အေးမြင့်စန်း
တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း)ကို အဆောက်အဦး အဖြစ်ဆောက်လုပ်ရန် စီစဉ်နေသည့် အပေါ်ဆန္ဒဖော် ထုတ်ဟောပြော ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ဦးကိုကိုကြီးထံ လာရောက် စစ်ဆေးခံရန် အကြောင်းကြား စာပို့မည် ဟုတောင် ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က မဇ္ဈိမ ကိုပြောသည်။
ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးကိုကိုကြီး၊ ဒေါက်တာစောနိုင်၊ ဦးမျိုးခင် (ခေါ်) ဦးမုန်းခက်၊ ဦးနိုင်ကိုလင်းနဲ့ ဦးအောင်မောင် (ခေါ်) ဦးစစ်မောင် တို့ကို အမှုဖွင့် အရေးယူ ခဲ့ခြင်းဖြစ်သည်။ ရဲစခန်းက အမှုဖွင့် ပြီးနောက် တရားရုံးသို့ တင်နိုင်ရန် ခေါင်းဆောင် လေးဦးကို ဒီဇင်ဘာ၂၁ရက်က စစ်ဆေး ပြီးဖြစ်သော်လည်း ဦးကိုကိုကြီးကို စစ်ဆေးရန် ကျန်ရှိနေသေး သည့်အတွက် ရဲတပ်ဖွဲ့စခန်းသို့ လာရောက်ရန် ဆင့်ခေါ် မည်ဖြစ်သည်။
တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးအောင်က" ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားသူထဲက လေးဦးကိုတော့ စစ်ဆေးပြီးဖြစ်ပါတယ်။ ဦးကိုကိုကြီး တစ်ဦးတည်း ကျန်နေလို့ လာအောင်တော့ စောင့်ရမယ်။ ဆင့်ခေါ်ရင်တော့ သူ့အိမ်ကို အကြောင်းကြားစာပို့မှာပါ" ဟုပြောသည်။
၈၈ ငြိမ်း/ပွင့် မှ ဦးကိုကိုကြီး အပါအဝင် ငါးဦးကို ပုဒ်မ ၁၉ဖြင့် တရားစွဲ ဆိုရန် ဥပဒေ အရာရှိ များ၏ အကြံပြုချက် များအတိုင်း ဆောင်ရွက်သွား မည်ဖြစ်သည်။ ဦးကိုကိုကြီး ထံ ဇန်နဝါရီလဆန်းပိုင်းတွင် အကြောင်းကြားစာ ပို့မည်ဟုလည်း အမှုစစ်ရဲအုပ် ဝင်းကျော်က ပြောသည်။
၎င်းက "အခု ဦးကိုကိုကြီး လိပ်စာကအရ အိမ်ကကန်ထရိုက်ဆောက်နေတယ်လို့ ပြောတယ်။ ဦးကိုကိုကြီး အိမ်လိပ်စာအသစ် ကိုဒေါက်တာစောနိုင် ကိုမေးထား တယ်။ စစ်ဆေး ချက်ယူဖို့ အကြောင်း ကြားစာကို ဇန်နဝါရီလ ဆန်းပိုင်းတော့ ပို့မှာပါ " ဟုပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမက ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
၈၈ သမိုင်းပြတိုက် ကော်မတီဝင် ဦးစစ်မောင်က "အခုတရားစွဲ တယ်လို့ တစ်ယောက် တည်းကို စခန်း ကိုကွက်ခေါ် သွားတာ မျိုးတော့ လက်မခံဘူး။ တစ်ယောက် ထဲသဘော ထားနဲ့ လုပ်လို့ မရဘူး။ တရားစွဲ မယ်ဆို ငါးဦးလုံးက လိုက်မယ်"ဟုပြောသည်။
ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုပါက နိုင်ငံတော်ပိုင်သည့် အဆောက်အဦး ၊မြေယာများကို မတရားသိမ်းယူ နေသူများကို ပြန်လည် တရားစွဲ ဆိုမည်ဟု ၈၈(ငြိမ်း/ပွင့်) ဦးကိုကိုကြီးက ဒီဇင်ဘာ ၂၁ ရက်က ပြောထားသည်။
တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း)ကို အဆောက် အဦအဖြစ် ဆောက်လုပ်ရန် စီစဉ်နေသည့် အပေါ် ဒီဇင်ဘာ ၂၁ ရက်က ဆန္ဒ ဖော်ထုတ်ဟောပြောခဲ့ကြသည့် ၎င်းတို့ ငါးဦးကို ပုဒ်မ ၁၉ဖြင့် တောင်ဥက္ကလာရဲစခန်းက အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။
No comments:
Post a Comment