Saturday, December 6, 2014

မြန်မာနဲ့ စစ်ရေးပူးပေါင်းမှု တိုးမလုပ်သင့်သေးလို့ဆို

ABC

အမေရိကန် ​စစ်တပ်ရဲ့ ​ပစိဖိတ်ရေးရာ ​ညွန်ကြားရေးမှူး ​အဖြစ် ​ရာထားခံရသူ ​စစ်အရာရှိက ​မြန်မာနိုင်ငံဟာ ​စစ်တပ်ထိန်းချုပ်မှု ​အောက်မှာ ​ရှိနေသေးတဲ့အတွက် ​မြန်မာနိုင်ငံနဲ့ ​စစ်ရေးပူးပေါင်းမှုတွေ ​တိုးချဲ့မှု ​မလုပ်သင့်ဘူးလို့ ​ပြောလိုက်ပါတယ်။

အမေရိကန် ​စစ်အရာရှိ ​Harry ​Harries ​Jr ​ကို ​အမေရိကန် ​လွှတ်တော်က ​တာဝန်နဲ့ ​စေလွှတ်ဖို့ ​သင့်မသင့် ​တွေ့ဆုံမေးမြန်းစဉ်အတွင်း ​ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​အရပ်သား ​ဆန်တဲ့ ​အစိုးရတက်လာပြီး ​ပြုပြင်ပြောင်းလဲမှုတွေ ​ဖြစ်ပေါ်နေတာကြောင့် ​အမေရိကန် ​စစ်တပ်အနေနဲ့ ​မြန်မာနိုင်ငံဟာ ​စစ်တပ်ထိန်းချုပ်မှုအောက်မှာ ​ရှိနေသေးတယ်လို့ ​ပြောလိုက်တဲ့အပေါ် ​အံ့အားသင့်နေကြတာ ​ဖြစ်ပါတယ်။

အမေရိကန် ​အစိုးရကတော့ ​မြန်မာနိုင်ငံနဲ့ ​ပိုမို ​ပူးပေါင်းမှု ​လုပ်ခြင်းအားဖြင့် ​မြန်မာအစိုးရကို ​ပိုပြီး ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်အောင် ​အားပေးအားမြောက်ပြုရာ ​ရောက်မယ်လို့ ​ပြောဆိုပေမယ့် ​အခုလောလောဆယ် ​တိုးတက်မှုတွေ ​သိပ်မရှိဘူးလို့ ​အေပီသတင်းမှာ ​ဖော်ပြထားပါတယ်။

ဒါကြောင့် ​မြန်မာရဲ့ ​တိုးတက်မှုကို ​စောင့်ကြည့်ပြီးမှ ​တဆင့်ခြင်း ​လုပ်ဆောင်သင့်တယ်လို့ ​အဲဒီ ​စစ်တပ်အရာရှိက ​ပြောပါတယ်။

ဒီအချိန်မှာ ​စစ်ရေးအရ ​မြန်မာနိုင်ငံနဲ့ ​ပိုပြီး ​ပူးပေါင်းမှုလုပ်ရင် ​မြန်မာစစ်တပ်ရဲ့ ​ဂုဏ်ကို ​မြင့်တင်ပေးရာရောက်မယ်လို့ ​သုံးသပ်ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ​တပ်ဖွဲ့တွေနဲ့ ​ပဋိပက္ခဖြစ်နေဆဲ ​မြန်မာစစ်တပ်ကို ​ဂုဏ်အင်္ဂါမမြင့်စေလိုသလို ​မြန်မာစစ်တပ်ဟာ ​လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ​စွပ်စွဲခံနေရတာ ​ရှိတဲ့အတွက် ​အမေရိကန်က ​ဆင်ခြင်နေတာ ​ဖြစ်ပါတယ်။

အကယ်လို့သာ ​အမေရိကန် ​စစ်အရာရှိ ​Harry ​Harries ​Jr ​ကို ​ပစိဖိတ်ရေးရာ ​ညွှန်ကြားရေးမှူးအဖြစ် ​ခန့်အပ်ဖြစ်မယ်ဆိုရင် ​သူ့အနေနဲ့ ​ကမ္ဘာ့မြေမျက်နှာပြင် ​အများအပြားမှာ ​လှုပ်ရှားခွင့်ရှိမှာဖြစ်သလို ​အမေရိကန် ​အနောက်ဘက် ​ကမ်းရိုးတန်းကနေ ​အိန္ဒိယနိုင်ငံ ​အနောက်ပိုင်း ​ဒေသအထိ ​လှုပ်ရှားခွင့်ရမှာ ​ဖြစ်ပါတယ်။

No comments: