Saturday, December 27, 2014

တောင်ကြီး မြို့တွင် ပအိုဝ်း လူမျိုးများ လက်ရှိ အစိုးရ အပေါ် ဆန္ဒ ထုတ်ဖော်

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပြင် ရေးထက် တိုင်းရင်းသား တန်းတူညီမျှရေး အတွက် ရည်ရွယ်ကာ သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ပအိုဝ်း အမျိုးသားများ ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

“ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ တကယ်လို့ပြင်ခဲ့ရင်လည်း ဘယ်လိုပဲပြင်ပြင် ကျနော်တို့ တိုင်းရင်းသားလူမျိုးစုအားလုံး တတိုင်းပြည်လုံးညီတူညီမျှ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်နိုင်ဖို့ တောင်းဆိုပါတယ်” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးအဖွဲ့မှု ဦးတင်ထွဋ်က ပအိုဝ်း အမျိုးသားများ၏ ဆန္ဒ ထုတ်ဖော်ပွဲတွင် ပြောသည်။

ပအိုဝ်းအမျိုးသားများဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူအင်အား သုံးထောင်ဝန်းကျင် တောင်ကြီးမြို့လယ်လမ်းမအတိုင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

လက်ရှိမြန်မာနိုင်ငံအစိုးရက ပြည်တွင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် နှေးကွေးသည်ဟုထင်ရသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အောင်မြင်ပြီးဆုံးသည်အထိအစိုးရမှ ဆောင်ရွက် ပေးရန် တိုက်တွန်း လိုကြောင်း နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးများကို အစိုးရက ပြည်မတွင် ဆောင်ရွက်နေသကဲ့သို့တောင်ပေါ် တိုင်းရင်း သားဒေသများတွင်လည်းညီတူညီမျှ ဆောင်ရွက်ပေးရန် အဓိက တောင်းဆိုခဲ့သည်။

ထို့အပြင် တိုင်းရင်းသားများ၏ အခွင့်အရေး နှင့်လိုလားတောင်းဆိုချက်များကို ဆောင်ရွက်ပေးစေလိုကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင်တိုင်းရင်းသား များကျယ်ပြန့် စွာပါဝင်ခွင့်ရရှိစေရန် စသည့် ဆန္ဒပြပွဲ၏အဓိက ရည်ရွက် ချက်(၅)ချက် ကို၎င်းကဆက်လက် ရှင်းပြသည်။

တာင်ကြီး၊ ပင်လောင်း၊ဆီဆိုင်၊ နောင်တရားစသည့် မြို့နယ်တို့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ပအိုဝ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့၊ ပအိုဝ်းသွေးလှူရှင်နှင့် နာရေးကူညီမှုအသင်း၊ ပအိုဝ်း လူငယ်ကွန်ယက်(PYN) ၊ စသည့်ပအိုဝ်းအဖွဲ့အစည်းအသီးသီးမှ ပအိုဝ်းလူမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က “ ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ကတော့ ထူးခြားဖြစ်စဉ်အနေနဲ့ပဲပြည် ထောင်စု အစိုးရဖွဲ့ကိုဒေသအသီးသီးမှာ ဖြစ်နေတဲ့ ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုမျိုးကို သတင်းပေးပို့ဖို့ပဲ အစီအစဉ်ရှိ ပါတယ် ” ဟု ပြောကြားခဲ့သည်။

(PNO) ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ်သည် ၁၉၉၁ ခုနှစ် ကတည်းက စစ်အစိုးရနှင့် ထာဝရငြိမ်းချမ်းရေးရယူပြီးသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

No comments: