Sunday, December 8, 2013

ရိုး​ရာ​ခြင်း​လုံး​တွင် ​မြန်​မာ​အ​မျိုး​သား​/​အ​မျိုး​သ​မီးေ​ရွှ ၂ ​ခု ​ထပ်​မံ​ဆွတ်​ခူး

DVB

၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ​အား​က​စား​ပြိုင်​ပွဲ ​ရိုး​ရာ​ခြင်း​လုံး ​အ​ခြေ​ခံ​အ​ဆင့် ​မျိုး​ကွဲ​ပြိုင်​ပွဲ​ကို ​ဒီ​နေ့ ၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​မှာ ​ဆက်​လက်​ယှ​ဉ်​ပြိုင်​က​စား​ခဲ့​ပြီး ​မြန်​မာ​အ​မျိုး​သား​/​အ​မျိုး​သ​မီး ​နှစ်​သင်း​လုံးေ​ရွှ​တံ​ဆိပ် ​ထပ်​မံ​ရ​ရှိ​ခဲ့​ပါ​တယ်။

အ​မျိုး​သား​ခြင်း​လုံး ​အ​ခြေ​ခံ​မျိုး​ကွဲ​ပြိုင်​ပွဲ​မှာ ​မြန်​မာ​အ​မျိုး​သား​ခြင်း​လုံး​အ​သင်း​က ​စု​စု​ပေါင်း ၃၅၉ ​မှတ်​နဲ့ ​ပ​ထ​မ​ရ​ရှိ​ခဲ့​ပြီး ​က​မ္ဘော​ဒီး​ယား​အ​မျိုး​သား​ခြင်း​လုံး​အ​သင်း​က ​စု​စု​ပေါင်း ၂၉၁ ​မှတ်​နဲ့ ​ဒု​တိ​ယ​ရ​ရှိ​သွား​ပါ​တယ်။

အ​မျိုး​သ​မီး​ခြင်း​လုံး ​အ​ခြေ​ခံ​မျိုး​ကွဲ​ပြိုင်​ပွဲ​မှာ ​မြန်​မာ​အ​မျိုး​သ​မီး​အ​သင်း​က ​စု​စု​ပေါင်း ၂၈၉ ​မှတ်​နဲ့ ​ပ​ထ​မ​ရ​ရှိ​ခဲ့​ပြီး ​လာ​အို​အ​သင်း​က ​စု​စု​ပေါင်း ၂၀၄ ​မှတ်​နဲ့ ​ဒု​တိ​ယ​ရ​ရှိ​သွား​ပါ​တယ်။

အ​ခြေ​ခံ​အ​ဆင့် ​မျိုး​ကွဲ​ပြိုင်​ပွဲ​ဟာ ​အ​ခြေ​ခံ​ထိ​ချက် ၆ ​ချက်​ဖြစ်​တဲ့ ​ခြေ​ဖျား​၊ ​ခြေ​ခွင်၊ ​ဒူး​၊ ​ဘေး​ဖ၀ါး​၊ ​ဘေး​ဖ​နောင့်​၊ ​ဘေး​ဖ​မျက်​ထိ​ချက် (၆ ​ချက်​ကို ​က​စား​သ​မား ၆ ​ဦး ​တ​ဦး​ချင်း​စီ ​ထိ​ချက်​တ​မျိုး​စီ​မ​တူ​အောင် ​ခတ်​က​စား​တဲ့ ​နည်း​ဖြစ်​ပါ​တယ်။

ရိုး​ရာ​ခြင်း​လုံး ​ပြိုင်​ပွဲ​ကို ​အ​ဆင့် ၄ ​ဆင့် ​ခွဲ​ခြား​ထား​ပြီး (၁ ​အ​ခြေ​ခံ​အ​ဆင့် ​မျိုး​ကွဲ​ပြိုင်​ပွဲ၊ (၂ ​အ​ခြေ​ခံ​အ​ဆင့် ​မျိုး​တူး​ပြိုင်​ပွဲ၊ (၃ ​အ​ခြေ​ခံ​အ​ဆင့် ​အ​တွဲ​ပြိုင်​ပွဲ၊ (၄ ​ဒု​တိ​ယ​အ​ဆင့်​မျိုး​ကွဲ​ပြိုင်​တို့ ​ဖြစ်​ပါ​တယ်။

ရိုး​ရာ​ခြင်း​လုံး ​က​စား​နည်း ၄ ​မျိုး​အ​နက် ​တ​မျိုး​မှာ ​က​စား​သ​မား ၈ ​ဦး ​ပါဝင်​ပါ​တယ်။ ​ပြိုင်​ပွဲ​စ​တင်​ချိန်​မှာ ​က​စား​သ​မား ၆ ​ဦး ​ပါဝင်​ရ​မှာ​ဖြစ်​ပြီး ​ကျန်​က​စား​သ​မား ၂ ​ဦး​က ​အ​ရန်​က​စား​သ​မား​အ​ဖြစ် ​ထည့်​သွင်း ​အ​သုံး​ပြု​ခွင့် ​ရ​ရှိ​မှာ​ဖြစ်​ပါ​တယ်။

မြန်​မာ​အ​မျိုး​သား​/​အ​မျိုး​သ​မီး​အ​သင်း ​နှစ်​သင်း​လုံး ​အ​ခြေ​ခံ​အ​ဆင့် ​မျိုး​တူ​ပြိုင်​ပွဲ​မှာေ​ရွှ​တံ​ဆိပ်​ရ​ယူ​ခဲ့​ပြီး ​ဖြစ်​ပါ​တယ်။

လက်​ရှိ​အ​ချိန်​မှာ ​မြန်​မာ​က ​ရိုး​ရာ​ခြင်း​လုံး​မှာေ​ရွှ ၄ ​ခု​နဲ့ ၀ူ​ရှူး​မှာ ၂ ​ခု ​စု​စု​ပေါင်းေ​ရွှ​တံ​ဆိပ် ၆ ​ခု ​ရ​ရှိ​ထား​ပါ​တယ်။

ရိုး​ရာ​ခြင်း​လုံး (​ခေါ် ၀ိုင်း​ခြင်း ​က​စား​နည်း​ကို ​မြန်​မာ​နိုင်​ငံ​မှာ ​လွန်​ခဲ့​တဲ့ ​နှစ်​ပေါင်း ၁၅၀၀ ​လောက်​က​တည်း​က ​တွင်​တွင်​ကျယ်​ကျယ် ​က​စား​ခဲ့​ကြ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

No comments: