ABC
မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၁၇ ယောက်ကို မလေးရှားရဲတွေက ထိန်းသိမ်းလိုက်ပါတယ်။
မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံသား ၁၈ ယောက်လောက် ပုံပျက်ပန်းပျက်စွာ အသတ်ခံခဲ့ရပြီးနောက် မလေးရှားရဲတွေက အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဒီလူသတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခနဲ့ ဆက်နွယ်မှုရှိနိုင်တယ်လို့ မလေးရှားရဲတွေက ယူဆထားပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ အမုန်းတရားကို မလေးရှားနိုင်ငံကို သယ်လာပြီး တစ်ဦးကိုတစ်ဦး လက်စားချေ သတ်ဖြတ်နေကြတယ်လို့ ပီနန်ရဲအရာရှိ Abdul Rahim Hanafi က Malay Mail ကို ပြောသွားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ အသတ်ခံရသူတွေဟာ ဗုဒ္ဓဘာသာ ဖြစ်သလား၊ မွတ်စလင်တွေ ဖြစ်ကြသလားဆိုတာကိုတော့ မသိရပါဘူး။
မြန်မာတွေအရေး လှုပ်ရှားသူတွေကတော့ ရခိုင်မှာ ပဋိပက္ခ ဖြစ်ပေါ်ပြီးနောက် မြန်မာ ဗုဒ္ဓဘာသာဝင်တချို့ မလေးရှားနိုင်ငံမှာ အသတ်ခံခဲ့ရတာ ရှိတယ်လို့ ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment