Tuesday, December 3, 2013

ထား​၀ယ်​စီး​ပွား​ရေး​ဇုန် ​အ​ကောင်​အ​ထည်​ဖော်​ရန် ​တင်​ဒါ​ခေါ်​မည်

သိုက်​ဇင်

အီ​တာ​လျံ​ထိုင်း​ကု​မ္ပ​ဏီ ​ထွက်​သွား​ပြီး​နောက် ​ထား​၀ယ်​အ​ထူး​စီ​ပွား​ရေး​ဇုန်​ကို ​ဆက်​လက် ​အ​ကောင်​အ​ထည်​ဖော်​ဖို့​ ​ပြည်​ပ​က ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ​ကို ​တင်​ဒါ ​ခေါ်​ယူေ​ရွး​ချယ်​သွား​မယ်​လို့​ ​ထား​၀ယ်​အ​ထူး​စီး​ပွား​ရေး​ဇုန် ​ဆပ်​ကော်​မ​တီ​ရဲ့ ​ဥ​က္က​ဋ္ဌ​က ​မီ​ဒီ​ယာ​တွေ​ကို ​ထုတ်​ဖော် ​ပြော​ကြား​လိုက်​ပါ​တယ်။

ထား​၀ယ်​အ​ထူး​စီး​ပွား​ရေး​ဇုန် ​စီ​မံ​ကိန်း​နဲ့ ​စပ်​လျ​ဉ်း​ပြီး ​အ​စိုး​ရ​အ​နေ​နဲ့ ​လက်​ရှိ​လုပ်​ဆောင် ​နေ​တဲ့ ​အ​ခြေ​အ​နေ​တွေ​ကို ​သ​တင်း​ထုတ်​ပြန်​တဲ့​အ​နေ​နဲ့ ​ရန်​ကုန်​မြို့​မှာ ​မ​နေ့​က ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ ​ပြု​လုပ်​ပြီး ​ပြော​ကြား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

တ​န​င်္သာ​ရီ​တိုင်း ​ထား​၀ယ်​မှာ ​ထိုင်း​-​မြန်​မာ ၂ ​နိုင်​ငံ ​ပူး​ပေါင်း ​အ​ကောင်​အ​ထည်​ဖော်​နေ​တဲ့​ ​ထား​၀ယ် ​အ​ထူး​စီး​ပွား​ရေး​ဇုန် ​စီ​မံ​ကိန်း​ဟာ ​မြန်​မာ​နိုင်​ငံ​အ​တွက် ​အ​ကြီး​ဆုံး ​စီ​မံ​ကိန်း​ကြီး​တ​ခု ​ဖြစ်​တာ​ကြောင့် ​ငွေ​ကြေး​ဆိုင်​ရာ ​ရင်း​နှီး​မြှုပ်​နှံ​မှု ​များ​စွာ ​လို​အပ်​နေ​တဲ့ ​စီ​မံ​ကိန်း​ကြီး​လည်း ​ဖြစ်​ပါ​တယ်။

ဒါ​ကြောင့် ​ဒီ​စီ​မံ​ကိန်း​ကြီး ​အ​ကောင်​အ​ထည်​ဖော်​ဖို့ ​ပြည်​ပ​က ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ​ကို ​တင်​ဒါ ​ခေါ်​ပြီး ​လုပ်​ဆောင်​သွား​မယ်​လို့ ​ထား​၀ယ်​စီး​ပွား​ရေး​ဇုန်​အ​တွက် ​ဥ​ပ​ဒေ​နဲ့ ​လုပ်​ထုံး​လုပ်​နည်း​များ ​ညှိ​နှိုင်း​ရေး​ဆွဲ​ရေး​ဆိုင်​ရာ ​ဆပ်​ကော်​မ​တီ​ရဲ့ ​ဥ​က္က​ဋ္ဌ ​ဦး​ဆက်​အောင်​က ​မီ​ဒီ​ယာ​တွေ​နဲ့ ​တွေ့​ဆုံ​ပွဲ​မှာ ​ပြော​ပါ​တယ်။

“​စီ​မံ​ကိန်း​က ​အ​ရမ်း​ကြီး​တဲ့​အ​တွက် ​ဘယ်​နိုင်​ငံ​မှာ​ပဲ ​ဖြစ်​ဖြစ် ​ကု​မ္ပ​ဏီ​တ​ခု​တည်း ​လုပ်​လို့ ​မ​ရ​ဘူး​။ development ​လုပ်​တဲ့​အ​ခါ​မှာ ​ကု​မ္ပ​ဏီ​တ​ခု​တည်း​နဲ့ ​မ​ဟုတ်​ဘဲ ​ကု​မ္ပ​ဏီ ​အား​လုံး​ပေါင်း​ပြီး​သော်​လည်း​ကောင်း​၊ ​ဒါ​မှ​မ​ဟုတ် ​ကု​မ္ပ​ဏီ​တွေ ​အား​လုံး​ခွဲ​ပြီး​သော်​လည်း​ကောင်း​၊ ​စီ​မံ​ကိန်း development ​ကို ​လုပ်​ရ​တာ ​ဖြစ်​ပါ​တယ်။ ​အီ​တာ​လျံ ​ထိုင်း​ကု​မ္ပ​ဏီ Financial Capacity ​မ​ရှိ​ဘူး​ဆို​ပြီး​ပြော​တာ ​အီ​တာ​လျံ​ထိုင်း​ကု​မ္ပ​ဏီ​တ​ခု​မှ ​မ​ဟုတ်​ပါ​ဘူး​။ ​ဘယ်​ကု​မ္ပ​ဏီ​မှ ​ဘယ်​လောက်​ကြီး​မား​တဲ့ ​စီ​မံ​ကိန်း ​အား​လုံး​ကို ​လုပ်​ဖို့​အ​တွက် ​ဘယ်​ကု​မ္ပ​ဏီ​မှ ​ဒီ​လောက်​ကြီး​မား​တဲ့ Financial Capacity ​မ​ရှိ​ပါ​ဘူး​။ ​ဒါ​ကြောင့် ​ကျ​နော်​တို့​က ​အီ​တာ​လျံ ​ထိုင်း​ကု​မ္ပ​ဏီ​အ​ပြင် ​တ​ခြား​နိုင်​ငံ​တ​ကာ ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ​ကို​လည်း ​ခေါ်​ရ​မှာ ​ဖြစ်​ပါ​တယ်။”


ဒ့ါ​ပြင် ​ဒီ​စီ​မံ​ကိန်း​က​နေ ​အီ​တာ​လျံ ​ထိုင်း​ကု​မ္ပ​ဏီ​က ​ရပ်​နား​ခဲ့​ရ​တဲ့ ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​လို့​လည်း ​ဦး​ဆက်​အောင်​က ​အ​ခု​လို ​ရှင်း​လင်း​ပြော​ကြား​ခဲ့​ပါ​တယ်။

“​အီ​တာ​လျံ​ထိုင်း​ကု​မ္ပ​ဏီ ​အ​ဓိ​က​ရပ်​ရ​တဲ့ ​အ​ကြောင်း​ရင်း​က ​နံ​ပါတ် ၁ ​တ​ခြား ​နိုင်​ငံ​တ​ကာ ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ​ကို ​ကျ​နော်​တို့ ​ဖိတ်​ခေါ်​ချင်​ပါ​တယ်။ ​တ​ခြား ​နိုင်​ငံ​တ​ကာ ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ​ကို ​ဖိတ်​ခေါ်​ဖို့​အ​တွက် Due Diligence assessment ​က ​အ​ရေး​ကြီး​ပါ​တယ်။ Due Diligence assessment ​ကို ​လုပ်​ဖို့​အ​တွက် ​အီ​တာ​လျံ​ထိုင်း​ကု​မ္ပ​ဏီ ​လုပ်​ငန်း​တွေ ​ရပ်​ကို​ရပ်​ရ​မှာ ​ဖြစ်​ပါ​တယ်။ ​လုပ်​ငန်း​တွေ ​ရပ်​ဖို့​အ​တွက်​က​လည်း ​ထိုင်း​အ​စိုး​ရ​ကော၊ ​မြန်​မာ​အ​စိုး​ရ​ကော ​အ​ကုန်​လုံး ​သေ​သေ​ချာ​ချာ ​အီ​တာ​လျံ ​ထိုင်း​ကု​မ္ပ​ဏီ​နဲ့ ​တိုင်​ပင်​ဆွေး​နွေး​ပြီး Due Diligence ​လုပ်​ဖို့​အ​တွက် ​အား​လုံး ​ဆုံး​ဖြတ်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။ ”

အီ​တာ​လျံ​ထိုင်း​ကု​မ္ပ​ဏီ​နဲ့ ​စီ​မံ​ကိန်း​အ​ကြား ​လုပ်​ငန်း​ပိုင်း​ဆိုင်​ရာ ​ရှင်း​ရှင်း​လင်း​လင်း ​သိ​ရှိ​ပြီး​ ​ပြည်​ပ​ရင်း​နှီး​မြှုပ်​နှံ​သူ​တွေ ၀င်​ရောက်​လာ​နိုင်​ဖို့ ​အီ​တာ​လျံ​ထိုင်း​ကု​မ္ပ​ဏီ​က ​အ​ကောင်​အ​ထည် ​ဖော် ​ဆောင်​ရွက်​ခဲ့​တဲ့​ ​ရင်း​နှီး​မြှုပ်​နှံ​မှု​တွေ​ကို ​နိုင်​ငံ​တ​ကာ​စာ​ရင်း​စစ်​အ​ဖွဲ့​က ၀င်​ရောက်​စစ်​ဆေး​ပြီး ​ထုတ်​ပြန်​ပေး​သွား​မယ်​လို့ ​ဆို​ပါ​တယ်။

ထား​၀ယ် ​အ​ထူး​စီး​ပွား​ရေး​ဇုန်​ရဲ့ ​ပ​ထ​မ​အ​ဆင့်​စီ​မံ​ကိန်း​အ​တွက် ​တင်​ဒါ ​ဖိတ်​ခေါ်​လွှာ ​တွေ​ကို ​ယ​ခု​နှစ် ​ဒီ​ဇင်​ဘာ ၂၀ ​ရက်​နေ့​မှာ ​ထုတ်​ပြန်​ပေး​သွား​ဖို့ ​ရှိ​ပြီး ​အ​ဆို​ပြု​ချက်​တွေ​ကို​တော့​ ၂၀၁၄ ​ခု​နှစ် ​ဖေ​ဖော်ဝါ​ရီ ၂၈ ​ရက်​နေ့​အ​ထိ ​တင်​သွင်း​နိုင်​မှာ ​ဖြစ်​တယ်​လို့​ ​ထား​၀ယ်​အ​ထူး ​စီး​ပွား​ရေး​ဇုန် ​တည်​ဆောက်​ရေး ​အ​ထူး​လုပ်​ငန်း​အ​ဖွဲ့​ရဲ့ ​ဥ​က္က​ဋ္ဌ ​ဦး​၀င်း​မြင့်​က ​ပြော​ပါ​တယ်။

“​ဖေ​ဖော်ဝါ​ရီ ၂၈ ​ရက်​နေ့​အ​ထိ proposal ​အ​ဆို​ပြု​ချက်​တွေ ​ရောက်​လာ​မှာ​ပါ။ ​ဘယ်​သူ​က ​ဘယ်​လောက်​အ​ထိ ​လုပ်​နိုင်​မယ်​ဆို​တာ proposal ​ရ​မယ်​ဆို​ရင် ​ကျ​နော်​တို့​အ​ဖွဲ့​က​နေ​ပြီး ​မတ်​လ ၃၁ ​ရက်​နေ့​အ​ပြီးေ​ရွး​မယ်။ေ​ရွး​ပြီး​ရင် ​အဲ​ဒီ​အ​ဖွဲ့​က ၂၀၁၄ ​မေ ၁၅ ​ရက်​နေ့​က​စ​ပြီး ​လုပ်​ငန်း ၇ ​ခု​ကို ​အ​ပြီး ​လုပ်​သွား​ရ​မှာ​ဖြစ်​တယ်။ ”

တင်​ဒါေ​ရွး​ချယ်​မယ့် ​အ​ခြေ​အ​နေ​နဲ့ ​လုပ်​ငန်း​စ​တင်​ရ​မယ့် ​အ​ချိန်​ကာ​လ ​သက်​မှတ်​ချက်​တွေ​ကို ​ဦး​၀င်း​မြင့်​က ​ရှင်း​လင်း​ပြော​ကြား​သွား​တာ ​ဖြစ်​ပါ​တယ်။

ထား​၀ယ်​အ​ထူး​စီး​ပွား​ရေး​ဇုန်​ရဲ့ ​ပ​ထ​မ​အ​ဆင့်​စီ​မံ​ကိန်း​မှာ ​ထား​၀ယ် ​အ​ထူး​စီး​ပွား​ရေး​ဇုန်​က​နေ ​ထိုင်း​မြန်​မာ​နယ်​စပ် ​ဖူ​နာ​ရွန်​အ​ထိ ၂ ​လမ်း​သွား ​မော်​တော်​ကား​လမ်း​၊ ​တန်​ချိန် ၁ ​သောင်း ၃ ​ထောင်​က​နေ ၂ ​သောင်း​ရှိ​တဲ့ ​ရေ​ယာ​ဉ်​တွေ ​ဆိုက်​ကပ်​နိုင်​မယ့် ​ဆိပ်​ကမ်း​ငယ်၊ ​လုပ်​သား​အင်​အား ​သုံး​ရ​တဲ့​ ​အ​သေး​စား​နဲ့ ​အ​လတ်​စား ​စက်​မှု​ဇုန်၊ ​ဒီ​စက်​မှု​လုပ်​ငန်း​တွေ ​လည်​ပတ်​နိုင်​ဖို့​အ​တွက် ​လျှပ်​စစ်​ဓာတ်​အား​ပေး​စက်​ရုံ၊ ​လူ​နေ ​အ​ဆောက် ​အ​ဦ​တွေ​နဲ့ ​မြို့​ပြ​စီ​မံ​ကိန်း​၊ ​ရေ​ပေး​ဝေ​ရေး ​စီ​မံ​ကိန်း​နဲ့ ​ဆက်​သွယ်​ရေး​လုပ်​ငန်း​စ​တာ​တွေ ​ပါဝင်​မှာ ​ဖြစ်​ပါ​တယ်။

No comments: