ဝင်းကိုကိုလတ်
နေပြည်တော် ကောင်စီနယ်မြေအတွင်း အချုပ်ခန်းဆူပူမှု အပါအဝင် တာဝန်ပေါ့လျော့မှုဖြင့် ရဲဝန်ထမ်း ၂၀ ကို အရေးယူမှုများ ပြုလုပ်ခဲ့ သည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။
ယင်းအရေးယူမှုသည် နေပြည်တော် ကောင်စီနယ်မြေ တစ်ခုတည်းမှဖြစ်ပြီး ရဲမှူးအဆင့် သုံးဦး၊ ရဲအုပ် ခြောက်ဦး၊ ဒုရဲအုပ် တစ်ဦးနှင့် အခြားအဆင့် ၁၀ ဦးတို့ကို ဖေဖော်ဝါရီလတွင်းက ဖြစ်ပွားခဲ့သည့် အချုပ်ခန်းဆူပူမှုအပါအ၀င် တာဝန်ပေါ့လျော့မှုများကြောင့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
"တာဝန်ပေါ့လျော့တာတွေ၊ ကွပ်ကဲမှုအားနည်းတာတွေ၊ အကျင့်စာရိတ္တကြောင့် အရေးယူခဲ့ပါတယ်’’ ဟု ၎င်းက ဆိုသည်။
ထိုသို့အရေးယူမှုတွင် ရာထူးတစ်ဆင့်ချခြင်း၊ နှစ်ဆင့်ချခြင်းနှင့် နယ်ပြောင်းခြင်းတို့ကို အရေးယူခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးမရမီက စတင်တည်ဆောက်ခဲ့သည့် ပျဉ်းမနားမြို့မရဲတပ်ဖွဲ့၊ အချုပ်ခန်းတွင် လူ ၆၂ ဦးသာဆံ့သော်လည်း လက်ရှိအချိန်တွင် အချုပ်သား ၂၈၀ ကျော်အထိ နေထိုင်ရပြီး အချုပ်သားများ ဆူပူမှုဖြစ်ခြင်းကြောင့် တာဝန်ရှိသူ ရဲဝန်ထမ်း ၁၀ ဦးခန့်အား ရာထူးလျှော့ချ အရေးယူခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဖုန်းကတ်တောင်းခြင်း၊ စာရွက်စာတမ်းဖိုး တောင်းခံခြင်းများစသည့် လုပ်ရပ်များကြောင့် လည်းအရေးယူခဲ့သည်များလည်းရှိသည်ဟု ရဲမှူးကြီးက ပြောသည်။
နေပြည်တော်တိုင်းဒေသကြီး၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ယခင်က ရဲတပ်ဖွဲ့ဝင်များအတွက် စာရွက်စာတမ်းဖိုး၊ ကင်းလှည့်ရာတွင် ဆီဖိုးစသည့် စရိတ်များ ပံ့ပိုးပေးနေသည်ဟု ပြောသည်။
No comments:
Post a Comment