ရေခဲ (ပြည်)
ငွေဖြင့်ဝယ်ယူပြီး တောင်းရမ်းသူအဖြစ် စေခိုင်းခြင်းခံနေရသော လေးနှစ် သမီးငယ်ကို ထိန်းသိမ်းစောင့် ရှောက်မှုပေးရန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက လူမှုအဖွဲ့များ လမ်းလျှာက် ချီတက် ဆန္ဒပြတောင်းဆိုခဲ့သည်။
အဆိုပါကလေးငယ်ကို မိခင်ဖြစ်သူက ငွေတစ်သောင်းဖြင့် ရောင်းချခဲ့ပြီး တောင်းရမ်း စားသောက်သည့် အဖွဲ့အစည်းက ၀ယ်ယူကာ ပြည်မြို့ပေါ်နှင့် မြန်မာနိုင်ငံအနှံ့ ဘုရားပွဲဈေးများတွင် တောင်းရမ်းခိုင်းခြင်းဖြစ်ကြောင်း တောင်းရမ်းစားသောက်သူ တစ်ဦးက ပြောသည်။
ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး တောင်းရမ်းနေသည့် ကလေးငယ်ကို လူမှုအဖွဲ့များကတွေ့ရှိပြီး မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်အောင်၊ လူမှုဝန်ထမ်းဌာန၊ ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်ခဲ့ရာ တစ်စုံတစ်ရာ ဖြေရှင်းမပေးသည့်အပြင် ရိုင်းပြစွာ ဆက်ဆံခဲ့သည့်အတွက် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခြင်း ဖြစ်သည်။
“ဒီကလေးကို ဒီနေရာမှာ ဒီအတိုင်းဘဲ ထားမှာလား။ ဒီကလေးက ဒီအတိုင်း ဘဝပျက်ခံရတော့မှာလား။ အာဏာပိုင် အဖွဲ့အစည်း တာဝန်ရှိသူတွေက ပူးပေါင်း မဖြေရှင်းပေးတော့ဘူးလား” ဟု ဆန္ဒပြရာတွင် ပါ ၀င်သူ ကိုကျော်ဆွေက ပြောသည်။
ဆန္ဒပြသူများသည် ကလေးသူငယ် အခွင့်အရေး အပြည့်အဝရရှိရေး တို့အရေးဟူသော ကြွေးကြော်သံကို ကြွေးကြော်ကာ ကလေးငယ်ကို ချီပိုး၍ ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်း အနောက်ပိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာ နရုံးရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူချက်အရ ဆန္ဒပြမှုကို ရပ်နားခဲ့သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပဲခူးတိုင်းအနောက် ဦးစီးမှူး ဒေါ်သန်းသန်းဌေးက “ TCRC မှာ အန်တီက အတွင်းရေးမှူး၊ ဥက္ကဋ္ဌက မယက လေ။ ကလေးကို လက်ခံဖို့ အန်တီတို့မှာ တာဝန်မရှိဘူး” ဟု ပြောသည်။
သို့သော် နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိနှိုင်းခဲ့ရာ ဆန္ဒပြ လူမှုအဖွဲ့အစည်းများ၏ လက်မှတ်ထိုးအပ်နှံသည့် ကလေးငယ်ကို လူမှုဝန်ထမ်းက လက်ခံပေးခဲ့သည်။
ကလေးငယ်များကို တောင်းရမ်းသူအဖြစ် စေခိုင်းခြင်းသည် ကလေးအခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး ပြည်မြို့တွင် တောင်းရမ်း စားသောက်သူ ကလေးငယ် နှစ်ဆယ်ကျော်ရှိကြောင်း လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် HRDP သတင်းနှင့် သုတေသနတာဝန်ခံ ကိုဇော်ထွန်းက ပြောသည်။
ကလေးငယ်များကို ခိုင်းစေရန် ၀ယ်ယူရောင်းချခြင်း ပြုလုပ်ပါက လူကုန်ကူးမှု ဥပဒေပုဒ်မ ၁၆ ဖြင့်အရေးယူ ရမည်ဖြစ်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။
No comments:
Post a Comment