Tuesday, December 9, 2014

ပြိုင်ကားနှင့် ပါဝါအိတ်ဇောတပ် ယာဉ်များ မောင်းနှင်မှု မရှိသည်အထိ ဖမ်းမည်ဟုဆို

မင်းမင်း

ရန်ကုန်မြို့အတွင်း ပြိုင်ကားများနှင့် အသံကျယ်လောင်သည့် ပါဝါအိတ်ဇောတပ်ထားသော ယာဉ်များကို ကာလသတ်မှတ်ချက်မရှိဘဲ မောင်းနှင်မှုမရှိတော့သည်အထိ ဖမ်းဆီးအရေးယူသွားမည်ဟု ရန်ကုန်တိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၈ ရက်က ပြောဆိုလိုက်သည်။

ဝန်ကြီးက တိုင်းလွှတ်တော်အထူးအစည်းအဝေး မနက်ပိုင်းရပ်နားချိန် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး တင်ဝင်းက “လွှတ်ပေးလိုက်တယ်။ ပြီးရင် ပြန်မောင်းတယ်။ ဒီလို ခဏခဏဖြစ်တဲ့ အခါကျတော့ တတ်နိုင်သလောက်တော့ ထိရောက်အောင်ဆောင်ရွက်မယ်” ဟု ဆိုသည်။

တိုင်းအစိုးရအနေဖြင့် အဆိုပါ စီမံချက်ကို ဒီဇင်ဘာ ၅ ရက်ညက စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးပေါင်း ၅၀ ကျော်ကိုတိုင်းအစိုးရရုံးတွင် သိမ်းဆည်းထားပြီး တရားဝင်လိုင်စင်ရှိ၊ မရှိကို ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက စစ်ဆေးလျက်ရှိသည်။

ဝန်ကြီးက “ပထမဆုံး က.ည.န နဲ့ စစ်ခိုင်းရမှာပေါ့။ ဒီကားတွေဟာ တရားဝင်လိုင်စင်ရှိ၊ မရှိပေါ့။ ပြီးရင် စည်ပင်သာယာဥပဒေတွေလည်း ရှိတယ်။ ယာဉ်စည်းကမ်း ဥပဒေတွေလည်း ရှိတယ်။ ငြိစွန်းတဲ့ ဥပဒေနဲ့တော့ အရေးယူသွားမှာပါ” ဟု ပြောသည်။

လက်ရှိ ရန်ကုန်မြို့လမ်းများသည် ပြိုင်ကားမောင်းနှင်နိုင်သည့် အနေအထားမဟုတ်ဘဲ ပြိုင်ကားများ အနေဖြင့် ပြိုင်ကားကွင်းတွင်သာမောင်းနှင်သင့်သည်ဟု ဝန်ကြီးက မှတ်ချက်ပြုသည်။ သို့သော် ပြိုင်ကားကွင်း သတ်မှတ်ထားရှိပေးရန် အစီအစဉ်မရှိသေးဟု ဆိုသည်။

စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိတ်ဇောတပ် ယာဉ်များအား ဖမ်းဆီးစစ်ဆေးနေချိန်အတွင်း မောင်းနှင် ထွက်ပြေးကြသလို ပြဿနာ ပြန်ရှာ သူများလည်း ရှိသည်ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူဖြစ်သည့် ယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။

၎င်းက “တစ်ချို့ဆို ဖမ်းထားပြီးသားကို ကားထဲမှာ ဘာပစ္စည်းပါတယ်။ ပျောက်ရင်တာဝန် ယူရမယ်ဆိုပြီး ပြဿနာ ရှာတာမျိုးရှိတယ်” ဟု ပြောသည်။

ပြည်သူများ အနေဖြင့်လည်း အဆိုပါ ပြိုင်ကားများ စည်းကမ်းမဲ့မောင်းနှင်နေမှုကို တိုင်းအစိုးရထံ မကြာခဏ တိုင်ကြားနေသ

No comments: