ပန်းမြတ်ဇော်
PEE MAK မင်းသမီး ဒါဝိကာနှင့် ထိုင်းနာမည်ကျော် မင်းသားမောစ်ဖာ ထိဖာန်ဖတ ၀ိခရာမ်တို့သည် ADMA Media မှ ကျင်းပမည့် ဆီးဂိမ်း အကြိုလှုံ့ဆော်ပွဲတွင် ပရိသတ်နှင့်တွေ့ဆုံရန် ဒီဇင်ဘာ ၃ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
နေ့လည် ၁နာရီ ၄၅ မိနစ်တွင် ထိုင်းလေယာဉ်ဖြစ်သည့် TG လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင်နှစ်ဦးသည် နိုဝင်ဘာ ၃ ရက် ညနေ ၆နာရီ တွင်Junction square ၌ကျင်းပ ပြုလုပ်မည့် ဆီးဂိမ်းအကြို လှုံ့ဆော်ပွဲတွင် မြန်မာနိုင်ငံမှ အနုပညာရှင်များဖြစ်သည့် လူမင်း ၊ စိုင်းစိုင်းခမ်းလှိုင် ၊ မိုးစက်ဝိုင်တို့နှင့်အတူ ပရိသတ်များဖြင့်တွေ့ဆုံ ကာလက်မှတ်ရေးထိုးမည်ဖြစ်သည်။
ထို့အပြင် အရှေ့တောင်အာရှ သူရဲကောင်းများ တေးသီချင်း အယ်လ်ဘမ်တွင် ပါဝင်သီဆိုထားကြသည့် စိုင်းစိုင်ခမ်းလှိုင်၊ Snare၊ ကျော်ထွဋ်ဆွေ စသည့် အနုပညာရှင်များက ပရိသတ်များနှင့် တွေ့ဆုံကာ အမှတ်တရ လက်မှတ်များ ရေးထိုးပေးခြင်း၊ ဆီးဂိမ်းတွင် အသုံးပြုမည့် လာဘ်ကောင်ရုပ် ဇီးကွက်ဖြင့် အမှတ်တရ ဓာတ်ပုံတွဲရိုက်ပေးခြင်း၊ အယ်လ်ဘမ်အရောင်းမြှင့်တင်ခြင်းများ ပြုလုပ်ခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။
ယင်းပွဲတွင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းမင်းသမီး ဒါဝိကာတို့အတူ တွဲရိုက်ထားသည့် ပိုစတာများကို ပရိသတ်များကို အခမဲ့ လက်ဆောင်ပေးသွားမည်ဖြစ်သည်။
ထိုင်းမင်းသမီး ဒါဝိကာ၊ ထိုင်းမင်းသား မောစ်ဖာထိ ဖာန်ဖတ ၀ိခရာမ်တို့သည် ဒီဇင်ဘာ ၃ရက် ညနေ ၆နာရီတွင် ပရိသတ်များဖြင့်တွေ့ဆုံပြီး ဒီဇင်ဘာ ၄ရက် နံနက် တွင်ရွှေတိဂုံဘုရားနဲ့ ဗိုလ်တစ်ထောင်ဘုရားကို အလည်အပတ် သွားရောက်မည် ဖြစ်ပြီး နေ့လည် ၁ နာရီတွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာ ကြမည်ဖြစ်သည်။
ထိုင်းမင်းသား မောစ်ဖာထိ ဖာန်ဖတ ၀ိခရာမ် သည်ထိုင်းနိုင်ငံ တွင်အောင်မြင်သည့်ပေါ့ အဆိုတော်၊ သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး PEE MAK ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဒါဝိကာသည်လည်း အသက်ငယ်ငယ်နှင့် အောင်မြင်နေသည့် သရုပ်ဆောင် တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် PEE MAK ရုပ်ရှင်ဇာတ်ကား ရုံတင်ချိန်က စပြီး မြန်မာ ပရိသတ် သိရှိခဲ့သည့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
No comments:
Post a Comment