ထင်လင်းအောင်
ထားဝယ် အထူးစီးပွားရေးဇုန်တွင် အီတာလျံ-ထိုင်း (ITD) အနေဖြင့် လက်ရှိလုပ်ငန်းများအား ဆက် လက်လုပ်ကိုင်ခွင့်ရသော်လည်း အခြားလုပ်ငန်းများကိုမူ အသစ်ဝင်ရောက်မည့် ရင်းနှီးမြှုပ်နှံသူများနည်း တူ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရမည်ဟု ဇုန်တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဖြစ်သူ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တည်ထောင်ရန်မှာ ငွေကြေးပမာဏများပြားခြင်းကြောင့် အီတာလျံ-ထိုင်း ကုမ္ပဏီအပြင် အခြားသော ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများဝင်ရောက်နိုင်ရန် တင်ဒါရွေးချယ်ဆောင်ရွက် ခြင်းဖြစ်သည်ဟု ပြောသည်။
သို့ရာတွင် developer ကုမ္ပဏီအဖြစ် မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရ၏ ကုမ္ပဏီများဖြစ်သော Special Purpose Vehicle (SPV 1) နှင့် (SPV 2) အမည်ရှိ ပင်မကုမ္ပဏီများကသာ လုပ်ကိုင်သွားမည်ဟုပြော သည်။
အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီက လက်ရှိတွင်လုပ်ငန်းများရပ်ဆိုင်းထားခြင်းမှာ စီမံကိန်းမှ အပြီးတိုင် နုတ်ထွက်ခြင်းမဟုတ်ဘဲ အခြားသောရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်နိုင်ရေးအတွက် လက်ရှိလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံထားမှု ငွေကြေးများအား တွက်ချက်နိုင်ရန် ခတ္တရပ်နားထားခြင်းသာ ဖြစ်ကြောင်း ဆက်လက်ပြောသည်။
အဆိုပါ အထူးစီးပွားရေးဇုန်သည် ကနဦးစီမံကိန်းနှင့် ဆက်လက်အကောင်အထည်ဖော်မည့် စီမံကိန်းအဖြစ် နှစ်ပိုင်းခွဲခြားထားပြီး ၂၀၁၅ ခုနှစ်ကုန်ပိုင်းပြီးစီးရန် လျာထားသောကနဦးအဆင့် အခြေခံ အဆောက်အအုံဆောက်လုပ်ခြင်း စီမံကိန်းများ၌ပင် ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထားသည်။
သို့ဖြစ်ရာ အခြားရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများအားဝင်ရောက်နိုင်ရန်မှာ အီတာလျံ-ထိုင်းကုမ္ပဏီ(ITD)၏ လုပ်ကိုင်ခဲ့သော စီမံကိန်းလုပ်ငန်းများကို Due Diligence Assessment ဟုခေါ်သော စာရင်းစီစစ်ခြင်း ဖြင့် ထုတ်ပြန်ပေးရမည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းလုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေးကဏ္ဍဆပ်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးဆက်အောင်က ပြောကြားသည်။
ဦးဆက်အောင်က “တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ်ကုမ္ပဏီကမှ ဒီစီမံကိန်းကြီးတစ်ခုလုံးကိုတစ်ဦးတည်း ပြည်နယ်နှင့်တိုင်းလေးခုတွင် ကွန်ပျူတာပညာရှင် အသင်းအသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်Developer လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခြားရင်းနှီးမြှုပ်နှံသူတွေ ဖိတ်ခေါ်ရမယ်။ ဒါကြောင့် လက် ရှိလုပ်ငန်းတွေကို Due Diligence Assessment လုပ်ပြီး အီတာလျံထိုင်းက ဘယ်လောက်ရင်းနှီးထား တယ်ဆိုတာ ဖော်ပြရမှာဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံဖို့ တင်ဒါတင်လာတဲ့ ကုမ္ပဏီတွေကို ရွေး ချယ်ပြီး ဆက်လက်လုပ်ကိုင်ခွင့်ပေးသွားမှာပါ”ဟု ပြောသည်။
ကနဦးစီမံကိန်းများတွင် နှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး စက်မှုဇုန်၊ ကနဦးလျှပ်စစ်ဓာတ် အားပေးစက်ရုံ၊ ကနဦး လူနေအဆောက်အအုံများနှင့် မြို့ပြစီမံကိန်း၊ ကနဦး ရေပေးဝေရေး စီမံကိန်းနှင့် ဆက်သွယ်ရေးလိုင်းများ ပါဝင်သည်။
ယင်းတို့အနက် ကနဦး လူနေအဆောက်အအုံများနှင့် မြို့ပြစီမံကိန်း၊ ကနဦးရေပေးဝေရေး စီမံကိန်းနှင့် ထိုင်းနယ်စပ် နှစ်လမ်းသွားကားလမ်းများမှာ အီတာလျံထိုင်းအနေဖြင့် လုပ်ကိုင်ဆဲ လုပ်ငန်းများဖြစ်ခြင်း ကြောင့် ဆက်လက်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို အခြားရင်းနှီးမြှုပ်နှံသူများ နှင့် တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ Due Diligence Assessment စာရင်းစိစစ်ရန် ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများဖြင့် လုပ်ကိုင်မည် ဖြစ်ပြီး တင်ဒါခေါ်ယူခြင်းအား ၂၀၁၄ ခုနှစ်၊ မေလတွင် ဆောင်ရွက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟံစိန်က ပြောကြား သည်။
No comments:
Post a Comment