အေးမြင့်စန်း
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖမ်းမမိသေးသော လူကုန်ကူး တရားခံပြေးဦးရေ ၂၀ ကျော်ရှိ နေသည် ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တပ်ဖွဲ့မှူး၊ မှုခင်းဌာန၊ ဌာနစုမှူး ရဲမှူး အေးအေးမြင့်က ပြောသည်။
ယင်းတို့အနက် အမျိုးသမီးတရားခံ ၂၂ ဦး ပါဝင်ပြီး အမျိုးသားလေးဦး ပါဝင်ကာ တရုတ်နိုင်ငံသား အဖြစ်ခံယူထားသည့် မြန်မာနိုင်ငံသား များလည်း ပါဝင်နေသည်ဟု ၎င်းက ဆိုသည်။
ထိုသူတို့ကို ဓာတ်ပုံမှတ်တမ်းအတိ အကျကို ရယူထားနိုင်ခြင်းမရှိဘဲ လူကုန်ကူးခံရသူများ၏ တိုင်ချက်များ အရ သိရှိရသည့် အနီးစပ်ဆုံး အမည် များ၊ ပုံစံများကိုရေးဆွဲကာ လွယ်ဂျယ်- ကျန်းဖုန်း၊ လောက်ကိုင်- နန့်ဆန်၊ မူဆယ်-ရွှေလီနှင့် ကျယ်ဂေါင်ရှိ နယ် စပ်ဆက်ဆံရေးရုံးများ (Border Liaison Office) များမှ တစ်ဆင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့ ပေးပို့ထားသည်ဟု ရဲမှူး အေးအေးမြင့်က ပြောသည်။
လူကုန်ကူး မှုခင်းများတွင် တရားခံများက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များမှ တစ်ဆင့် ခေါ်ဆောင်သွားခြင်း၊ လက်ပြောင်းလက်လွှဲ အဆင့်ဆင့်ဖြင့် ခေါ်ဆောင်သွားခြင်းကြောင့် တိုင်ချက်ဖွင့်သူ တရားလိုမှာ တရားခံ ပြေးများ၏ အမည်ကို အတိအကျမ ပြောနိုင်ဟု ၎င်းက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားပြည်နယ်တွင် ဖော်ထုတ်ရမိသည့် လူကုန်ကူးခံရသူ မြန်မာအ မျိုးသမီး ၁၁ ဦးကို လွှဲပြောင်းပေးလိုက်သည်ဟု ဆင်ဟွာသတင်းစာတွင် နိုဝင်ဘာ ၂၄ ရက် ဖော်ပြချက်မှာ မှားယွင်းနေသည်ဟု ဆိုသည်။
No comments:
Post a Comment