Wednesday, December 11, 2013

မြန်​မာ​နိုင်​ငံ ​လျှပ်​စစ်​မီး​ရ​ရန် ​အေ​ဒီ​ဘီ​က ​ဒေါ်​လာ ​သန်း ၆၀ ​ချေး​ငွေ​ကူ​မည်

မိုး​မြင့်​ဇင်

မြန်​မာ​နိုင်​ငံ​ရဲ့ ​လျှပ်​စစ်​စွမ်း​အား​ဖြန့်​ဖြူး​ရေး​က​ဏ္ဍ​ကို ​ပြန်​လည်​ထူ​ထောင်​ဖို့​အ​တွက် ​အာ​ရှ​ဖွံ့​ဖြိုး​ရေး​ဘဏ် (ADB ​က ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​သန်း ၆၀ ​မြန်​မာ​နိုင်​ငံ​ကို ​ချေး​ငွေ ​အ​ကူ​အ​ညီ​ပေး​မယ်​လို့ ​ထုတ်​ပြန်​လိုက်​ပါ​တယ်။

ဒီ​အ​ကူ​အ​ညီ​ငွေ​တွေ​နဲ့ ​မြန်​မာ​နိုင်​ငံ ​ဒေ​သ ၄ ​ခု​က ​အိမ်​ထောင်​စု​ပေါင်း ၄ ​သိန်း ၈ ​သောင်း​လောက်​ကို ​နေ့​စ​ဉ်​လျှပ်​စစ်​ဓာတ်​အား ​သုံး​စွဲ​မှု​တွေ​မှာ ​ပို​ပြီး ​ကောင်း​ကောင်း ​ရ​ရှိ​အောင် ​အ​ထောက်​အ​ကူ ​ပြု​ပေး​နိုင်​မယ်​လို့ ​အေ​ဒီ​ဘီ ​သ​တင်း​ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြ​ထား​တာ​ပါ။

အေ​ဒီ​ဘီ ​ဘဏ်​ရဲ့ ​ဒု​ဥ​က္က​ဋ္ဌ ​စ​တီ​ဖှန် ​ဂ​ရော့​ဖ်​က “​လျှပ်​စစ်​မီး ​ရ​ရှိ​ဖို့​ဟာ ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​အ​တွက် ​အ​ရေး​ပါ​လွန်း​ပါ​တယ်။ ​လက်​ရှိ ​ရှိ​နေ​ဆဲ ​လျှပ်​စစ်​ဓာတ်​အား ​အ​ခြေ​ခံ​အ​ဆောက်​အ​ဦ​ကို ​ပြင်​ဆင်​ခြင်း​နဲ့ ​ခိုင်​မာ​အား​ကောင်း​စေ​ခြင်း​ဟာ ​စ​နစ်​ပျက်​ယွင်း​မှု​တွေ​ကို ​လျှော့​ချ​ပေး​ပြီး ​လျှပ်​စစ်​ဓာတ်​အား ​အ​ရင်း​အ​မြစ်​တွေ​ကို ​ပို​ပြီး ​ထိ​ထိ​ရောက်​ရောက် ​အ​သုံး​ချ​နိုင်​အောင်​နဲ့ ​လျှပ်​စစ်​ဓာတ်​အား​ကွန်​ရက်​နဲ့ ​လူ​တွေ​ကို ​ပို​ပြီး​မြန်​မြန် ​ချိတ်​ဆက်​နိုင်​ဖို့ ​ကူ​ညီ​ပေး​နိုင်​မှာ​ပါ” ​လို့​ ​အေ​ဒီ​ဘီ ၀က်​ဆိုက်​မှာ ​ပြော​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​ရဲ့ ​သက်​တမ်း​အို​မင်း​နေ​ပြီ​ဖြစ်​တဲ့ ​လျှပ်​စစ်​ဖြန့်​ဖြူး​ရေး​စ​နစ်​မှ ​နည်း​ပ​ညာ​အ​ရ ​ဆုံး​ရှုံး​မှု​တွေ​ရော၊ ​နည်း​ပ​ညာ​နဲ့ ​မ​ဆိုင်​တဲ့​ ​ဓာတ်​အား​ဆုံး​ရှုံး​မှု​တွေ​ဟာ ၂၀၁၂ ​ခု​နှစ်​မှာ ၁၈.၂ ​ရာ​ခိုင်​နှုန်း​အ​ထိ ​မြင့်​တက်​လာ​ခဲ့​ပါ​တယ်။

အဲ​ဒါ​ဟာ ​လျှပ်​စစ်​ဓာတ်​အား ​သုံး​စွဲ​မယ့်​သူ​တွေ​ဆီ ​မ​ရောက်​ခင်​မှာ​ပဲ ​လျှပ်​စစ် ​လည်​ပတ်​စွမ်း​အား​ရဲ့ ၅ ​ပုံ ၁ ​ပုံ​လောက်​နီး​ပါး ​လေ​လွင့်​ဆုံး​ရှုံး​နေ​တဲ့ ​သ​ဘော​ဖြစ်​တာ​ပါ။

အေ​ဒီ​ဘီ​ရဲ့​ချေး​ငွေ​ဟာ ​လက်​ရှိ ​ရှိ​နေ​ဆဲ ၆၆/၁၁ ​ကီ​လို​ဗို့ ​နဲ့ ၃၃/၁၁ ​ကီ​လို​ဗို့ ​ဓာတ်​အား​ပေး ​စက်​ရုံ​ခွဲ​တွေ​ကို ​အ​ဆင့်​မြှင့်​ဖို့​၊ ​ရှိ​ပြီး​သား ၃၃ ​ကီ​လို​ဗို့​နဲ့ ၁၁ ​ကီ​လို​ဗို့ ​ဓာတ်​အား​ပေး​လိုင်း​တွေ​ကို ​အ​စား​ထိုး​ဖို့​၊ ၁၁/၀.၄ ​ကီ​လို​ဗို့ ​ထ​ရန်​စ​ဖှော်​မာ​တွေ​ကို ​အ​စား​ထိုး​ဖို့​နဲ့ ​ဒစ်​ဂျစ်​တယ် ​လျှပ်​စစ်​မီ​တာ ​အ​ခွန်​ဆောင်​မှု​ကို ​အ​ဆင့်​မြှင့်​ဖို့​တွေ ​အ​ပါ​အ၀င် ​လျှပ်​စစ်​ဓာတ်​အား​ကို ​ပို​ပြီး ​ထိ​ထိ​ရောက်​ရောက် ​သယ်​ယူ​ရ​ရှိ​အောင် ​ပြန်​လည်​ထူ​ထောင်​ရေး ​လုပ်​ငန်း​တွေ​ကို ​ငွေ​ကြေး​ပိုင်း ​အ​ထောက်​အ​ကူ ​ပြု​ပါ​လိမ့်​မယ်​လို့​လည်း ​ဆို​ပါ​တယ်။

ဒါ့​အ​ပြင် ​ရှိ​နှင့်​ပြီး​သား ​လျှပ်​စီး​ကာ​မယ့် ​ဓာတ်​အား​နိမ့် ​ဖြန့်​ဖြူး​ရေး​ကြိုး​တွေ ​နေ​ရာ​မှာ ​ပို​ပြီး ​အ​ကျိုး​ရှိ ​ထိ​ရောက်​တဲ့ ​လျှပ်​စီး​ကာ ​ကောင်း​ကင်​ကြိုး​လိုင်း ​ဓာတ်​တိုင်​တွေ​နဲ့ ​အ​စား​ထိုး​ဖို့​လည်း ​ကူ​ညီ​ပေး​မှာ​ပါ။ ​ဒီ​စီ​မံ​ကိန်း​ဟာ ​ဓာတ်​အား​ဖြန့်​ဖြူး​မှု ​ဆုံး​ရှုံး​ခြင်း​ကို ၄ ​ရာ​ခိုင်​နှုန်း​လောက် ​လျှော့​ချ​ပေး​နိုင်​ပါ​လိမ့်​မယ်။

ရန်​ကုန်၊ ​မ​န္တ​လေး​၊ ​စစ်​ကိုင်း​နဲ့ ​မ​ကွေး​ဒေ​သ​တွေ​မှာ ​လျှပ်​စစ်​ဓာတ်​အား ​ပို​မို​ဖြန့်​ဖြူး​ပေး​နိုင်​ရင် ​နည်း​စ​နစ်​ပိုင်း ​ဆုံး​ရှုံး​မှု​တွေ​ကို ​လျှော့​ချ​ပေး​နိုင်​မှာ​ဖြစ်​ပြီး ​နောက်​ပိုင်း​ကျ​ရင်​လည်း ​စက်​ရုံ​ကြီး​တွေ၊ ​အ​သေး​စား​နဲ့ ​အ​လတ်​စား ​စီး​ပွား​ရေး​လုပ်​ငန်း​တွေ​က ​သူ​တို့​လုပ်​ငန်း​တွေ​ကို ​ပို​မို​ချဲ့​ထွင်​နိုင်​မယ့် ​အ​ခွင့်​အ​လမ်း​တွေ ​တိုး​တက်​ရ​ရှိ​စေ​ဖို့ ​ဖြည့်​ဆည်း​ပေး​နိုင်​မယ်​လို့​လည်း ​ရည်​မှန်း​ထား​တာ​ပါ။

ဒါ့​ပြင် ​လျပ်​စစ်​ဓာတ်​အား​ပို​မို​သုံး​စွဲ​နိုင်​လာ​တာ​နဲ့ ​အ​မျှ ​လူ​နေ​မှု​အ​ခြေ​အ​နေ ​မြင့်​တက်​လာ​ပြီး ​စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု​နဲ့ ​ဆင်း​ရဲ​မှု​လျှော့​ချ​ဖို့ ​အ​ထောက်​အ​ကူ ​ပြု​ပေး​မယ့် ​ဆေး​ခန်း​တွေ၊ ​စာ​သင်​ကျောင်း​တွေ​လို ​လူ​မှု​အ​ဆောက်​အ​ဦ​တွေ​မှာ ​ဆောင်​ရွက်​ချက်​တွေ ​တိုး​တက်​လာ​မယ်​လို့​လည်း ​အေ​ဒီ​ဘီ​က ​မျှော်​လင့်​နေ​ပါ​တယ်။

မြန်​မာ​နိုင်​ငံ​မှာ ​တ​နိုင်​ငံ​လုံး ​လျှပ်​စစ်​ဓာတ်​အား ​သုံး​စွဲ​တဲ့​နှုန်း​က​လည်း ​တိုး​တက်​များ​ပြား​လာ​ပြီး ၂၀၀၆ ​ခု​နှစ်​က ၁၆ ​ရာ​ခိုင်​နှုန်း​က​နေ ၂၀၁၂ ​ခု​နှစ်​မှာ ၂၈ ​ရာ​ခိုင်​နှုန်း​ထိ ​များ​ပြား​လာ​တာ​ပါ။

ရန်​ကုန်​မြို့​တော်​ဟာ ​လျှပ်​စစ်​ဓာတ်​အား ​သုံး​စွဲ​မှု ၇၂ % ​နဲ့ ​အ​များ​ဆုံး​ဖြစ်​ပြီး ​နေ​ပြည်​တော်​က ၆၅ ​ရာ​ခိုင်​နှုန်း​၊ ​မ​န္တ​လေး​က​တော့ ၃၅ ​ရာ​ခိုင်​နှုန်း ​ဓာတ်​အား​သုံး​စွဲ​မှု ​ရှိ​နေ​ပါ​တယ်။ ​ကျေး​လက်​မှာ​တေ့ ​အိမ်​ထောင်​စု ၅ ​စု​မှာ ​တစ်​အိမ်​လောက်​က​ပဲ ​လျှပ်​စစ်​သုံး​စွဲ​ရ​တာ ​ဖြစ်​ပါ​တယ်။

ဒါ့​ပြင် ​တိုင်း​ရင်း​သား​ဒေ​သ​တွေ ​အ​ပါ​အ၀င် ​မြန်​မာ​နိုင်​ငံ​တ၀ှမ်း ​ကျေး​လက်​ဒေ​သ​တွေ ​အ​တော်​များ​များ​မှာ​လည်း​ ​လျှပ်​စစ်​မီး ​မ​ရ​သေး​ဘဲ​ရှိ​နေ​သေး​ပြီး ​နိုင်​ငံ​တ​ကာ ​အ​ကူ​အ​ညီ​တွေ ​ပို​မို​လို​အပ်​နေ​တာ​လည်း​ဖြစ်​ပါ​တယ်။

No comments: