Thursday, December 11, 2014

ပန်းလှိုင်မြစ် တူးဖော်ခြင်းကြောင့် ဧရာဝတီတိုင်းရှိ အိမ်ခြေ ၃၀၀ကျော်ရွှေ့ပြောင်းရမည်

စည်သူမောင်မောင်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ် ကြောင်းရှင်း လင်းရေး တူးဖော်ခြင်း လုပ်ငန်း များကြောင့် မဲဇလီ၊၊ ညောင်ရွာ ၊ဌက်ပျောကျွန်း ၊ ခေတ္တရာကျေးရွာ အုပ်စုများ အတွင်းရှိ အိမ်ခြေ ၃၀၈လုံး နေရာရွှေ့ပြောင်းပေး ရမည်ဖြစ်၍ အခက်အခဲများ ရင်ဆိုင်နေရ သည်ဟု ကာယကံ ရှင်တို့ကပြော သည်။

''မိဘတွေ လက်ထက် စတင်နေထိုင် လာတာပါ၊ အခု မြစ်ပြန် လည်တူးဖော်ရေး စီမံကိန်းကြောင့် ဆင်းရဲပြီး လက်လုပ် လက်စားတွေ အတွက် အခက်အခဲ ဖြစ် သွားတယ်၊ တစ်ချို့ဆိုရင် ပြောင်းပြီး နေဖို့ နေရာစရာ လည်းမရှိ ဖျက်ပြီး ပစ္စည်းထားဖို့ တောင်နေ ရာမရှိဘူး၊ အခု ဖျက်ခိုင်း တာလည်း စာနဲ့လည်း မဟုတ်ဘူး ။ ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုက်ပြောလို့ ဖျက်ပေး လိုက်ရတာပါ။ မဲဇလီကျေးရွာနေ ဦးနိုင်ဦးက မီဒီယာများ ကိုပြောသည်။

ဆည်မြောင်း ဦးစီးဌာန တာဝန်ရှိ သူတစ် ဦးကမူ ''အုပ်ချုပ်ရေး ဖက်က အိမ်တွေ တန်ဖိုးတွက် ချက်ပြီးရင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနကို တင်ပြပြီး နစ်နာကြေး ပေးသွားမှာပါ။ ပြောင်းရွှေ့ဖို့ မြေနေရာကိုလည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မြေစာရင်းဦး စီးဌာနတို့က ရှာနေပါတယ်။အမြန်ဆုံးရဖို့ ဝိုင်းဝန်း လုပ်ဆောင်နေ ပါတယ်။ အိမ်ဖျက်ပေး ရမယ့် သူတွေ မကျန်အောင် စာရင်းကောက် နေပါတယ်"ဟု ပြောသည်။

မူလက အိမ်ခြေ ၄၀၀ ကျော် ရွှေ့ပြောင်းစေရန် စီစဉ်ထား သော်လည်း ကျေးရွာရပ် မိရပ်ဖနှင့် ဒေသခံတို့၏ တောင်းဆို မှုကြောင့် စိစစ်ကာ ၃၀၈ လုံး သို့လျှော့ပေးပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါကျေးရွာ များရှိ ဖျက်သိမ်းရမည့် အိမ်ထောင်စုများအတွက် နစ်နာကြေး စိစစ်ရေး အဖွဲ့များဖွဲ့၍ တန်ဖိုးတွက် ချက်ပေးလျော်ရန် စီစဉ် မည်ဖြစ်ပြီး၂၀၁၅ ခုနှစ် မတ်လ နောက်ဆုံးထား၍ လျော်ကြေးပေးရန် မျှော်မှန်ထားသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မဲဇလီကျေးရွာတွင် နေထိုင်သူ မမဉ္ဇူသင်းကမူ “အောက်ခြေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဖျက်ခိုင်း တာပဲရှိတယ်၊ တာဝန် မယူဘူး မြေနေရာလည်း အခုထိ မရှာပေး သေးဘူး၊ တချို့ကျေးရွာ မှာတော့ အုပ်ချုပ်ရေးမှူးက လုပ်ဆောင် ပေးတယ်၊ အခု ကျောင်းသားတွေ ပညာရေး အတွက်လည်း အခက်အခဲ တွေဖြစ် တယ်၊ လက်လုပ် လက်စား တွေဆို အိမ်ဖျက်ဖို့ ရှာရတာနဲ့ စားဖို့တောင် မလုပ်နိုင်ဘူး၊ ဖျက်ပေးလိုက်ရတယ်။ အိမ်မြေ နေရာ အတိုင်းပြန် လိုချင်တယ်။ကျွန်မ တို့ နေဖို့ မြေပြန်ရရင် ကျေနပ် ပါတယ် ဟု ပြောသည်။

ပန်းလှိုင်မြစ်သည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တို့ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်ဖြစ်ပြီး ရန်ကုန်တိုင်း အတွင်း ၃၄ မိုင်၊ ၃ဖာလုံ၊ ဧရာဝတီတိုင်း အတွင်း ၈.၇မိုင် အရှည်ရှိကာ ညောင်တုန်း မြို့နယ် မဲဇလီမှ ရန်ကုန်တိုင်းရှိ ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်ဆုံရာ နေရာ အထိ မြစ်ကြောင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက် နေသည်ဟု ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ အဆိုပါ လုပ်ငန်းများကို တည်ဆောက်ရေး အမှတ် ၁၊ ၉နှင့် ရန်ကုန်တိုင်း ဆည်မြောင်းဦးစီးဌာ နတို့က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။

No comments: