ABC
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ အဓိက အခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ပြင်ဆင်ဖို့အတွက် အလှူရှင်တွေမလိုအပ်ဘူးလို့ ရန်ကန်တက္ကသိုလ်က ပါမောက္ခချုပ်တဦး ကပြောပါတယ်။
မကြာသေးခင်ကပဲ ရန်ကုန်တက္ကသိုလ်က စာသင်ခန်းတွေနဲ့ ကျောင်းသားအဆောင်တွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာ အလှူရှင်တွေလိုအပ်နေတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနက ဌာနမှူး ဒေါက်တာ ဦးလှဆွေက ပြောဆိုခဲ့တာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးတင်ထွန်းက တက္ကသိုလ်ပြင်ဆင်ဖို့အတွက် အလှူရှင်တွေမလိုအပ်တဲ့အကြောင်း၊ အစိုးရဆီကနေတောင်းလို့ရတဲ့အကြောင်း ပြန်လည်တုန့်ပြန်ထားပါတယ်။
ရန်ကုန်တက္ကသိုလ် ပြင်ဆင်မှုအတွက် ကုန်ကျစရိတ်တွေကို နိုင်ငံတော်အစိုးရဆီမှာ လိုသလောက် တောင်းလို့ ရတဲ့ကြောင်း ကုန်ကျမယ့် ငွေပမာဏကို တွက်ချက်ပြီးတင်ပြရင်လည်း တင်ပြသလောက် ငွေကို အကုန်ချပေးတဲ့အကြောင်း နဲ့ ဘယ်အလှူရှင်မှ မလိုအပ်ကြောင်း ပါမောက္ခချုပ်ဒေါက်တာ ဦးတင်ထွန်းက ပြောပါတယ်။
နှစ်ပေါင်းအတော်ကြာပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ (၂) ရက်နေ့မှ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး နယ်ပေါင်းစုံက ပထမနှစ်ကျောင်းသားတွေကို ပြန်လည်တက်ရောက် ပညာသင်ကြား ခွင့်ပြုတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ အောက်မြန်မာပြည်က ပထမနှစ်ထူးချွန် ကျောင်းသားအယောက် တစ်ထောင် အတွက် စာသင်ခန်းတွေပြင်ဆင်မှုလုပ်နေသလို နယ်က ကျောင်းသား ကျောင်းသူ တွေကို အဆောင်နေခွင့်ပေးနိုင်ဖို့အတွက် အဆောင်တွေ ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်း မြစ်မခ သတင်းအရသိရပါတယ်။

No comments:
Post a Comment