Sunday, December 28, 2014

လိပ်ကျွန်းအမှု တရားလိုပြ သက်သေ အများစု ထိုင်းရဲများ သာဖြစ်ဟုဆို

ဟိန်းကိုစိုး

ထိုင်းနိုင်ငံလိပ်ကျွန်းအမှုတွင် တရားလိုဖက်မှ တင်ပြလာသည် သက်သေအများစုမှ ထိုင်းရဲ တပ်ဖွဲ့များ သာဖြစ်သည် ဟုမြန်မာ သံရုံးအထူး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၂၆ရက်တွင် မဇ္ဈိမကိုပြောသည်။

"အယောက် ၄၀မှာ အများစုက ထိုင်းရဲတွေပဲ၊ ကျန်တာ အလောင်းတွေ့သူ ကောက်သူ တစ်ယောက် နှစ်ယောက်လောက် ပဲမြန်မာဖက် က သူတွေပါတယ်၊ စီစီ တီဗီရယ်၊ ဒီအင်န်အေရယ်ပါပဲ"ဟု ၎င်းကဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က တင်ပြလာသည့် တရားလိုပြသက်သေများကို ၂၀၁၅ခုနှစ် ဇူလိုင်လ၊ ၈ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး ၈၊ ၉၊ ၁၀ ရက်တွင် အပြီး စစ်ဆေး မည်ဖြစ်သည်။ယင်းနောက် စက်တင်ဘာလတွင် တရားခံဖက်မှ သက်သေများကို စတင်စစ်ဆေးမည်ဟု ဒီဇင်ဘာ ၂၆ရက် ရုံးချိန်းတွင်ကော့စမွေ ခရိုင်တရားရုံး ကအမိန့်ချ လိုက်သည်။

အင်္ဂလန်နိုင်ငံစုံထောက်အဖွဲ့ (သေဆုံးသူမိသားစုဖက်မှ)ကလည်း အမှုနှင့်ပက်သက်ပြီး သက်သေ၂ဦးကို တင်ပြခဲ့ သည်ဟု ဦးအောင်မျိုးသန့်ပြောသည်။

မြန်မာအဖွဲ့သည် ဒီဇင်ဘာလ ၂၉ရက်တွင် ဖမ်းဆီးခံ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အာမခံရရှိရေးကို တရားရုံးသို့ ထပ်မံလျောက်ထား မည်ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က သေဒဏ်ချနိုင်သည့် အမှုအတွက် မျက်မြင်သက်သေမပါ ထိုင်းရဲတပ်ဖွဲ့ဝင်အများစုသာ ပါဝင်သည့် သက်သေများအပေါ် လွှမ်းမိုးနိုင်မည့် တနသာင်္ရီ၊ ရခိုင်နှင့်စစ်ကိုင်းတိုင်းအတွင်းမှ မြန်မာရွှေ့ပြောင်း လုပ်သားမျက်မြင်သက်သေ၉ဦးခန့်ကိုခေါ် ယူနိုင်ရန် အဖွဲ့ဝင် ဦးကျော်သောင်းတို့ ကသွားရောက် ရှာဖွေနေပြီဖြစ်သည်။

"အဲဒီသက်သေတွေက အခုထိုင်းဖက်က တင်လာတဲ့ တရားလိုပြ သက်သေတွေကို ပြန်ပြီးချေ ပနိုင်တယ် ကောင်လေးနှစ်ယောက် မသတ် ခဲ့ဘူးဆိုတဲ့ မျက်မြင် သက်သေတွေ အမှုဖြစ်ပြီး လုံခြုံရေးကြောင့် ပြန်သွားကြ တဲ့သူတွေ"ဟု ဦးအောင်မျိုးသန့် ကဆိုသည်။

မြန်မာဖက်မှ သက်သေများ၏ လုံခြုံရေးအခက်အခဲ၊ အကြောက်တရားများ ရှိနေခြင်းတို့ကြောင့် ဘန်ကောက် တရားရုံးတွင် ၎င်းတို့ကို ပြောင်းလဲ စစ်ဆေးပေး ရန် ဒီဇင်ဘာ ၂၆ရက်တွင် တောင်းဆိုခဲ့သော်လည်း ခွင့်မပြုပေ။ နောက်ဆုံး အခက်အခဲ များရှိမှသာ သက်သေများ ရှိသည့် နေရာသို့ သွားရောက်ကာ ဗီဒီယို မှတ်တမ်းဖြင့်သာ ပြန်လည် ချေပရန် ကော့စမွေ တရားရုံးက ဆုံးဖြတ်ခဲ့သည်။

No comments: