ကေဇူး
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ရခိုင်တိုင်းရင်းသား လူဦးရေ ကိုးရာခိုင်နှုန်းသာရှိသဖြင့် လူဦးရေညီမျှရေး အတွက် ရခိုင်ကျေးရွာများ ဖော်ထုတ်ပေးရန် ပြည်နယ်လွှတ်တော်က အတည်ပြု ဆွေးနွေးခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးတွင် ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က အ ဆိုပြုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦး က ထောက်ခံဆွေးနွေးခဲ့သည် ဟုဆိုသည်။
ဦးသက်ထွန်းအောင်က “ဘူးသီးတောင်၊ မောင်တောမှာ ဘင်္ဂါလီလူဦးရေက အရမ်းများပြီး ရခိုင်နဲ့ အခြား တိုင်းရင်းသား လူဦးရေက ၉ ရာခိုင် နှုန်းပဲ ရှိတော့တယ်။ “ဒါကြောင့် ကျေးရွာတွေ ဖော်ထုတ်ပြီး ရခိုင်တိုင်းရင်းသားတွေ နေထိုင်နိုင်အောင်လုပ်ပေးဖို့ အဆိုတင် တာဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် လူဦးရေ ဆယ်သိန်းကျော်ရှိကာ လယ်ယာမြေများနှင့် ကျေးရွာများ ဖော်ထုတ်ပေးနိုင် မည့် မြေလွတ်မြေရိုင်းများလည်း ရှိသည်ဟု ဆိုသည်။ သို့ရာ တွင် မောင်တောခရိုင်ကျေး ရွာများတွင် ရခိုင်တိုင်းရင်းသားအချို့ ရွာပစ်ပြောင်းရွှေ့မှုများလည်းရှိသည်ဟု ဆိုသည်။
စစ်တွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က “လုံခြုံရေး ဝန်ကြီးကတော့ ပြည်ထောင်စု အဆင့်ကိုတင်ပြပြီး အကောင်အထည် ဖော်ပေးပါ့ မယ်လို့ဆိုတယ်” ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် မောင်တောနယ်စပ်ရှိ နယ်စပ်တိုင်းရင်းသားကျေးရွာများကို ပြန်လည်ပြုပြင်ခြင်းနှင့် လမ်းသစ်ဖောက်ခြင်း ကျေးရွာသစ် များတည်ဆောက်ခြင်းများကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment