Thursday, December 25, 2014

ငရုပ်ကောင်းကျောက် မီးသွေး စက်ရုံ ဆောက်ရန် ဆုံးဖြတ်ထားပြီး ဒေသခံများနှင့် ညှိနှိုင်းဆောင် ရွက်မည်ဟုဆို

စည်သူမောင်မောင်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့နယ်ခွဲမှ ကျောက်မီးသွေး စက်ရုံကို တည်ဆောက်ရန် ဆုံးဖြတ် ထားပြီးဖြစ်၍ ဒေသခံပြည် သူများကို နားလည်အောင် ရှင်းပြကာ ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဒီဇင်ဘာ ၂၃ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြု လုပ်သည့် အစိုးရ အဖွဲ့နှင့် မြို့မိမြို့ဖများ၊ လူမှု အဖွဲ့ အစည်းများ၊ မီဒီယာများ တွေ့ဆုံပွဲ၌ ပြောကြား လိုက်သည်။

"ကျွန်တော့် သဘောာထား ပြောရရင် ဆက်လုပ်ဖို့ စဉ်းစား ထားပါတယ်။ ပြီးရင်လည်း ဒါလေးကို မိဘပြည် သူတွေ နားလည်အောင် နားလည် ထိအောင်ရှင်းပြ ပြီးဆောင် ရွက်မယ်လို့ စဉ်းစားထားပါတယ်၊ အကြောင်းရင်းက ကျွန်တော် ကိုယ်တိုင် စက်ရုံနဲ့ ပတ်သက်ပြီးတော့ မျက်မြင်ဘာမှ ပတ်ဝန်းကျင် ကိုမထိ ခိုက်ဘူး၊ ဂက်စ်တွေလည်း အပြင်မ ထွက်အောင် သူ့ဟာသူ စီမံသွားတယ်"ဟု ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။

ယင်းစက်ရုံ လုပ်ကိုင်ခွင့် အတွက် သဘော တူစာချုပ် ချုပ်ဆိုပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်လျှင် စက်ရုံ ပိတ်သိမ်း ရမည် ဟူသည့် အချက် ကိုလည်းထည့် သွင်းချုပ် ဆိုမည်ဟု ၎င်းက ဆိုသည်။

ငရုပ်ကောင်း ကျောက် မီးသွေး စက်ရုံကို ဂျပန် ကုမ္ပဏီနှင့် မြန်မာနိုင်ငံက A1 Energy တို့က မဂ္ဂါဝပ် ၃၀၀ရှိသည့် စက်ရုံ နှစ်ခု တည်ဆောက် မည်ဖြစ် ပြီးလုပ် ကိုင် ခွင့်ကို ၂၅နှစ် လုပ်ကိုင်ရန် သဘောတူ စာချုပ်ချုပ် ဆိုမည် ဖြစ်သည်။

ယင်းစက်ရုံ တည်ဆောက်ပါကကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအတွက်ရေအမြောက်အမြား လိုအပ်ပြီး ထိုရေမှာလည်း ရေချို၊ ရေသန့် သာဖြစ်ရမည်ဖြစ် ၍ငရုတ်ကောင်း ဒေသ၏ မြေအောက် ရေချို ပြတ်လပ်မှုကို ဒေသခံများ ကြုံတွေ့ နိုင်သည်ဟု ဆိုကာ စက်ရုံ တည်ဆောက်ရန် လျာထား ထားသည့် အစီအစဉ် အားပြန်လည် သုံးသပ်သင့်သည်ဟု တိုက်တွန်းကြောင်း အရေးကြီး အဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရေမြို့မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဒေါက် တာလှမြတ်သွေးက နိုဝင်ဘာ ၁၄ရက်က ကျင်းပသည့် ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ယင်းအဆို တင်သွင်းသည့် နေ့တွင် ဝန်ကြီးချုပ် ဦးသိန်းအောင်က "ဒေသခံတွေ ကန့်ကွက်ရင် ဘယ်လုပ်မလဲ။ ဒေသခံတွေ အနေနဲ့ က လက်မ ခံတော့ ဘူးဆို ရင်မ လုပ်ပါဘူး၊ နားလည်အောင်တော့ ရှင်းပြမှာပါ"ဟု မီဒီယာများကို ပြောကြားခဲ့သည်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသည့် မီးခိုးငွေ့များ၊ ဓာတ်ငွေ့ များသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဟု စိမ်းလန်း အမိမြေ အဖွဲ့မှ ဒါရိုက်တာ ဦးဝင်းမျိုးသူက မဇ္ဈိမကို ပြောသည်။

"ကျောက်မီးသွေး ဆိုတာ ကမ္ဘာ အထိခိုက် ဆုံးဆိုတာ၊ ကျောက်မီးသွေး စက်ရုံ ထွက်လာတဲ့ မီးခို့ တွေ၊ ဓါတ်ငွေ့တွေ ဘယ်လောက် ဝေးဝေးသွား မှာလဲဆိုတဲ့ အပေါ်ကို မူတည်နေပါတယ်၊ မြေပြင်လို နေရာမျိုးဆိုရင်တော့ မိုင်၅၀နဲ့ ၁၀၀ကြားတော့ထိမှာပဲ၊ ရုပ်ကောင်းလို နေရာ မျိုးမှာတော့ ဘယ်လို ထုတ်ထုတ် ရခိုင် ရိုးမကျော်နိုင်အောင် ထုတ်လုပ်နိုင်မယ်လို့ မထင်ဘူး၊ တောင်တန်းတွေထိမယ်၊ပင်လယ်ထဲကျရင် ရေထုထိမယ်"ဟု ဦးဝင်းမျိုးသူက ပြောသည်။

ငရုပ်ကောင်းဒေသခံ ပြည်သူများကလည်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုကို ကန့်ကွက်သည့်အနေဖြင့် သမ္မတထံ စာတင်ရန် စီစဉ်နေသည်။

ယင်းစက်ရုံ တည်ဆောက်ရန် ကွင်းဆင်းစစ်ဆေးမှုများကို ဂျပန်ကုမ္ပဏီနှင့် A1 Energy တို့ ပူးပေါင်းကာ ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း ပြုလုပ် ခဲ့သည်။ စက်ရုံနှစ်ရုံ စုစုပေါင်းအတွက် မြေဧက ၂၀၀ဝန်းကျင် အသုံးပြုကာ ငရုပ်ကောင်း ပင်လယ်အော်၌ တည်ဆောက်မည်ဟု သိရသည်။

No comments: