Thursday, December 25, 2014

ချောက်မြို့တွင် ရေမီတာခ လျှော့ချရေး အင်အား ၃၀၀ခန့်ဖြင့် ဆန္ဒပြ

ဝိုင်းအောင်

ရေမီတာဈေးနှုန်း ကျဆင်းရေး အတွက် ဒီဇင်ဘာလ ၂၄ရက်က NLD ပါတီမှ ဦးဆောင်၍ အင်အား ၃၀၀ ခန့်ဖြင့် ချောက်မြို့တွင် ဆန္ဒပြခဲ့ သည်။

ဆန္ဒပြခြင်းကို နံနက် ၁၀ နာရီမှ စတင်ကာ ချောက်မြို့NLD ပါတီရုံးရှိရာ ဦးဖိုးဟန်လမ်း၊ လမ်းမတော်လမ်းမှ အ.ထ. က (၃)လမ်းမှ ဗန္ဓုလလမ်း၊ ပျဉ်းမလမ်း၊ ကမ်းနားလမ်း၊ ရေနံကလပ်လမ်းမှ လမ်းမတော်လမ်းအထိ စီတန်းလှည့်လည်ခဲ့ကြပြီးနောက အေးစေတီ ကွင်းသို့ ချီတက်ကြကာ NLDပါတီလူငယ် ကိုခန့်ငြိမ်း ကျော်နှင့် အမှုဆောင် အဖွဲ့ဝင် လေးဦးတို့က လူထုဟောပြော ပွဲပြုလုပ် ခဲ့ကြသည်။

၎င်းတို့က ချောက်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေ တစ်ယူနစ်လျှင် ကျပ် ၄၀၀ဖြင့် ကောက်ခံနေခြင်းအပေါ် ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြသူ ဦးသန်းတင်က "ရေမီတာဈေးနှုန်းကို မလျော့ဘူးဆိုရင်၊ ဥပဒေအရ လွှတ်တော် အဆင့်ဆင့် အထိ တင်ပြတောင်း ဆိုသွားမယ်။ အများပြည်သူများ နစ်နာလို့ အခု လိုဆန္ဒပြ ကြတာပါ၊ ယခုလာတဲ့ သူတွေက ဘယ်သူက မှအမိန့် အာဏာနဲ့ခေါ် လို့လာတဲ့ သူတွေ မပါပါဘူး၊ နေ့တွက်စရိတ် ၃၀၀၀ ပေးပြီးခေါ်လို့ လာ ကြတာ မဟုတ်ပါဘူး"ဟု ပြောသည်။

ယခင် ဈေးနှုန်းအတိုင်း ၂၀၀ ကျပ်သာ ကောက်ခံစေရန်အတွက် ရေမီတာဈေးနှုန်း မူလအတိုင်း ထားရှိရေး (ဒို့အရေး)၊ လူထုမပါ တဲ့စည်ပင်ကြီး ကြပ်ရေးကော် မတီ (အလိုမရှိ)၊ လူထုဆန္ဒနှင့်အညီ စည်ပင် ကြီးကြပ်ရေးကော်မတီ (ဖွဲ့စည်းပေး)စသည့် ပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့သည်။

အဆိုပါ ရေပေးဝေခြင်းကို ချောက်မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တစ်ဂါလံလျှင် ကျပ် ၁၂၈ဖြင့် ဝယ်ယူကာရေ နံမြေဌာန မှရေစက်ဖြင့်ဖြန့်ဖြူးပေးဝေနေ ခြင်းဖြစ်ပြီး အိမ်ပေါင်း ၇၄၃ စုမှ ရေသုံးစွဲသူပေါင်း ၉၀၀၀ ခန့်ကို ဖြန့်ဖြူးပေး လျှက်ရှိသည်။

ထိုထဲမှ ရေသုံးစွဲသူ ပေါင်း ၄၀၀၀ ကို ရေမီတာတပ်ဆင်ပေးကာ ရေတစ်ယူနစ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်ကောက်ခံခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်စတင် ကာရေတစ် ယူနစ်လျှင် ကျပ် ၄၀၀ အထိတိုးမြှင့်ကောက်ခံခဲ့သည်။ ထပ်မံ၍ ရေသုံးစွဲသူ ၅၀၀၀ ကို ရေမီတာ တိုးချဲ့တပ်ဆင်မည် ဖြစ်သည်။

ချောက်မြို့စည်ပင်သာယာရေးကော်မတီ ဦးထင် EO က "တစ်ယူနစ်ကို ကျပ် ၃၀၀ အောက် ဈေးချပေးသွားမှာပါ။ ရေပေးချိန်ကိုလည်း သုံးရက် တစ်နာရီ၊တစ် ကြိမ်ပေးနေ တာကနေ နှစ်ရက်တစ်ကြိမ် ဒါမှမဟုတ်ရင် နေ့တိုင်းပေးနိုင်အောင် ဆောင်ရွက်ပါမယ်’’ ဟုပြောသည်။

စည်ပင်သာယာ ရေးကော်မတီမှ ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သည့် NLD အဖွဲ့ဝင် ငါးဦး တွေ့ဆုံရှင်း လင်းခဲ့ပြီး စည်ပင်သာ ယာရေးကော် မတီတို့ထပ်မံရေ သုံးစွဲမည့် ရေသုံးသူ ၅၀၀၀ ကို တိုးချဲ့ တပ်ဆင်ပြီးပါက လက်ရှိ ကောက်ခံနေသည့် ရေမီတာခများကို လျှော့ချကောက်ခံ မည့်အပြင် ရေပေးဝေရေး အကြိမ်ရေ ကိုလည်း တိုးမြှင့်ပေး မည်ဟု ၎င်းက ဆိုသည်။

ရေ တစ်ယူနစ် ကျပ် ၄၀၀ ကောက်ခံနေခြင်း မပြုမီ လူအင်အား ၇၀၀ကျော်ဖြင့် စည်ပင်သာယာရေး ကော်မတီ ၂၀၁၃ ခုနှစ်ဇူလိုင်လအတွင်း ကန့်ကွက်စာပေး ပို့ခဲ့ကြောင်း၊ NLD ပါတီသို့လည်း စည်ပင်သာယာ ရေးကို ရေမီတာကိစ္စကို တရားဝင်မေးမြန်းခဲ့ရာ အထက်အဖွဲ့အစည်း အဆင့်ဆင့် ခွင့်ပြုချက် အရရေတစ်ယူ နစ် လျှင် ငွေကျပ် ၄၀၀ ဖြင့် ကောက်ခံပါမည်ဟူသည့် စာတစ်ကြောင်းသာ အကြောင်းပြန်ကြားခဲ့ကြောင်း ဦးသန်းတင်က ဆိုသည်။

No comments: