ကိုသက် (ဇေယျဝတီ)
ပဲခူးတိုင်း၊ ဖြူးမြို့နယ် သပြေလှရွာတွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရမှုမှာ ၁၀ လနီးပါး ကြာမြင့် ပြီဖြစ်သော်လည်း သတ်သူတရားခံကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အပြင် အသတ်ခံရသူ၏ အမည်ကိုပင် ဖော်ထုတ်နိုင်ခြင်း မရှိသေးဟု ဖြူးမြို့နယ် ဒု-မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်က ပြောဆိုလိုက်သည်။
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် က သပြေလှရွာအနီးရှိ တံတားအောက်ခြေတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရမှုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းရောက်သည်အထိ တရားခံ နှင့် အသတ်ခံရသူတို့ကို ဖော်ထုတ်နိုင် ခြင်းမရှိသည်ကို ရည်ညွှန်းကာ ဦးကျော်ဇင်က ဒီဇင်ဘာ ၄ ရက် ဇေယျဝတီမြို့ ဂနီ်္ဓခန်းမတွင်ပြုလုပ်သည့် တရားဥပဒေပညာပေး ဟောပြောပွဲတွင် ပြောသွား ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ဖြူးမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အမှုအခင်းများတွင် သပြေလှရွာ လူသတ်မှုဖြစ်ရပ် အပြင်၊ အောက်တိုဘာ ၁၂ ရက်က ခင်တန်းကြီး ကျေးရွာအုပ်စု ကျွဲမကူးကျေးရွာတွင် နေထိုင်သူ ဦးဇော်မင်းဆိုသူ ခေါင်းဖြတ်သတ်ခံရသည့် ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့သေးသည်။
တရားဥပဒေပညာပေး ဟောပြောပွဲကို တိုင်းအစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူ ထု ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment