Friday, December 6, 2013

သီ​လ၀ါ ​ရှယ်​ယာ​များ ​စ​တင်​ရောင်း​ချ​မည်

သိုက်​ဇင်

ရန်​ကုန်​အေ​ရှ့​ပိုင်း​ခ​ရိုင် ​သံ​လျင်​မြို့​နယ်​မှာ ​တည်​ဆောက်​နေ​တဲ့ ​သီ​လ၀ါ ​အ​ထူး​စီး​ပွား​ရေး​ဇုန် ​စီ​မံ​ကိန်း​မှာ ​အ​များ​ပြည်​သူ​တွေ​လည်း ​ပါဝင်​ရင်း​နှီး​မြှုပ်​နှံ​နိုင်​ဖို့​အ​တွက် ​အ​ခု​လ ​အ​တွင်း ​ရှယ်​ယာ​တွေ ​စ​တင်​ရောင်း​ချ​ပေး​သွား​မယ်​လို့ ​သီ​လ၀ါ​အ​ထူး​စီး​ပွား​ရေး​ဇုန် ​စီ​မံ​ခန့်​ခွဲ​ရေး​ကော်​မ​တီ​က ​ပြော​ပါ​တယ်။

မြန်​မာ-​ဂျ​ပန် ​နှစ်​နိုင်​ငံ ​ပူး​ပေါင်း ​အ​ကောင်​အ​ထည်​ဖော်​နေ​တဲ့ ​သီ​လ၀ါ ​အ​ထူး ​စီး​ပွား​ရေး​ဇုန်​ရဲ့ ​ပ​ထ​မ​အ​ဆင့် ​စီ​မံ​ကိန်း​တွေ​ကို ​အ​ခု ​စ​တင်​ဆောင်​ရွက်​နေ​ပြီ​ဖြစ်​ပြီး ​ဒီ​စီ​မံ​ကိန်း​မှာ ​မြန်​မာ​ဘက်​က ​ပိုင်​ဆိုင်​တဲ့ ​ရှယ်​ယာ ၅၁ ​ရာ​ခိုင်​နှုန်း​ထဲ​က ၄၁ ​ရာ​ခိုင်​နှုန်း​ကို ​အ​များ​ပြည်​သူ​တွေ ​ထံ ​ရောင်း​ချ​သွား​မှာ ​ဖြစ်​ပါ​တယ်။

ဒီ​စီ​မံ​ကိန်း​အ​တွက် ​ဖွဲ့​စည်း​ထား​တဲ့​ ​မြန်​မာ-​ဂျ​ပန် ​ဖက်​စပ်​ကု​မ္ပ​ဏီ​ဟာ ​ရှယ်​ယာ ၄၁ ​ရာ​ခိုင်​နှုန်း ​ပိုင်​ဆိုင်​ပြီး ​အ​များ​ပိုင်​ကု​မ္ပ​ဏီ​ဖြစ်​တဲ့ ​မြန်​မာ​သီ​လ၀ါ​အ​ထူး​စီး​ပွား​ရေး​ဇုန် ​ဟိုး​လ်​ဒင်း ​ကု​မ္ပ​ဏီ​လီ​မိ​တက်​က ​ရှယ်​ယာ​တွေ​ကို ​အ​ခု​လ​အ​တွင်း ​ရောင်း​ချ​ပေး​သွား​ဖို့ ​ရှိ​ကြောင်း ​သီ​လ၀ါ ​အ​ထူး​စီး​ပွား​ရေး​ဇုန် ​စီ​မံ​ခန့်​ခွဲ​ရေး​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​တွင်း​ရေး​မှူး ​ဒေါ်​သန်း​သန်း​သွယ်​က ​ဒီ​ဗွီ​ဘီ​ကို ​ပြော​ပါ​တယ်။

“​သူ​တို့ ​ရောင်း​မှာ​ပဲ။ ​ရှယ်​ယာ​တ​စု​က ​သိပ်​ဈေး​မ​များ​လောက်​ဘူး​။ ​အ​များ​ပြည်​သူ ​အား​လုံး​ပါဝင်​နိုင်​အောင်​ပေါ့​နော်။ ​ဥ​ပ​မာ – ​ပြည်​သူ​တွေ ​အား​လုံး​ကြား​မှာ ​သူ​လည်း ​ရှယ်​ယာ ​ပါ​တယ်၊ ​သူ​လည်း​ပါ​တယ်၊ ​အဲ​ဒါ​မျိုး ​အား​လုံး​ဖြစ်​ရ​မယ်​ပေါ့​နော်။ ​အဲ​ဒါ​ကို ​မ​ကြာ​ခင်​မှာ ​ကြေ​ညာ​တော့​မယ်​လို့ ​ထင်​ပါ​တယ်။”


ဒီ ​စီ​မံ​ကိန်း​ဇုန်​ရဲ့ ​အ​တွင်း​ပိုင်း ​အ​ခြေ​ခံ​အ​ဆောက်​အ​အုံ​တွေ ​တည်​ဆောက်​တဲ့​အ​ပိုင်း​ကို ​မြန်​မာ​နဲ့ ​ဂျ​ပန်​အ​စိုး​ရ ​ပါဝင်​တဲ့ ​ဖက်​စပ်​ကု​မ္ပ​ဏီ​က​နေ ​တာဝန်​ယူ​ဆောင်​ရွက်​သွား​မှာ ​ဖြစ်​ပေ​မယ့် ​ဇုန်​ရဲ့ ​အ​ပြင်​ပိုင်း​ဆိုင်​ရာ ​အ​ခြေ​ခံ ​အ​ဆောက်​အ​အုံ​တွေ​ကို​တော့​ ​ဂျ​ပန်​အ​စိုး​ရ​ရဲ့ ​အို​ဒီ​အေ​ချေး​ငွေ​နဲ့ ​ဆောက်​လုပ်​သွား​မှာ ​ဖြစ်​ပါ​တယ်။

ရင်း​နှီး​မြှုပ်​နှံ​လို​တဲ့ ​ပြည်​ပ​က ​စက်​မှု​လုပ်​ငန်း​ရှင်​တွေ​အ​နေ​နဲ့ ​အ​ခု​ချိန်​က​တည်း​က ​လာ​ရောက်​ကမ်း​လှမ်း​မှု​တွေ ​ရှိ​နေ​တဲ့​အ​ပြင် ​ဈေး​ကွက်​ရှာ​ဖွေ​ရေး​လုပ်​ငန်း​တွေ​ကို​လည်း ​ဆောင်​ရွက်​သွား​ဖို့ ​ရှိ​တယ်​လို့ ​ဒေါ်​သန်း​သန်း​သွယ်​က ​ပြော​ပါ​တယ်။

“​အ​ဓိ​က ​က​တော့ ​ကျ​မ​တို့ ​စ​ပြီး​ကမ်း​လှမ်း​ထား​တာ ​ဂျ​ပန်​ဘက်​က​လည်း ​ရှိ​ပါ​တယ်။ ​စူ​ဇ​ကီး ​ကု​မ္ပ​ဏီ ​တို့ ​ဘာ​တို့​လေ။ ​တ​ခြား ​နိုင်​ငံ​တော်​တော်​များ​များ​လည်း ​လာ​မေး​ထား​တယ်။ ​ဒါ​ပေ​မယ့် ​ကျ​မ​တို့​က ​အ​ကောင်​အ​ထည် ​မ​ဖော်​ရ​သေး​တော့​။ ​အဲ​ဒီ ​မြေ​ငှား​ဖို့​ရာ ​မ​ဖြစ်​နိုင်​သေး​ဘူး​လေ။ ​ကျ​မ​တို့ ​လမ်း​တွေ​ဘာ​တွေ​ဖော်​ပြီး ​မီး​တွေ​ဘာ​တွေ ​သွယ်​ပြီး​သွား​ရင်​တော့ ​မြေ​ငှား​ဖို့​အ​တွက်​ကို ​ဈေး​ကွက်​အ​ကောင်​အ​ထည်​ဖော်​ဖို့ ​စ​လုပ်​မှာ​ပါ။ ”

လက်​ရှိ​မှာ​ဆို​ရင် ​ဇုန်​ရဲ့​အ​တွင်း​ပိုင်း​ဆိုင်​ရာ ​အ​ခြေ​ခံ​အ​ဆောက်​အ​အုံ​တွေ​ကို ​တည်​ဆောက်​ဖို့​ ​ပ​ထ​မ​အ​ဆင့် ​စီ​မံ​ကိန်း​ဖြစ်​တဲ့​ ​မြေ​ဟက်​တာ ၄၀၀ ​အ​ကျယ်​အ၀န်း​မှာ ​နေ​ထိုင် ​နေ​ကြ​တဲ့ ​အိမ်​ထောင်​စု​ဦး​ရေ ၆၈ ​ဦး​ကို​လည်း ​ပြန်​လည်​နေ​ရာ​ချ​ပေး​ပြီး ​ဖြစ်​လို့ ​ပြောင်းေ​ရွှ့​နေ​ထိုင်​ကြ​ပြီ ​ဖြစ်​ကာ ​စီ​မံ​ကိန်း​အ​တွက် ​မြေ​ညှိ​တဲ့​လုပ်​ငန်း​ကို ​စ​တင် ​ဆောင်​ရွက်​နေ​ပြီ​လို့ ​ဆို​ပါ​တယ်။

သီ​လ၀ါ ​အ​ထူး​စီး​ပွား​ရေး​ဇုန်​ရဲ့ ​ပ​ထ​မ​အ​ဆင့်​စီ​မံ​ကိန်း​ကို ​မြန်​မာ-​ဂျ​ပန်​ဖက်​စပ်​ကု​မ္ပ​ဏီ ​အ​နေ​နဲ့ ​နိုင်​ငံ​တ​ကာ​အ​ဆင့်​မီ ​တည်​ဆောက်​သွား​မှာ ​ဖြစ်​ပြီး ​လာ​မယ့် ၂၀၁၅ ​ခု​နှစ်​မှာ ​စီး​ပွား​ဖြစ် ​စ​တင်​လည်​ပတ်​နိုင်​မယ်​လို့ ​မျှော်​မှန်း​ထား​တဲ့​အ​ပြင် ​မြန်​မာ​နိုင်​ငံ​မှာ ​ပ​ထ​မ​ဦး​ဆုံး ​စ​တင် ​လည်​ပတ်​မယ့် ​နိုင်​ငံ​တ​ကာ​အ​ဆင့်​မီ ​အ​ထူး​စီး​ပွား​ရေး​ဇုန်​တ​ခု​လည်း ​ဖြစ်​ပါ​တယ်။

ဒီ​စီ​မံ​ကိန်း​ရဲ့ ​ပ​ထ​မ​အ​ဆင့်​စီ​မံ​ကိန်း​ကို ​အ​ကောင်​အ​ထည်​ဖော်​ဖို့​အ​တွက် ​မြန်​မာ-​ဂျ​ပန် ​သီ​လ၀ါ ​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကု​မ္ပ​ဏီ​အ​မည်​ဖြင့် ​မြန်​မာ-​ဂျ​ပန် ​ဖက်​စပ်​ကု​မ္ပ​ဏီ​ကို ​တည်​ထောင်​ဖို့​အ​တွက် ​ဖက်​စပ်​သ​ဘော​တူ​စာ​ချုပ်​ကို ​ပြီး​ခဲ့​တဲ့​အောက်​တို​ဘာ ၂၉ ​ရက်​နေ့​က ​ဂျ​ပန်​နိုင်​ငံ ​တို​ကျို​မြို့​မှာ ​မြန်​မာ​နဲ့​ဂျ​ပန် ​သ​ဘော​တူ ​လက်​မှတ်​ရေး​ထိုး​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဒီ ​မြန်​မာ-​ဂျ​ပန် ​ဖက်​စပ်​ကု​မ္ပ​ဏီ​မှာ ​ရှယ်​ယာ​ပိုင်​ဆိုင်​မှု​အ​နေ​နဲ့ ​မြန်​မာ​အ​စိုး​ရ​ပိုင်း​က ၁၀ ​ရာ​ခိုင်​နှုန်း​၊ ​မြန်​မာ​သီ​လ၀ါ​အ​ထူး​စီး​ပွား​ရေး​ဇုန် ​ဟိုး​လ်​ဒင်း ​အ​များ​ပိုင်​ကု​မ္ပ​ဏီ​က ၄၁ ​ရာ​ခိုင်​နှုန်း​နဲ့ ​ဂျ​ပန်​ဘက်​က MMS Thilawa Development Co,ltd ​နဲ့​ ​ဂျ​ပန်​အ​စိုး​ရ ​အ​ဖွဲ့​အ​စည်း​ဖြစ်​တဲ့ ​ဂျ​ပန်​အ​ပြည်​ပြည်​ဆိုင်​ရာ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​အေ​ဂျင်​စီ (​ဂျိုက်​ကာ ​က ၄၉ ​ရာ​ခိုင်​နှုန်း​နဲ့ ​အ​သီး​သီး ​ပိုင်​ဆိုင်​မှု ​ရှိ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

No comments: