယား​၊ ​တီ​မော​အ​သင်း​တို့​နဲ့ ​ယှ​ဉ်​ပြိုင်​ရ​မှာ​ဖြစ်​ပါ​တယ်။ ​အုပ်​စု ​အေ​မှာ​တော့ ​ဗီ​ယက်​နမ်၊ ​မ​လေး​ရှား​၊ ​စင်​ကာ​ပူ၊ ​ဘ​ရူ​နိုင်း​၊ ​လာ​အို ​အ​သင်း​တို့ ​ဖြစ်​ပါ​တယ်။

No comments: