Saturday, December 27, 2014

တစ်နှစ်အတွင်း အခြေအနေမဲ့ တစ်ထောင်ကျော်ကို သင်တန်းကျောင်းတွင် စောင့်ရှောက်ပေးခဲ့

နန်းမြင့်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တစ်နှစ်အတွင်း အခြေအနေမဲ့ ၁၀၀၀ ကျော်ကို သင်တန်းကျောင်းများတွင် စောင့်ရှောက်ပေးနိုင်ခဲ့သည်ဟု အဆိုပါကော်မတီမှ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ရဲမှူးကျော်စိုးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလ အထိ အမျိုးသား ၇၀၀ကျော်၊ အမျိုးသမီး ၄၀၀ ကျော်တို့ကို သင်တန်းကျောင်းများသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းသည်။

ရဲမှူးကျော်စိုးက “ကျွန်တော်တို့ဆီမှာ နှစ်ပတ်ပဲထားပြီး အစိုးရညွန်ကြားချက်အရ သတ်ဆိုင်ရာဌာန အသီးသီးကို ပို့ပါတယ်”ဟု ပြောသည်။

အဆိုပါ အခြေအနေမဲ့ လေလွင့်သူများကို သင်တန်းကျောင်းများသို့ ပို့ဆောင်ရာတွင် ကလေးမွေးစမှ ငါးနှစ်အထိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့လည်းကောင်း၊ ခြောက်နှစ်မှ ၁၂နှစ်ထိကို သန်လျင် လူငယ်သင်တန်းကျောင်းသို့ လည်းကောင်း၊ ၁၃နှစ်မှ ၁၆နှစ်ထိကို ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်းသို့လည်းကောင်း၊ အမျိုးသမီး ခြောက်နှစ်မှ ၁၅နှစ်အထိကို ထောက်ကြန့်အမျိုးသမီး သင်တန်းကျောင်းသို့လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ၁၇နှစ်အထက်ကို ၀ါးနက်ချောင်း လူကြီးစောင့်ရှောက်ရေးကျောင်းသို့လည်းကောင်း ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

No comments: