Friday, December 26, 2014

မြန်မာနိုင်ငံ၏ ပထမဆုံးမောင်း သူမဲ့လေ ယာဉ်ငယ် စတင်ပျံ သန်းနိုင်ပြီ

မောင်မန်း

မြန်မာနိုင်ငံ၏ ပထမဆုံး မောင်းသူ မဲ့လေယာဉ်ငယ် (MACEU 05) ကို စတင် ပျံသန်းနိုင် ပြီဖြစ်ပြီး ယင်းလေယာဉ်ကို သုတေသန လုပ်ငန်း များနှင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြု သွားမည်ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ် ၊မောင်းသူ မဲ့လေယာဉ် သုတေသန ဌာန ဌာနမှူး ဒေါက်တာ သဲမောင်မောင်က မဇ္ဈိမကို ပြောသည်။

ဒေါက်တာ သဲမောင်မောင်က "မောင်းသူ မဲ့လေယာဉ်ကို အောင်မြင်စွာ တီထွင်နိုင် ခဲ့ပါပြီ။ ဒီလေယာဉ်ကို သုတေသန လုပ်ငန်းတွေနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်တား ဆီးရေး လုပ်ငန်းတွေမှာ အသုံးပြု သွားပါမယ်" ဟု ဆိုသည်။

MACEU 05 မောင်းသူမဲ့လေယာဉ်ဖြင့် 500 KVA ဓါတ်အား လိုင်းသွယ် တန်းမည့် လုပ်ငန်းအတွက်တောင်ငူမှ ဘုရားကြီးအထိ အကွာအဝေးမိုင် ၁၂၀၏မြေပြင် အနေ အထားလေ့ လာခြင်း အတွက် စတင် အသုံးပြုပြီးဖြစ် သည်ဟု ဒေါက်တာ သဲမောင်မောင်က ဆိုသည်။

၎င်းက "လေယာဉ်ဖြတ်ပြီး ပျံသန်းတဲ့ တစ်လျှောက်မှာ တောင်ကုန်းတောင် တန်းတွေ၊ ရေလှောင် တမံတွေ ပေါ်ကနေ ဖြတ်သန်းပြီး ကောင်းကင် ဓာတ်ပုံတွေ ရိုက်နိုင် ခဲ့ပါတယ်။ အကြိမ်ကြိမ် စမ်းသပ်လေ့ လာခဲ့တဲ့ အတွက် ရလာဒ်ကောင်းတွေ ရခဲ့ပါတယ်" ဟု ဆိုသည်။

ကောင်းကင် ဓါတ်ပုံ ရိုက်ကူးခြင်း အတွက် ကိုရီးယားနိုင်ငံက တာဝန် ယူခြင်းဖြစ် ပြီးလေယာဉ် ပျံသန်းခြင်း အတွက် ပြည်တွင်း ပညာရှင် များက တာဝန်ယူ ထားခြင်း ဖြစ်သည် ဟုလည်း ဒေါက်တာ သဲမောင်မောင်က ဆိုသည်။

ချင်းပြည်နယ် အတွင်းတီးတိန်မှ ကုန်သွယ်လမ်းဖောက် လုပ်မှုတွင် မြေပြင်လေ့လာခြင်း များကိုယင်းလေယာဉ် အသုံးပြု မည်ဆိုပါက လုပ်ငန်းပိုမိုတွင်ကျယ်နိုင် မည်ဟု ချင်းပြည်နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက "တီးတိန်ကနေ ကုန်သွယ်ရေးလမ်းဖောက်နေ တာရှိတယ်။ အဲ့ဒီမှာ မြေပြင်လေ့လာတာကို တောတိုး လုပ်နေကြတာ။ ဒီလေယာဉ်နဲ့ဆို အချိန် ကုန်သက် သာမှာပဲ" ဟု ဆိုသည်။

မောင်းသူ မဲ့လေယာဉ် သုတေသန လုပ်ငန်းကို လေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ်ကျောင်းသား များ၏ ပရော့ဂျက် အပေါ် ဆရာများက ဆင့်ပွား တီထွင် ခဲ့ခြင်းဖြစ် သည်ဟု ဒေါက်တာ သဲမောင်မောင်က ဆိုသည်။

ယင်းသုတေသန လုပ်ငန်းကို ၂၀၀၉ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း အပြီးတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများ တွင် အသုံးပြုနိုင် ရန်အတွက် စမ်းသပ်ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လေယာဉ်ပျံ တက်စဉ်တွင် ပြေးလမ်း တလျှောက် ရီမုဒ်ဖြင့် ထိန်းချုပ်ပြီး လေပေါ် စတင် ပျံသန်းသည့် အချိန်တွင် Fully Auto Pilot Control (အလိုအလျှောက် ထိန်းချုပ် သည့်စနစ်) ဖြင့် မြေပြင်မှ ထိန်းချုပ်သည်ဟု မောင်းသူ မဲ့လေယာဉ် သုတေသနဌာန မှ ဒုတိယပါမောက္ခ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

မြေပြင်မှ ထိန်းချုပ်သည့် စနစ်ကို ပြည်တွင်း၌ပင် ပြည်တွင်းပညာရှင်များက အဆင့်အဆင့် စမ်းသပ်တီထွင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။

ဒေါက်တာ ခိုင်ခိုင်စိုးက "လေယာဉ်ကို အဆင့်ဆင့် စမ်းသပ်ပြီးမှ ပျံသန်းလို့ရတဲ့ အနေ အထားကို ရောက်လာခဲ့ တာပါ။ အလိုအလျှောက်မြေပြင်က ထိန်းချုပ်တဲ့ စနစ်ကို ပြည်တွင်းမှာပဲ ကိုယ်တိုင်လုပ်တာပါ။ မြေပြင်မှာ ဆော့ဖ်ဝဲရော ဟက်ဒ်ဝဲပါ အဆင့်အဆင့် စမ်းသပ်ပြီး သုတေသန လုပ်ခဲ့ပါတယ်" ဟု ဆိုသည်။

လေယာဉ်အရွယ်အစားမှာ ဦးမှ အမြီး အထိအလျား ၂ ဒသမ ၁ မီတာ၊ အတောင်အလျား ၂ ဒသမ ၇ မီတာရှိမည် ဖြစ်သည်။ အမြင့်ပေ ၁၂၀၀ မီတာ အထိတွင် အကွာအဝေး ၅၀ ကီလိုမီတာ အထိပျံသန်းနိုင်မည် ဖြစ်ပြီး အင်ဂျင်ပါဝါ 4HP ရှိမည်ဖြစ်သည်။

အလေးချိန် ၂ ကီလိုဂရမ် (၄ ပေါင်)ကို သယ်ဆောင်သွားနိုင်ပြီး ပျံသန်းချိန် တစ်နာရီ အထိ လေထဲတွင်ပျံသန်းနိုင်မည် ဖြစ်သည်။ ဆီသိုလှောင်နိုင်မှု ၂ ဒသမ ၂ လီတာ ရှိမည် ဖြစ်သည်။ပြေလမ်းမှ ပျံတက်ရသည့် အမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှည် ၂၅၀ မီတာရှိမည် ဖြစ်သည်။

လေယာဉ်ကိုယ်ထည်ကို ပေါ့ပါးခိုင်မာသည့် သစ်သားတစ်မျိုးဖြင့် တည်ဆောက်ထားပြီး တန်ဖိုး ကျပ် သိန်း တစ်ရာ့ငါးဆယ်ခန့်ရှိမည် ဖြစ်သည်။

No comments: