Wednesday, December 4, 2013

မိ​ကျောင်း​ကန်​ပြည်​သူ​များ ​သ​ရ​ဏ​ဂုံ​တင် ​ဆ​န္ဒ​ပြ

ေ​ရွှ​အောင်

ရန်​ကုန်​တိုင်း ​သ​င်္ကန်း​ကျွန်း ​မြို့​နယ် ​မိ​ကျောင်း​ကန်​က ​မြေ​သိမ်း​ခံ​မိ​သား​စုဝင် ၄၀၀ ​လောက်​ဟာ ​ဒီ​ဇင်​ဘာ​လ ၂ ​ရက်​က​စ​လို့​ ​သူ​တို့​ကိုယ်​သူ​တို့ ​သ​ရ​ဏ​ဂုံ​တင်​ပြီး ​အ​သေ​ခံ ​ဆ​န္ဒ​ပြ ​နေ​ကြ​ပါ​တယ်။

မိ​ကျောင်း​ကန်​အ​ပိုင်း ၁၊ ၂၊ ၃ ​နေ ​လယ်​သိမ်း​ခံ​ပြည်​သူ​တွေ​ဟာ ​သူ​တို့​မြေ​တွေ​ပြန်​ပေး​ဖို့ ​နိုဝင်​ဘာ ၂၆ ​ရက်​က​စ​ပြီး ​သ​ပိတ်​စ​ခန်း​ဖွင့်​တောင်း​ဆို​ခဲ့​ရာ​မှာ ​တ​ပတ်​ပြည့်​တဲ့​အ​ချိန်​ထိ ​သက်​ဆိုင်​ရာ​က ​ဖြေ​ရှင်း​ပေး​ခြင်း ​မ​ရှိ​တာ​ကြောင့် ​အ​ခု​လို ​သ​ရ​ဏ​ဂုံ​တင် ​အ​သေ​ခံ​ဆ​န္ဒ​ပြ​ခဲ့​ကြ​တာ​လို့ ​သ​ပိတ်​ကော်​မ​တီဝင်​တ​ဦး​ဖြစ်​တဲ့ ​ကို​ဇော်​ထွန်း​က ​ပြော​ပါ​တယ်။

“၂၆ ​ရက်​နေ့​က ​သ​ပိတ်​စ​ခန်း​ကို ​စ​ဖွင့်​တယ်။ ​မ​နေ့​က ၇ ​ရက်​မြောက်​တယ်။ ​ကျ​နော်​တို့ ​ကိုယ်​ကျ​နော်​တို့ ​အ​သေ​ခံ​ပြီး ​သ​ရ​ဏ​ဂုံ ၃ ​ပါး ​မ​နေ့​က ​စောင့်​တည်​တယ်။ ​ဒီ​မြေ​မ​ရ​မ​ချင်း ​အ​သေ​ခံ ​မယ်​ဆို​တဲ့​စိတ် ​မွေး​ပြီး ​ပြည်​သူ​လူ​ထု ၄၀၀ ​နဲ့ ၇ ​ရက်​မြောက်​တဲ့​နေ့​မှာ ​သ​ရ​ဏ​ဂုံ ၃ ​ပါး​ကို ​စောင့်​တည်​တာ​ပါ။ေ​ရွှဝါ​ရောင် ​ဆ​ရာ​တော် ၁၁ ​ပါး​ရယ်။ ​သင်​ကန်း​ကျွန်း​မြို့​နယ်​က ​ဆ​ရာ​တော်​များ​နဲ့​ဆို​ရင် ​ဆ​ရာ​တော် ၂၁ ​ပါး ​ပါ​ခင်​ဗျ။”

အ​သိမ်း​ခံ​ရ​တဲ့​မြေ​တွေ​ပြန်​ပေး​ဖို့​၊ ​မြေ​တွေ​ပြန်​ပေး​ဖို့​တောင်း​ဆို​ရင်း ​အ​ဖမ်း​ခံ​ထား​ရ​တဲ့​သူ​တွေ ​ပြန်​လွှတ်​ပေး​ဖို့ ​စ​တဲ့ ​အ​ချက်​တွေ​အ​ပါ​အ၀င် ​တောင်း​ဆို​ချက် ၇ ​ချက် ​တောင်း​ဆို​ထား​တယ်။ ​အဲ့​ဒီ ​တောင်း​ဆို​ချက်​တွေ ​မ​ရ​မ​ချင်း ​သ​ပိတ်​စ​ခန်း​ဖွင့် ​ဆ​န္ဒ​ပြ​သွား​မယ်​လို့​လည်း ​ပြော​ပါ​တယ်။

ဒီ​ဇင်​ဘာ​လ ၂ ​ရက်​မှာ ​ရန်​ကုန်​တိုင်း​နယ်​စပ်​ရေး​ရာ​နဲ့ ​လုံ​ခြုံ​ရေး​၀န်​ကြီး ​ဗိုလ်​မှူး​ကြီး​တင်ဝင်း ​လာ​ရောက်​ပြီး ​သ​ပိတ်​စ​ခန်း​ကော်​မ​တီဝင်​တွေ​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပေ​မယ့် ​မြေ​ပြန်​ပေး​ဖို့ ​မ​ပြော​ဘဲ ​သ​ပိတ်​စ​ခန်း ​ပိတ်​သိမ်း​ဖို့​ပဲ ​လာ​ပြော​တာ​လို့ ​ဆို​ပါ​တယ်။

မိ​ကျောင်း​ကန်​ပြည်​သူ​တွေ​ဟာ ​အ​ရင်​က​လည်း ​အ​သိမ်း​ခံ​လယ်​မြေ​တွေ​ပြန်​ပေး​ဖို့ ၇ ​ကြိမ်​ဆ​န္ဒ​ပြ​ခဲ့​ပြီး ၂ ​ကြိမ်​တိုင် ​သ​ပိတ်​ခန်း​ဖွင့် ​တောင်း​ဆို​ခဲ့​ကြ​ဖူး​ပါ​တယ်။

ပြီး​ခဲ့​တဲ့​လ​ထဲ ​ရန်​ကုန်​မြို့​တာ်​ခန်း​မ​အ​နီး ​သ​ပိတ်​စ​ခန်း​ဖွင့် ​တောင်း​ဆို​ဆ​န္ဒ​ပြ​ခဲ့​ကြ​ရာ​မှာ ​ရန်​ကုန်​တိုင်း​၊ ​လယ်​မြေ ​စုံ​စမ်း​စစ်​ဆေး​ရေး​ကော်​မ​ရှင်​အ​ဖွဲ့​၀င် ​ဦး​အောင်​သိန်း​လင်း​နဲ့ ​ဦး​ခိုင်​မောင်​ရည်​တို့ ၀င်​ရောက်​စေ့​စပ်​ညှိ​နှိုင်း​ပေး​ခဲ့​ကြ​ပါ​တယ်။

အ​သိမ်း​ခံ​ထား​ရ​တဲ့ ​လယ်​မြေ​တွေ ​ပြန်​ရ​ဖို့ ​လွှတ်​တော်​ထဲ​က ​ဖြေ​ရှင်း​ပေး​မယ်​ဆို​တာ​ကြောင့် ​သ​ပိတ်​စ​ခန်း​ပိတ်​သိမ်း​ခဲ့​ကြ​ပေ​မယ့် ​အ​ခု​အ​ချိန်​ထိ ​လယ်​မြေ​တွေ ​ပြန်​မ​ရ​သေး​တာ​ကြောင့် ​အ​ခု​ထပ်​ပြီး ​သ​ပိတ်​စ​ခန်း​ဖွင့် ​တောင်း​ဆို​နေ​ကြ​တာ​ပါ။

ဒီ​ကိ​စ္စ​နဲ့ ​ပတ်​သက်​ပြီး ​တောင်​ဥ​က္က​လာ​ပ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဦး​အောင်​သိန်း​လင်း​ကို ​မေး​ကြည့်​တော့ ​လွှတ်​တော်​ပိုင်း​က ​လုပ်​စ​ရာ ​လုပ်​ပေး​ခဲ့​ပြီး​ပြီ၊ ​အ​စိုး​ရ​က ​ဖြေ​ရှင်း​ပေး​ဖို့​ပဲ ​ကျန်​တယ်​လို့ ​ပြော​ပါ​တယ်။

“​လွှတ်​တော်​ပိုင်း​မှာ ​လုပ်​စ​ရာ​ရှိ​တာ ​လုပ်​ပေး​ခဲ့​တယ်​ဆို​တာ​က ​လွှတ်​တော်​ထဲ​မှာ ​မေး​ခွန်း​မေး​တယ်။ ​ကျ​နော်​တို့ ​အ​စီ​ရင်​ခံ​စာ​ထဲ​မှာ ​မေး​ခွန်း​မေး​တယ်။ ​လွှတ်​တော်​ကိုယ်​စား​လှယ် ​အ​နေ​နဲ့ ​ကျ​နော်​တို့ ​လုပ်​နိုင်​တာ​က ​အဲ​ဒီ​ဘောင်​ထဲ​က​ပဲ ​လုပ်​လို့​ရ​တယ်။ ​အ​စိုး​ရ​လည်း ​သိ​နေ​တာ​ပဲ။ ​အ​ခု​ဖွဲ့​ထား​တဲ့ ​မြေ​ယာ ​စီ​မံ​ခန့်​ခွဲ​မှု ​ကော်​မ​တီ​အ​နေ​နဲ့ ​သူ​တို့ ​ရှင်း​မယ်​လို့​ထင်​တယ်။ ​အဲ​ဒီ​တော့ ​အ​စိုး​ရ​က ​ဖြေ​ရှင်း​ဖို့​ပဲ ​ကျန်​တော့​တယ်။ ​အ​စိုး​ရ​မ​သိ​တာ​လည်း ​မ​ဟုတ်​ဘူး​။ ​သူ​တို့​လည်း ​သိ​တာ​ပဲ။”

မိ​ကျောင်း​ကန်​သ​ပိတ်​စ​ခန်း​မှာ ​သ​ရ​ဏ​ဂုံ​တင် ​ဆ​န္ဒ​ပြ​တောင်း​ဆို​နေ​တဲ့ ​ဒေါ်​ခင်​လေး​နိုင် ​က​တာ့ ​နေ​စ​ရာ ​အိမ် ​မ​ရှိ​လို့​ ​မြေ​ပြ​ရ​ရေး ​အ​သေ​ခံ ​တောင်း​ဆို​သွား​မယ်​လို့ ​ပြော​ပါ​တယ်။

“​သ​ရ​ဏ​ဂုံ​လည်း ​တင်​ရ​တယ်။ ​အ​ဘွား​တို့ ​မ​နေ့​က ​သ​ရ​ဏ​ဂုံ ​တင်​ပြီး​ပြီ။ ​ဒီ​မှာ​လည်း ​သေ​ရ​ရင် ​သေ​ရ​ပါ​စေ​တော့​။ ​ဒီ​မှာ​သေ​ရင် ​ကောင်း​ကောင်း​မွန်​မွန်​တော့ ​အ​ဘွား​တို့​ကို ​သ​င်္ဂြိုလ်​ပေး ​မှာ​ပဲ။ ​အ​ဘွား​တို့​မှာ ​အိမ်​မ​ရှိ​ဘူး​။ ​ညီ​အစ်​ကို ​မောင်​နှ​မ ​ဆွေ​မျိုး​တွေ​က​လည်း ​တ​သက်​လုံး ​ဘယ်​ထား​နိုင်​မ​လဲ ​သား​ရယ်။ ​အ​ဘွား​အ​သက် ၇၆ ​နှစ်​ရှိ​ပါ​ပြီ။”


ဆ​န္ဒ​ပြ​သ​မား​တွေ​ဟာ​ဒီ​နေ​ရာ​မှာ ​တော်​လှန်​ရေး​ကောင်​စီ​လက်​ထက်​က​တည်း​က ​နေ​ထိုင်​လာ​ခဲ့​ကြ​တာ​လို့​လည်း ​ပြော​ပါ​တယ်။ ​မိ​ကျောင်း​ကန်​အ​ပိုင်း ၁၊ ၂၊ ၃ ​က ​မြေ​တွေ​ကို ​တပ်​မ​တော် ​အ​စိုး​ရ​လက်​ထက် ၁၉၉၁ ​ခု​နှစ်​က​တည်း​က ​သိမ်း​ဆည်း​ခဲ့​တာ​ဖြစ်​ပါ​တယ်။

No comments: