Wednesday, December 10, 2014

လိုင်စင်မဲ့ မော်တော်ယာဉ် လက်ဝယ်ထားရှိသူကို အရေးယူ

ဝိုင်းအောင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးကို ဒီဇင်ဘာလ ၂ ရက်၊ ညနေ ၃ နာရီ အချိန်ခန့်က ဖမ်းဆီးရမိကြောင်း ဆေးမင်တောနယ်မြေ ရဲစခန်းမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဂန့်ဂေါ-ပုလဲ ကားလမ်းပေါ်ရှိ ရေမျက်နီရွာအဝင်တွင် ဂန့်ဂေါမြို့ဘက်မှလာသော HIC 9 အမျိုး အစားယာဉ်အမှတ် ဆ/၁၅၆၇ ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ပခုက္ကူခရိုင်၊ ပခုက္ကုမြို့၊ အမှတ် (၁၁) ရပ်ကွက်နေ ယာဉ်မောင်းသန်းကျော် (၃၀) နှစ်နှင့် ပခုက္ကူမြို့၊ အမှတ် (၂) ရပ်ကွက်နေ ယာဉ်ပိုင်ရှင် သူရမောင်မောင်သန်း(ခ) ကိုတီး (၃၂) နှစ်တို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

တာဝန်ရှိသူများ စစ်ဆေးရာတွင် အဆိုပါယာဉ်နှင့် ပတ်သက်သည့် အထောက်အထားများ မပြသနိုင်၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး လိုင်စင်မဲ့မော်တော်ယာဉ် လက်ဝယ်ထားရှိသူ သူရမောင်မောင်သန်း (ခ) ကိုတီးကို ထီးလင်းမြို့နယ်၊ ဆေးမင်းတောနယ်မြေ ရဲစခန်း (ပ)၄၈/၂၀၁၄၊ ပို့ကုန်သွင်း ကုန်ဥပဒေ ပုဒ်မ - ၈ အရ အရေးယူထားရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

No comments: