Friday, December 6, 2013

EU နိုင်ငံများ လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အများအပြားတိုးချဲ့လာနိုင်ဖွယ်ရှိ

ဇော်ထိုက်၊ ထင်လင်းအောင်

EU (ဥရောပသမဂ္ဂ) နိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ဖွယ် ရှိသည်ဟု ဥရောပသမဂ္ဂကုန်သွယ်ရေးမဟာမင်းကြီး Karel De Gucht က မဇ္ဈိမသို့ပြောသည်။

အင်ဒိုနီးရှားနိုင်ငံဘာလီမြို့ရှိ BNDCC အဆောက်အအုံတွင် ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပနေ သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၏ 9th Ministerial Conference အတွင်း ဒီဇင်ဘာ ၅ ရက်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင်EU အဖွဲ့ဝင် ၂၇ နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများအား မဇ္ဈိမ၏မေးမြန်းခြင်း အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းက “လတ်တလောမှာ EU နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နိုင်ဖို့အတွက် သဘောတူညီချက်တွေအတွက် ညှိနှိုင်းမှုတွေ လာရောက်ပြုလုပ်ဖို့ အလေးအနက်စဉ်းစားဆောင်ရွက် နေကြပါတယ်။ အခုချိန်မှာ Trade Council ဆီကနေ ခွင့်ပြုချက်ရဖို့လိုတဲ့အတွက် အဲဒါကိုစောင့်နေပါ တယ်။ လာမည့် ၂၀၁၄ နှစ်ဆန်းမှာ မြန်မာနိုင်ငံမှာEU နိုင်ငံတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေစနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ရှေ့နှစ်မှာတော့ EU နိုင်ငံအတော်များများ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထိထိရောက်ရောက်ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံချောမွေ့မှုတွေရရှိအောင် ဆွေးနွေးညှိနှိုင်းရပါမယ်” ဟု ပြော ကြားခဲ့သည်။

ထပ်မံ၍ EU အနေဖြင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံအပါ် ချမှတ်ထားသော စီးပွား ရေး ပိတ်ဆို့မှုများအား တစ်နှစ်ဆိုင်းငံ့အနေအထားဖြင့် ရုပ်သိမ်းပေးခဲ့ပြီး ယခုနှစ် ၂၀၁၃ ခုနှစ် နှစ်လယ် တွင် ထပ်မံကာ ဆိုင်းငံ့သက်တမ်းအား တစ်နှစ်သက်တမ်းတိုးမြှင့်ပေးထားသဖြင့် ကုန်သွယ်မှုများပြုနိုင် ပြီဖြစ်သော်လည်း အချို့သောEU နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ်GSP (အခွန်လျှော့ပေါ့မှု) မပေး သေးခြင်း နှင့် စပ်လျဉ်းမေးမြန်းရာတွင် ယင်းသည်တစ်နိုင်ငံချင်းစီ၏ ကုန်သွယ်ရေးမူဝါဒနှင့် သက်ဆိုင် သည်ဟု Karel De Gucht က ဖြေကြားခဲ့သည်။

ဥရောပအဖွဲ့ဝင် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ်ဝင်ရောက်လာရေးအတွက် မြန်မာနိုင်ငံက လည်းကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာများကို ရုံးဌာနတစ်ခုတည်းတွင် ဆောင်ရွက်နိုင်သည့် One Stop Service (OSS) ၀န်ဆောင်မှုမြန်ဆန်ရေး၊ လုပ်ငန်းများလည်ပတ်ရေးအတွက် လိုအပ်သော အခြေခံ အဆောက်အအုံပြည့်စုံရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ထိုက်သင့်သော သက်သာခွင့်များ ပေးရေးတို့ကို ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

“အီးယူနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ဖို့ဆိုပြီးပြောနေတဲ့ကိစ္စတွေက စကားအဖြစ်ပြောနေတာမျိုးတော့ မဟုတ်ဘူး။ သူတို့ကလုပ်ရင် သေသေချာချာ လေ့လာပြီးလုပ်တဲ့သူတွေဖြစ်တယ်။ အဲတော့ သေချာ အောင် နည်းနည်းထပ်ပြီး လေ့လာမှုလုပ်နေတဲ့သဘောတွေပါ” ဟု ပြောသည်။

No comments: