ရဲလင်းထွဋ်
မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ပြည်ပတက္ကသိုလ်အမည်ခံ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်များ ကို ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခွင့်ပေးထားခြင်းမရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောသည်။
“မြန်မာနိုင်ငံအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ပြည်ပတက္ကသိုလ်၊ ကောလိပ်တွေက ကုမ္ပဏီအနေနဲ့ ရပ်တည်နေကြတာပါ။ ဒါပေမဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ စဉ်းစားနေတာကတော့ ဒါတွေကလည်း ဒီ တိုင်းသူပြည်သားတွေကို အရည်အသွေးကို မြှင့်တင်ပေးနေတဲ့ ကျောင်းတွေ၊ ဥပဒေအရကြည့်ရင် မဆီ လျော်ပေမယ့်လည်း ကိုယ့်ပညာရေးဝန်ကြီးဌာနက ကိုယ့်တိုင်းသူပြည်သားတွေရဲ့ ပညာရေး အရည် အသွေးကို မြှင့်ပေးရမယ်။”ဟု ပြောသည်။
ထိုသို့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နှင့် သက်ဆိုင်သော ဥပဒေများ မထွက်ရှိသေးသော်လည်း ပြီးခဲ့ သော ၂၀၁၁ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်း၌ ပြည်ပတက္ကသိုလ်၊ ကောလိပ်များနှင့် ချိတ်ဆက်ဖွင့် လှစ်သည့် ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နှင့် ပြည်ပမှ တိုက်ရိုက် လာရောက်ဖွင့်လှစ်သည့် သင်တန်း ကျောင်းအချို့ စတင်ပေါ်ပေါက်ခဲ့ပြီး ယခုအချိန်တွင် ၁၀ ကျောင်းခန့် ရှိနေပြီဖြစ်သည်။
လက်ရှိတွင် အမျိုးသားပညာရေးဥပဒေ (National Education Law)ကို ရေးဆွဲနေပြီး လာမည့် လွှတ် တော်တွင် တင်သွင်းသွားနိုင်မည်ရန် မျှော်မှန်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
“အဲ့ဒီဥပဒေထွက်ပြီးရင်တော့ ဥပဒေထဲမှာ ပါဝင်လာအောင် စဉ်းစားဆောင်ရွက်နေပါတယ်။ ဒီကျောင်း တွေကို ဥပဒေအတိုင်း ရပ်တည်နိုင်မယ့်၊ ခွင့်ပြုပေးနိုင်မယ့် ဥပဒေလည်း ထွက်လာလိမ့်မယ်လို့ ကျွန် တော်ကတော့ မျှော်လင့်တယ်” ပညာရေးဒု-၀န်ကြီးက ပြောသည်။
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေတစ်ရပ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းပေးခဲ့ပြီး ကိုယ်ပိုင် ပုဂ္ဂလိကကျောင်း ၁၆၀ ကျော် ဖွင့်လှစ်ခွင့်ပေးထားသည်။
No comments:
Post a Comment