ကြယ်ပြာ
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ နှင့် တရုတ် နှစ်နိုင်ငံမြေပိုင်နက် အငြင်းပွားနေခြင်းကို နောက်ဆုံး ဆုံးဖြတ်ချက် အနေဖြင့် ပြည်ေ ထာင်စု အစိုးရက မှသာလျှင် ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးက ပြောခဲ့သည်ဟု နမ့်ခမ်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းတင်ဦးက ပြောသည်။
တရုတ်နိုင်ငံဘက်မှ မြန်မာ့မြေပိုင် နက်ဖြစ်သည့် နမ့်ခမ်းမြို့နယ်၊ ကျေးခွန်ရွာ၊ မန့်နောင် ရွာနှင့် ကုန်းဆာရွာ တို့တွင် နယ်မြေ ၀င်ရောက် ကျူးကျော်နေခြင်း ကို ဖြေရှင်းပေးရန် ဒေသခံများ၊ အရပ်ဘက် အဖွဲ့ အစည်းများ နှင့် နိုင်ငံရေး ပါတီများက အကြိမ်ကြိမ်တောင်း ဆိုနေခဲ့ကြသည်မှာ ကိုးလခန့် ကြာမြင့်နေပြီဖြစ် သည်။
ဒီဇင်ဘာ ၃ ရက်က ကျင်းပသည့် ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးတွင် နမ့်ခမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်က ထပ်မံတင်ပြခဲ့ရာတွင်ပြတ်သား သည့်အဖြေမရရှိသဖြင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန် ကြီးနှင့်တွေ့ဆုံရာတွင် ထိုကဲ့သို့ အဖြေရရှိခဲ့ ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ကဆိုသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက မဖြေရှင်းနှုင်သေးတဲ့ အခြေအနေမှာဘဲ အငြင်းပွားမြေပေါ်မှာ ဒေသခံတွေကို တောင်ယာစိုက်ပျိုးမှုတွေမလုပ်ဖို့ စာထုတ်ထားတာ ကလုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်ကျွန်တော်တို့က ဒီစာတွေကို ဂရုမစိုက်ဘဲ ပုံမှန်အလုပ်လုပ်ကြဖို့ တိုက်တွန်းထားတယ်။ ပြည်ထောင်စု လွှတ်တော် ကိုလည်း ထပ် ပြီးတော့တင်ပြဖို့ လုပ်ထားပါပြီ” ဟု ၎င်းက ပြောသည်။
တစ်ဖက်နိုင်ငံမှ ကျူးကျော်နေသောမြေများကို မြန်မာနိုင်ငံမှ မြေစာရင်းဦးစီးဌာနက မေလအတွင်း နယ်စပ် ကို ပြန်လည်တိုင်းတာကာ ထိုမြေများကို တရုတ် အပိုင်အဖြစ် သတ်မှတ်ပေးခဲ့ခြင်းကြောင့် ဒေသခံများနှင့် ပြည်နယ်အစိုးရအကြား အငြင်းပွားမှုများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
နမ့်ခမ်းမြို့နှင့် မူဆယ်မြို့တို့မှ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့က နိုင်ငံတော်နယ်နိမိတ် ထိပါးစေမည့်အရေး ကာကွယ် ရန်နိုင် ငံစာချုပ်နှင့်အညီ တိုင်းတာဆောင်ရွက်ရန် နှင့် မိမိ ပိုက်နက် နယ်မြေဆုံးရှုံးစေမည့်ကိစ္စ လုပ်ဆောင်ကြသည့် မိမိနိုင်ငံသားများကို ထိရောက်စွာ အရေးယူ ပေး ရန်တို့ကို လွှတ်တော်များတွင် တင်ပြခဲ့ကြသည်။
သို့သော် တရုတ်ပိုင်မြေထဲတွင် မြန်မာတို့က မြေဧက ၄၂ဧကခန့် ကျူးကျော်ကာ စိုက်ပျိုးရေး လုပ်ကိုင်နေ ကြောင်းနှင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း တိုင်းတာစဉ် ကထိုရွာများ တစ်လျှောက် တွင်နေကြသည့် ရွာမိရွာဖ ၂၃ ဦးအား ခေါ်ယူရှင်းပြပြီး နောက်မှသာလျှင် တိုင်းတာ ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် တွင်သက် ဆိုင်ရာ ၀န်ကြီးဌာနက ပြန်လည်ဖြေ ကြားထား ခဲ့သည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က လက်ရှိဖြစ်ပေါ်နေသော မြေပိုင်နက် အငြင်းပွား နေခြင်းကို နိုင်ငံခြား ရေးဝန်ကြီး ဌာနမှ တစ်ဆင့် နှစ်နိုင်ငံ သံတမန် နည်းဖြင့် ဖြေရှင်းရန် စီစဉ် ထားကြောင်း နှင့် နှစ်ဖက် သံတမန် အဖွဲ့များဖြင့် နယ်စပ်တိုင်း တာရေးလုပ်ပြီး မှသာလျှင် မည်သူ မှားကြောင်း သိနိုင်မည် ဟု နိုဝင်ဘာလ အတွင်းက မဇ္ဈိမကို ပြောခဲ့သည်။
နယ်နိမိတ် သတ်မှတ်ခြင်းအပေါ် ဒေသခံများ ဖြစ်စေလိုသည့် သဘောထား ဆန္ဒများကို နမ့်ခမ်းမြို့နယ်ရှမ်း တိုင်းရင်းသား ဒီမိုက ရက်တစ် ပါတီ (ကျားဖြူ) မှကောက်ယူ စုဆောင်းနေသည်ဟု အဆိုပါပါတီ၏ အတွင်း ရေးမှူး စိုင်းထွန်းလှက မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment