Mizzima
Apple ကုမ္ပဏီက လာမည့်နှစ်၌ အရောင်းဆိုင်များ ပေါ်သို့ ဒေါ်လာ ၃၄၉ ဒေါ်လာဖြင့် စမတ်နာရီများ ရောင်းချရန် ရှိနေသလို ဆမ်ဆောင်း ကုမ္ပဏီက ၎င်း၏စမတ် နာရီများကို ဒေါ်လာ ၁၉၉ ဒေါ်လာဖြင့် စတင်ကာ ရောင်းချ လာချိန်တွင် တရုတ် ကုမ္ပဏီ ငယ်လေး တစ်ခုက ဒေါ်လာ ၇ ဒေါ်လာ တည်းဖြင့် စမတ်နာရီ များရောင်း ချနိုင်ရန် လုပ်ဆောင် လာသည်။
ကျယ်ပြန့်  တွင်ကျယ် လာလျက် ရှိသည့် ဝတ်ဆင် ၍ ရသော စမတ်နည်းပညာ နယ်ပယ်တွင် ရိုးရိုး ရှင်းရှင်း ဆော့ဖ်ဝဲနှင့် ဟတ်ဒ်ဝဲ များကို အသုံးပြု ခြင်းဖြင့်ကမ္ဘာကျော် ကုမ္ပဏီ များနှင့် ရင်ဘောင် တန်းကာ စမတ်နာရီ ဈေးကွက်တွင် တန်ဖိုးချိုသော စမတ်နာရီ များကို ဒေါ်လာ ၇ ဒေါ်လာ တည်းဖြင့် ရောင်းချနိုင် မည်ဖြစ်ကြောင်း တရုတ် နည်းပညာ ကုမ္ပဏီငယ် တစ်ခုဖြစ်သည့် Fastfox က ကြေငြာ ခဲ့သည်။
Fastfox ကုမ္ပဏီက ယင်းသို့ အဖိုးအလွန်ချိုသော စမတ်နာရီများ ရောင်းချနိုင်ရန် သြစတြေးလျ အခြေစိုက် နည်းပညာ တီထွင်မှု ဆိုင်ရာ ရန်ပုံငွေ ရှာဖွေပေး သည့် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Pozible ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ကာ ဈေးကွက်လှုပ်ရှားမှု တစ်ရပ်ကို ဆောင်ရွက် ခဲ့သည်။
ယင်းလှုပ်ရှားမှု အရ စမတ်နာရီပေါင်း ၁၀၀ ကို ဒေါ်လာ ၇ ဒေါ်လာ ဈေးဖြင့် ရောင်းချပေးမည် ဖြစ်သလို လှုဒါန်း ပါဝင်လိုသူများ ကလည်းအလှုငွေထည့်ဝင် နိုင် သည်။ ဒေါ်လာ ၇ ဒေါ်လာ ထည့်ဝင်ရုံဖြင့် စမတ်နာရီ တစ်လုံး ရရှိ နိုင်သည့် အခွင့်အရေး တစ်ရပ်ကို Fastfox ကုမ္ပဏီက ဆောင်ရွက် နေခြင်း ဖြစ်သည်။
အကယ်၍ ဒေါ်လာ ၈ ဒေါ်လာ ထည့်ဝင်ပါက အနက်ရောင် စမတ်နာရီ တစ်လုံးကို ရရှိနိုင်သည့် အခွင့်အရေး ရှိပြီး အရောင်နှင့် စိတ်ကြိုက် ဒီဇိုင်း ပုံစံ မျိုးကို ကံ စမ်းလိုပါက ဒေါ်လာ ၉ဒေါ်လာ ထည့်ဝင်ရုံဖြင့် အခွင့်အရေး ရှိနိုင်မည် ဖြစ်သည်။
ယင်းသို့ Fastfox ကုမ္ပဏီ၏ လုပ်ဆောင်မှုသည် ဒီဇင်ဘာ ၂၄ ရက်နေ့ နောက်ဆုံး ဖြစ်သည်။ လက်ရှိ အချိန် ဒီဇင်ဘာ ၄ ရက် အတွင်း၌ပင် ယင်းလှုပ်ရှား မှုသို့ပါဝင်သူပေါင်း ၅၂၉ ဦး ရှိပြီး ငွေကြေး အားဖြင့်လည်း ဒေါ်လာ ၇၂၀၀ ကျော် ရရှိထားပြီ ဖြစ်သည်။
"ကျန်းမာရေး လိုက်စားသူတွေ အနေနဲ့ သွေးပေါင် ချိန်တို့၊ နှလုံးခုန်နှုန်းတို့ စတာတွေကို မှတ်တမ်းတင် သိရှိနိုင်မှာ ဖြစ်တဲ့ စမတ်နာရီတွေ အသုံးပြု မှုဟာ တွင် ကျယ် လာမှာပါ။ ဒါပေမဲ့လည်း လူတွေ သုံးစွဲနိုင်ဖို့က ဈေးနှုန်းက အရမ်းကြီး မြင့်လွန်း နေပါတယ်"ဟု Fastfox ကို ည်ထောင်သူ လွီချောင်က ပြောခဲ့ သည်။
Fastfox ၏စမတ်နာရီသည် ကျန်းမာရေး အတွက် အသုံးတည့်သောအက်ပလီကေး ရှင်းများကို အဓိက ထည့်သွင်း ထားပြီး နောင်တွင် ဈေးကွက်သို့ ဝင်ရောက် လာတော့မည့် Apple ကုမ္ပဏီကြီး ကဲ့သို့သော ကုမ္ပဏီများ၏ ထုတ်ကုန် များနှင့် မနီးရင်းစွဲ ရှိမည့် စမတ်နာရီများ ဖြစ်သည်ဟု ဆိုသည်။
"ဒါက နည်းပညာသစ် ပါပဲ။ လူအများစုက စမတ်နာရီတွေ ဝတ်ဆင်လို ကြတယ်။ ဈေးကြီးလို့ မတတ်နိုင် ကြရှာဘူး။ ကျွန်တော်တို့ က အားကစားတီရှပ်အင်္ကျီ တစ်ထည် ဝယ်သလို စမတ်နာရီ တွေကို ဝယ်နိုင် ကြစေချင် တာပါ။ ပြီးတော့ သူတို့ ရဲ့ကျန်းမာရေး အတွက် အကူအညီ ပေးလိုတာပဲ ဖြစ်ပါတယ်"ဟု လွီချောင် က ပြောခဲ့သည်။
Fastfox ၏ စမတ်နာရီ ဝတ်ဆင်ခြင်းဖြင့် လမ်းလျှောက်ခြင်း၊ အပြေးကျင့်ခြင်း အတိုင်းအတာ အကွာအဝေးကို သိရှိ မှတ်သား နိုင်မည် ဖြစ်သလို ကယ်လိုရီစား သုံးမှု ပမာဏကိုလည်း မှတ်တမ်းတင်ပေး နိုင်မည်ဟု ဆိုသည်။ ထို့ပြင် ယင်းနာရီများက ရေစိမ်ခံ နာရီများ ဖြစ်ပြီး ဘတ်ထရီ မှာလည်း လေးလမှ ခြောက်လ အထိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း တီထွင်ဖန်တီး ခဲ့သူ များက ပြောခဲ့သည်။
No comments:
Post a Comment