Tuesday, December 3, 2013

မြန်မာစစ်တပ်မှာ ကလေးစစ်သား ကျန်ရှိနေသေးလို့ဆို

ABC

မြန်မာစစ်တပ်အတွင်း ​အရွယ်မရောက်သေးတဲ့ ​ကလေးစစ်သားဦးရေတွေ ​ကျဆင်းသွားတယ်လို့ ​ကုလသမဂ္ဂနဲ့ ​ဒေသတွင်းလူ့အခွင့်အရေး ​လှုပ်ရှားရေးအဖွဲ့တွေ ​ပြောဆိုနေချိန်မှာပဲ ​မြန်မာစစ်တပ်အတွင်းမှာ ​ကလေးငယ်တွေ ​အများအပြား ​ကျန်ရှိနေသေးပြီး ​အဲဒီထဲက ​တချို့ကလေးငယ်တွေဟာ ​လွန်ခဲ့တဲ့ ​လအနည်းငယ်ကမှ ​စစ်တပ်ထဲ ​သွပ်သွင်းခံရသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ဆင်းရဲတဲ့ ​ဒေသက ​ကလေးငယ်တွေကို ​ပွဲစားတွေက ​မက်လုံးပေးပြီး ​စစ်တပ်ထဲ ​ဝင်ခိုင်းတာဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီထဲက ​မင်းသူဆိုတဲ့ ​လူငယ်လေးဟာ ​အသက် ​၁၂ ​နှစ်အရွယ်ကတည်းက ​ဆင်းရဲတဲ့ ​သူ့ရဲ့ ​နေရပ်ကို ​စွန့်ပြီး ​ပုံမှန်လစာရမယ့် ​အလုပ်ကို ​လုပ်ဖို့၊ ​အစားအသောက်ကောင်းတွေ ​စားရမယ့်အလုပ်ကို ​လုပ်ဖို့ ​မြူဆွယ်ပြီး ​စစ်တပ်ထဲ ​သွင်းခဲ့တဲ့အတွက် ​လေးနှစ်ကြာအောင် ​စစ်တပ်ထဲမှာ ​နေခဲ့ရပါတယ်။ ​သူ့ရဲ့ ​ဖခင်ဖြစ်သူက ​စစ်ဆေးရုံကနေ ​ခိုးထုတ်တဲ့အတွက် ​ခုအခါ ​မိဘတွေနဲ့ ​ပြန်နေရပြီလို့ ​သိရပါတယ်။

အဲဒီပွဲစားတွေအနေနဲ့ ​ကလေးငယ်တစ်ယောက်ကို ​စစ်တပ်ထဲ ​ထည့်သွင်းနိုင်ရင် ​မြန်မာကျပ်ငွေ ​သုံးသောင်းလောက်နဲ့ ​ညီမျှတွေငွေနဲ့ ​ဆန်တစ်အိတ်ရရှိတဲ့အတွက် ​ဆင်းရဲသား ​ကလေးငယ်တွေကို ​မြူဆွယ်ကြတာ ​ဖြစ်ပါတယ်။

မြန်မာအစိုးရက ​ဒီနှစ်ဒီဇင်ဘာလ ​တစ်ရက်နေ့မတိုင်ခင် ​ကလေးစစ်သားတွေ ​အားလုံးကို ​ဆိုင်ရာလက်ထဲ ​ပြန်အပ်မယ်လို့ ​ကုလသမဂ္ဂနဲ့ ​သဘောတူညီမှု ​ရယူခဲ့ပေမယ့် ​ကလေးစစ်သား ​တချို့သာ ​လွှတ်မြောက်လာခဲ့ပါတယ်။

ကလေးစစ်သားတွေရဲ့ ​မိဘတွေ၊ ​ဆွေမျိုးတွေကနေ ​လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ​နိုင်ငံတကာအဖွဲ့အစည်းတွေကို ​အသိပေး ​အကူအညီတောင်းခံမှသာ ​ကလေးငယ်တွေ ​စစ်တပ်ထဲက ​ထွက်ခွင့်ရသလို ​ဖြစ်နေတယ်လို့ ​အပြည်ပြည်ဆိုင်ရာ ​အလုပ်သမားအဖွဲ့အစည်းက ​ပြောကြောင်း ​အေပီသတင်းအရ ​သိရပါတယ်။

No comments: