Friday, December 26, 2014

ယာဉ်ပေါ်တွင် လက်နက်များ တွေ့ပါက ထိရောက်စွာ အရေးယူမည်ဟု ရဲမှူးပြော

ဇေယျာချမ်းအေး

ယာဉ်ပေါ်တွင် တုတ်၊ ဓား၊ လက်နက်များ ဆောင်ထားသည့် ယာဉ်များကို စိစစ်၍ တရားမ၀င် လက်နက် ကိုင်ဆောင်မှု အက် ဥပဒေဖြင့် ထိရောက်စွာ အရေးယူ သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး၊ အမှတ် (၂) ယာဉ်ထိန်းရဲရုံးမှ ဒု-ရဲမှူးကြီးလင်းထွဋ်က ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

ယာဉ်စည်းကမ်း ထိန်းသိမ်း ရေးကြီးကြပ်မှု ကော်မတီ၏ လုပ်ငန်း များဆောင် ရွက်ရာတွင် ယာဉ်မောင်းများ၊ နောက်လိုက် များက လက်နက်များ အသုံးပြု၍ တုံ့ ပြန်မှုများရှိ လာခြင်းကြောင့် ထိုသို့ အရေး ယူရန် ကြေညာ ချက်တစ်ရပ်ကို ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီး ကြပ်မှု ကော်မတီက ထုတ်ပြန်ခဲ့သည်။

“လူကြီးသားသမီးတွေမှ မဟုတ်ပါဘူး။ လူတွေက စည်းကမ်းသာ အလွယ်ချိုးဖောက် ကြတာ ဖမ်းရင်မကြိုက် ကြဘူး။ ဖြစ်ခဲ့ တဲ့ဖြစ် စဉ်တွေမှာအ ဖမ်းခံရသူတွေ ကနှုတ်နဲ့စော်ကားပြောဆိုတာကို အများဆုံးခံရပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်မှု တွေလည်း ရှိတယ်ဆို အများသိ ပြီးသားပါ” ဟု ဒု-ရဲမှူးကြီး လင်းထွဋ် က ရှင်း လင်းသည်။

ယာဉ်ထိန်း ရဲများနှင့်အတူ မထသ ကလည်း ယာဉ်ပေါ်တွင် လက်နက်တင် ဆောင်ထားသော ယာဉ်မောင်း ယာဉ်နောက် လိုက်များကို အရေးယူရန် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ မထသ ဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က ပြောသည်။

“မထသ အနေနဲ့က လိုက်ခွင့် ပိတ်တာ ရှိတယ်။ ရာသက်ပန် ထုတ်ပစ် လိုက်တာမျိုး လည်းရှိပါတယ်။ ပြစ်မှု သေချာ လို့ရှိရင် အစည်းအဝေး ဆုံးဖြတ် ချက်နဲ့ရာ သက်ပန် ပိတ်လိုက်တာပဲ” ဟု ဦးမင်းဇော်ကဆိုသည်။

ပြစ်မှုကျူး လွန်သူသည် တရားမ၀င် လက်နက် ကိုင်ဆောင်မှု ဥပဒေ၊ အခြားတည် ဆဲဥပဒေ များအပြင် မထသ ၏ ရာသက်ပန် ယာဉ်မောင်းနှင်ခွင့်၊ ယာဉ်လိုက် ခွင့်များ ကိုပါ ပိတ်ဆို့ အရေးယူ ခံယူရမည် ဖြစ်သည်။

No comments: