ABC
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့အတွက် ထောင်နဲ့ချီတဲ့ အရှေ့တောင်အာရှက အားကစားသမားတွေ မြန်မာနိုင်ငံကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။
ဒီနေ့ညမှာ ပြုလုပ်မယ့် ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့နဲ့ အားကစား ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့အတွက် မနေ့က ရောက်ရှိလာကြတဲ့ အားကစားသမားတွေကို မြန်မာနိုင်ငံက တာဝန်ရှိသူတွေကြိုဆိုခဲ့ ကြပါတယ်။
ဆီးဂိမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်က ပရိသတ် ပေါင်း သုံးသောင်း (၃၀၀၀၀) လောက်ဆန့်တဲ့ အားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး နှစ်ပေါင်း လေးဆယ်ကျော်အတွင်း ပထမအကြိမ်ပြန်လည် ကျင်းပခွင့်ရတာဖြစ်ပါတယ်။
အခုလောလောဆယ် ဆုတံဆိပ် ရရှိတဲ့စာရင်းထဲမှာ မြန်မာက ထိပ်ဆုံးနေရာမှာ ရှိနေပေမယ့် တင်းနစ်နဲ့ ကျွမ်းဘားအားကစားတွေကို ထည့်သွင်းကစားခွင့်မပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံနေရပါတယ်။
တဆက်တည်းမှာပဲ မြန်မာအမျိုးသမီး ဘောလုံးအသင်းကို နည်းပြလုပ်ပေးနေတဲ့ ဂျပန်နိုင်ငံကအားကစားသမားဟောင်းရဲ့ အဆိုအရ မြန်မာအမျိုးသမီး အားကစားသမားတွေဟာ လေ့ကျင့်မှုတွေမှာ ပြောတဲ့အတိုင်း တသွေမတိမ်း လိုက်နာပြီး ကြိုးစား အားထုတ်မှုရှိကြပေမယ့် ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရအတွက် ကိုယ်ပိုင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ အားနည်းနေသေးတယ်လို့ ဆိုပါတယ်။
ခန့်မှန်းခြေအနေနဲ့ ပြိုင်ပွဲဝင်မယ့် အားကစားသမား အယောက် ၆၀၀၀ လောက်ရှိမှာဖြစ်ပြီးတော့ ပြိုင်ပွဲကို သတင်းသွားရောက် ရယူမယ့် မီဒီယာသမား အယောက်ပေါင်း ၃၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဆီးဂိမ်းအားကစား ပြိုင်ပွဲဟာ ၂ နှစ်တကြိမ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။

No comments:
Post a Comment