Friday, December 6, 2013

Pee Mak မင်းသမီး၊ ထိုင်းမင်းသားတို့နှင့် ရိုက်ကူးမည့် ဇာတ်ကားအတွက် လူမင်းနှင့် စိုင်းစိုင်းခမ်းလှိုင် ဇန်န၀ါရီလအတွင်း ထိုင်းသို့သွားမည်

ပန်းမြတ်ဇော်

Pee Mak မင်းသမီး ဒါဝိကာနှင့် ထိုင်းမင်းသား မောစ်ဖာထိဖာန်ဖတ၀ိ ခရာမ်တို့ ပါဝင်ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကားအတွက် လူမင်းနှင့် စိုင်းစိုင်းခမ်းလှိုင်တို့သည် ဇန်န၀ါရီလ ဒုတိယအပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်ဟု ADMA မီဒီယာမှ ဒါရိုက်တာ ဦးဝေမင်းမောင်ကပြောသည်။ အဆိုပါ အဖွဲ့ ကို ဦးဝေမင်းမောင်က ဦးဆောင်မည်ဖြစ်ကာ ရိုက်ကူးမှုနှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုများပြု လုပ်ကြ မည်ဖြစ်သည်။

“ဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဇာတ်ညွှန်းမှာဘယ်နေရာမှာ ဘယ်ဇာတ်ဝင်ခန်းရိုက်မယ် ။ အဲဒါတွေကို သေချာမလုပ်ရသေးတော့ ကျွန်တော်တို့ဘက်ကမပြီးသေးတာနဲ့ သေချာမဆွေးနွေးခဲ့ရဘူး ။ ဒါကြောင့် ကျွန်တော်တို့က ထိုင်းကိုသွားပြီး ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံဆွေး နွေးကြမှာပါ” ဟု ဦးဝေမင်းမောင်ကဆိုသည်။

ယင်းဇာတ်ကားသည် ADMA ဦးဝေမင်းမောင်၏ ဇာတ်လမ်းဖြစ်ပြီး မင်းထင်ကိုကိုကြီးက ဇာတ်ညွှန်းရေး သားထားခြင်းဖြစ်သည်။ အဆိုပါရုပ်ရှင်ကို ADMA မှထုတ်လုပ်မည်ဖြစ်ပြီး လူမင်းက ဒါရိုက်တာအဖြစ်တာ ၀န်ယူရိုက်ကူးမည်ဖြစ်သည်။

ဇာတ်လမ်းတွင် ထိုင်းသရုပ်ဆောင်များသည် မြန်မာနိုင်ငံအတွင်းရှိ ဘိုးဘွားအုတ်ဂူများကို လာရောက်ဂါရ ၀ပြုသူ မောင်နှမအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး စိုင်းစိုင်းခမ်းလှိုင်က ဧည့်လမ်းညွှန်အဖြစ် ပါဝင်မည်ဖြစ် ကာ အင်္ဂလိပ်ဘာသာစကားကို အဓိကထားအသုံးပြုသွားမည်ဖြစ်သည်။

ယင်းဇာတ်ကားနှင့်ပတ်သက်ပြီး ထိုင်းမင်းသမီး ဒါဝိကာက “မြန်မာသရုပ်ဆောင်တွေနဲ့ ဇာတ်ကားရိုက်ကူး ဖို့ လုပ်မယ်။ ဒီလိုကမ်းလှမ်းခြင်းခံရတဲ့အတွက်လည်း ၀မ်းသာတယ်။ ရိုက်ကူးဖို့အတွက် ဆုံးဖြတ်ပြီးပြီလား ဆိုတာကတော့ secret ပါ” ဟု ပြောကြားခဲ့သည်။

ယင်းဇာတ်ကားကို ၂၀၁၄ ခုနှစ်အ တွင်း အပြီးရိုက်ကူးမည်ဖြစ်ပြီး အာရှ နိုင်ငံများသို့ လှည့်လည်ပြသမည် ဖြစ်သည်။

ထိုင်းမင်းသား၊ အဆိုတော်မောစ်နှင့် မင်းသမီးဒါဝိကာတို့သည် ၎င်းဇာတ်ကားနှင့်ပတ်သက်ပြီး လာရောက် ဆွေးနွေးမှုနှင့်အတူ ဆီးဂိမ်းအကြိုလှုံ့ဆော်ပွဲတွင် မြန်မာအနုပညာရှင်များနှင့် နိုဝင်ဘာ ၃ ရက်ကလုပ် ဆောင်သည်။ ၎င်းတို့သည် နိုဝင်ဘာ ၄ ရက်တွင် ရွှေတိဂုံဘုရားနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ အလည် အပတ်သွားရောက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

No comments: