ဇာဏီထွဏ်း
ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို အဆင်ပြေစေရန် ကွန်ကရစ် ဘလောက်တုံးများ ချထားခြင်းကို ရှက်မိသည်ဟု ရန်ကုန်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။ ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မ တီဝင်များ၊ ဌာနမှူးများက သတင်းမီဒီယာများကို ရှင်းလင်းခြင်း အခမ်းအနား တွင် ပြောကြားခြင်းဖြစ်သည်။
မြို့တော်ဝန်က “ကိုယ့်အနေနဲ့ ဘလောက်တုန်းတွေထားတာ အမှန်တိုင်းပြောရင် ရှက်လည်း ရှက်ပါတယ်။ သူများနိုင်ငံမှာ ဘလောက် တုံးတွေ လိုအပ်သလောက်ပဲ ချပါတယ်။ ဒီမှာတော့ ဘလောက်တုံးတွေ ချတာက သူတို့ရဲ့စည်းကမ်းလိုက်နာမှု အားနည်းတာ ကို ဖော်ပြ ရာရောက်တဲ့အတွက် နိုင်ငံခြားသားတွေမြင်ရင် ရှက် လည်းရှက်ပါတယ်။ မချလို့လည်းမရဘူး” ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ယာဉ်ကြောထိန်းသိမ်းရေးအတွက် အဓိက တာဝန် မရှိသော်လည်း ယာဉ်လမ်းကြော များ ပိတ်ဆို့မှု အဆင်ပြေစေရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မော် တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ မြို့တော်စည်ပင်တို့ ပူးပေါင်းကာ ကွန်က ရစ်ဘလောက်တုံးများကို ချထားခြင်းဖြစ်သည်။
တချို့နေရာများတွင် ကွန်ကရစ် ဘလောက်တုံးများ မချဘဲမျဉ်းဝါဖြင့် အမှတ်အသားပြုရန်လည်း ဆွေးနွေး ထားသည်။ ယင်းဘလောက်တုံး များကိုလည်း အမြဲတမ်းထားရှိမည်မဟုတ်ဘဲ ယာဉ်စည်းကမ်းလိုက်နာမှု အားကောင်းပြီး ယာဉ်သွားလာမှု စနစ်တကျဖြစ်သည့်အချိန်တွင် ဘလောက် တုံးများလည်း ပျောက်ကွယ် သွားမည်ဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်က ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေးအတွက် ခရီးသည်တင်ကားများ သီးသန့် မောင်းနှင်ရန် လမ်းမများတွင် မျဉ်းဝါများ ကို နိုဝင်ဘာလဆန်းမှ စတင်ရေးဆွဲခဲ့ပြီး အနော်ရထာလမ်းတွင် မျဉ်းဝါအစား ကွန်ကရစ်ဘ လောက်တုံးများကို ချထားသည့် စနစ်များကို စတင်ခဲ့သည်။ အဆိုပါ ဘလောက် တုံးနှင့် မျဉ်းဝါများကို ကျော်မောင်းသည့် ခရီးသည်တင်ကား ၄၆၀ ကျော်ကို နိုဝင်ဘာ လဆန်းမှ ဒီဇင်ဘာ ၁၂ ရက်အတွင်းရန်ကုန် တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ဖမ်းဆီးအရေးယူထားသည်။
No comments:
Post a Comment