Friday, December 6, 2013

နိုင်ငံခြား သတင်းဌာန (၁၂) ခု မြန်မာနိုင်ငံတွင် ရုံးများ ဖွင့်လှစ် သတင်းယူ

နိရဉ္စရာ

ဗြိတိန် နိုင်ငံ အခြေစိုက် BBC (British Broadcasting Corporation) သတင်းဌာန ရုံးခွဲတစ်ခုကို မြန်မာ နိုင်ငံတွင် ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး သတင်းရယူနေသော နိုင်ငံခြား သတင်းဌာနမှာ ၁၂ ခု ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်း သတင်းဌာနများမှာ Nikkei Shimboun သတင်းဌာန (ဂျပန်နိုင်ငံ)၊ Reuters သတင်းဌာန (ဗြိတိန်နိုင်ငံ)၊ VOA (Voice of America) သတင်းဌာန ၊ Xinghwa, Kumming Daily, AP, NHK, Kyodo News, CAN, CCTV ၊ AFP နှင့် ဘီဘီစီ သတင်းဌာနတို့ ဖြစ်ကြောင်း မြန်မာ အစိုးရ၏ ပြန်ကြားရေး ၀က်ဆိုဒ်တွင် ဖေါ်ပြသည်။

၎င်းသတင်းများအားလုံး၏ ရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြား သတင်းဌာန (၂၂) ခုမှ မြန်မာ ၀န်ထမ်းများကို ခန့်ထားပြီး သတင်းရယူနေကြောင်း၊ ထိုအထဲတွင် သတင်းဌာန (၁၂) ခုက ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လိုသည်ဟု လျှောက်ထားသဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

ဘီဘီစီ၏ သတင်းဌာနခွဲ တစ်ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း BBC Global News ၏ ဒါရိုက်တာ Peter Horrocks က ဒီဇင်ဘာလ ၂ ရက်နေ့ တရားဝင် ထုတ်ဖေါ် ကြေညာသည်။

ယခုကဲ့သို့ ရုံးခွဲဖွင့်ခွင့်ပေးခြင်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် အားတက်ဖွယ်ရာ ဖြစ်ကြောင်း၊ ဘီဘီစီ အနေဖြင့် သတင်းများကို ဘတ်မလိုက်ဘဲ လွတ်လပ်မျှတစွာ ဆက်လက် ပေးပို့ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း မစ္စတာ ဟောရော့်ခ်စ်က ၎င်းနေ့တွင် ပြောကြားသွားခဲ့သည်။

No comments: