သူဇာလင်း
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးမည့် "အကျွတ်အလွတ်" ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးပြီးစီး ချိန်တွင် ထိုင်းနှင့် စင်ကာပူ နိုင်ငံများ၌ ပြသ သွားမည်ဟု ၎င်းက မဇ္စျိမကို ပြောသည်။ ယင်းဇာတ်ကားကို ၎င်း၏ 3H Art Academy အနုပညာ သင် တန်းမှ သရုပ်ဆောင်သစ်များ အပါအ၀င် ထိုင်းသရုပ်ဆောင်များ၊ စင်ကာပူ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင် ကြမည် ဖြစ်ကာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လကုန်၌ ရန်ကုန်နှင့် ပြင်ဦးလွင် မြို့များတွင် စတင် ရိုက်ကူးမည်ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။
အဆိုပါ ရုပ်ရှင်ကားသည် ၀ိဥာဉ်ဘ၀တွင် နေထိုင် နေကြသည့် မကျွတ်လွတ် သေးသည့် ၀ိဥာဉ်များကို ကျွတ်လွတ် စေရန် အလှူအတန်း ပေး ပြီး အမျှဝေခြင်း အကြောင်းကို ပရိသတ်များ စိတ်ဝင်စား စေရန် မြန်မာ့ဓလေ့များ အခြေခံကာ ရိုက်ကူးသွားမည် ဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာ အဖြစ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကိုယ်တိုင် ဦးဆောင် ရိုက်ကူးသွားမည် ဖြစ်သည်။
"ဒီကားကို အကောင်းဆုံး ရိုက်ချင်တာပါ။ အချိန်ကာလ သတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒါကြောင့်မို့ ဇာတ်ကား ရိုက်ကူး ပြီးစီးမယ့် အချိန်နဲ့ ရုံတင်နိုင်မယ့် အချိန်တွေကို ပြောဆိုနိုင်ခြင်း မရှိသေး ပါဘူး။ ပြည်ပက အနုပညာရှင် တွေလည်း ပါမှာဆိုတော့ ကိုယ်တွေကားကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးချင် ပါတယ်"ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။
ဒါရိုက်တာ မောင်မျိုးမင်း၏ 3H Art Academy အနုပညာ သင်တန်းကို သြဂုတ်လမှ နိုဝင်ဘာ လကုန်အထိ ဖွင့်လှစ်ခဲ့ပြီး သရုပ်ဆောင် ၂၀ ဦးနှင့် ဒါရိုက်တာ ၁၈ ဦးကို အနုပညာနှင့် ပတ်သက်သည် များကို သင်ကြား ပေးခဲ့သည်ဟု ၎င်းက ပြောသည်။
"သင်တန်းကျောင်း ဖွင့်ရတဲ့ ရည်ရွယ်ချက်က အရင် ကတည်းက သရုပ်ဆောင် အသစ်တွေ လိုချင်နေတယ်၊ ခေါက်ရိုးကျိုးတဲ့ အခြေအနေ ကနေ သရုပ်ဆောင် အသစ်တွေကို မွေးထုတ် ပေးချင် တာပါ။ သူတို့တွေ အနေနဲ့ နေရာတစ်နေရာ ရပြီး အောင်မြင် နေတယ် ဆိုရင် ကျေနပ် ပါတယ်"ဟု ၎င်းမှ ပြောသည်။ သရုပ်ဆောင်သစ် များကို စာချုပ် ချုပ်ဆိုထားခြင်း မရှိဘဲ သရုပ်ဆောင် အလုပ်များကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားသည်ဟု ၎င်းက ဆိုသည်။
''စာချုပ်ချုပ်ဆို ထားတာ မရှိတော့ တခြား အရာတွေကို လွတ်လပ်စွာ လုပ်ခွင့် ရှိပါတယ်။ ကျွန်တော်က ဒါရိုက်တာပိုင်း သာမက သရုပ်ဆောင် ပိုင်းပါ ဆရာ့ ဆီကနေ သင်ယူထား ပါတယ်။ ဆရာ ဖြစ်စေချင်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစား မှာပါ။ ပြည်ပက သရုပ်ဆောင်တွေနဲ့ ၀ါရင့် သရုပ်ဆောင် တွေလည်း ပါတော့ ဒီရုပ်ရှင်ကား ရိုက်ကူးခွင့်ရလို့ ကျွန်တော်တို့ အတွက် အခွင့်အရေးတွေ ရှိမှာပါ"ဟု ယင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခွင့် ရသည့် သရုပ်ဆောင်သစ် ထူးမြတ်က ပြောသည်။
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ အနုပညာ သင်တန်းရှိ သင်တန်းသား များသည် သင်တန်း တစ်ခုစီ အတွက် ကျပ်ဆယ်သိန်း ပေး သွင်း ခဲ့ရပြီး သင်တန်းသား ၃၈ ယောက် ပါဝင် ခဲ့သည်ဟု ယင်းသင်တန်းတွင် တက်ရောက် ခဲ့သည့် သရုပ်ဆောင်သစ် ထူးမြတ်က ပြော သည်။
သရုပ်ဆောင်သစ် ကြယ်စင်လှိုင်းက "သင်တန်း ကာလ လေးလ အတွင်းမှာ ဆရာဆီက ပညာတချို့ကို သင်ကြားခွင့် ရတယ်။ စာချုပ် မရှိတော့ တခြား အနုပညာ အလုပ်တွေ လုပ်ခွင့်ရတဲ့ အပြင် ဆရာ ဒါရိုက်တာလုပ်တဲ့ ဇာတ်ကား တွေမှာ သရုပ်ဆောင်ခွင့် ရပါတယ်။ ဒါကြောင့် ညီမ အနေနဲ့ ဆရာ သင်ကြားပေးတဲ့ ပညာတွေနဲ့ ဒီရုပ်ရှင်ကားမှာ အကောင်းဆုံး သရုပ်ဆောင် နိုင်အောင် ကြိုးစားမှာပါ"ဟု ၎င်းက ပြောသည်။
အကျွတ်အလွတ် ရုပ်ရှင် ဇာတ်ကားတွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ၏ 3H Art Academy အနုပညာ သင်တန်းကျောင်းမှ သင်တန်းသား ၂၀ ဦးစလုံး ပါဝင် သရုပ်ဆောင်ခွင့် ရထား သော်လည်း မည်သည့် ဇာတ်ကောင် စရိုက်တွင် ပါဝင် ရမည်ကို မသိရသေးဟု သင်တန်းသူ သရုပ်ဆောင်သစ် ကြယ်စင်လှိုင်းက ပြောသည်။
No comments:
Post a Comment