သည်စထရိတ်တိုင်းမ်
ရေနံဈေးကျပြီး ဒေါ်လာဈေးများ တက်နေသဖြင့် ကမ္ဘာ့စီးပွားရေးအလားအလာ မကောင်းသည့်ကြားမှပင် စင်ကာပူ စက်ရုံများ ခရစ္စမတ် အကြိုကာလတွင် ဟန်ကျနေသည်။ ဟန်ကျပုံမှာ နှစ်မျိုးစလုံးဖြစ်ပြီး ထုတ်လုပ်ရေးစရိတ်နိမ့်ပြီး ရောင်းချဈေးမြင့် လာခြင်း ဖြစ်သည်။
အဓိကသက်ရောက်မှုမှာ အမေရိကန် ဒေါ်လာဈေး တက်နေခြင်းကြောင့် ဖြစ်သည်။ ဒေါ်လာဈေးမှာ ဇွန်လ နောက်ပိုင်း ၅ ဒသမ ၆ ရာခိုင်နှုန်း တက်လာရာ ကန်တစ်ဒေါ်လာလျှင် စင်ကာပူဒေါ်လာ ၁ ဒသမ ၃၂ အထိ တက်လာသည်။
ထို့ကြောင့် စင်ကာပူထုတ်ပစ္စည်းတွေ ဈေးချိုချိုနှင့် ရောင်းနိုင်လာသည်။ ကန်ဒေါ်လာနှင့် ဈေးဖြတ်ရောင်းသော ကုမ္ပဏီများလည်း အမြတ်ရကြ သည်။ အမေရိကန် စီးပွားရေး အားကောင်းနေသောကြောင့် ၂၀၁၅ နှစ်လယ်လောက်တွင် ဗဟိုကော်မတီဘဏ် အတိုးနှုန်း မြင့်လိမ့်မည် ဟု မျှော်လင့်ရသောကြောင့် ကန်ဒေါ် လာတန်ဖိုးက ဆက်တက်နေမည်ဟု သုံးသပ်သူတို့က တွက်ကြသည်။
Brent ရေနံဈေးမှာ မနေ့က တစ်စည် ၆၂ ဒသမ ၂၅ ဒေါ်လာအထိ ကျသွားသဖြင့် ဓာတ်ဆီဈေးလည်း ကျလာရာ နှစ်သစ်ကူး ခါနီးချိန်တွင် လူများပျော်ကြသည်။ ရေနံဈေးနှုန်းမှာ မနှစ်က နှစ်လယ်ခန့်က တစ် စည်ဒေါ်လာ ၁၀၀ အထက်တွင် ရှိနေခဲ့ရာ ၄၀ ရာခိုင်နှုန်း အထိ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ပြည်ပပို့ကုန်တွင် စင်ကာပူလုပ်ပစ္စည်းများများပါသော ပို့ကုန်သမားများမှာ ကန်ဒေါ်လာ ဈေးတက်မှု ကြောင့် အကျိုးဖြစ်ကြမည်ဟု DBS ဘဏ်မှ စီးပွားရေးပညာရှင် အာဗင်ဆီးက ပြောသည်။
ယခုအချိန်တွင် အမေရိကန်မှ တင်သွင်းသော သွင်းကုန်များအပေါ်တွင် အမှီပြုနေရသောကုမ္ပဏီများမှာ လှလှကြီးခံနေကြရသည်။ အထူးသဖြင့် အမေရိကန်က ပစ္စည်းတင်သွင်းပြီး စင်ကာပူတွင် ဖြန့်ဖြူးရောင်းချ နေကြသော ကုမ္ပဏီများ ခံနေကြရသည်။
“သွင်းကုန်တွေ ဈေးတက်တော့ နောက်ဆုံးမှာ စားသုံးသူတွေပဲ ခံစားရတာပါပဲ။ ဒါပေမဲ့ စွမ်းအင်ဈေးက ကျနေတော့ခံသာ ပေသေးတယ်” ဟု စီးပွားရေးပညာရှင် အာဗင်ဆီးက ပြောသည်။
No comments:
Post a Comment