သက်အောင်(ဇေယျဝတီ)
မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (မကဒတ / ABSDF) ကျောင်းသား တပ်မတော် ဖွဲ့စည်း ထူထောင်ခြင်း (၂၅)နှစ်မြောက် ငွေရတု အထိမ်း အမှတ်အဖြစ် ကျဆုံးသူ များအတွက် ရေစက်သွန်းချ အမျှပေး ဝေခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကို တောင်ငူမြို့၊ ခေမာလမ်း၊ စည်ပင်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ ၂၀ရက်က ကျင်းပသည်။
အခမ်းအနားတွင် သံဃာတော် (၂၅)ပါး ပင့်ဖိတ်၍ ကျဆုံးသွားသော မိသားစုဝင် များနှင့်အတူ ရေစက် သွန်းချ အမျှပေးဝေ ခဲ့ကြပြီးနောက် ကျဆုံးသူရဲဘော် များ၏ ကျန်ရစ်သူ မိသားစုဝင် များကို ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် အဖွဲ့ဝင်များမှ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် သည်။
ထို့နောက် အမှတ်တရ ဂုဏ်ပြုစကားပြော ဆိုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း များကို ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၂) နယ်မြေ တောင် ငူခရိုင်မှ ဗိုလ်မှူးထွန်းကဲနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂ (ဗကသ) ခေါင်းဆောင် ကျော်ကိုကိုတို့က ပြုလုပ်သည်။
မြန်မာနိုင်ငံ ဒိမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွား ခဲ့သော ABSDF ရဲဘော်(၇၀၀)ကျော်ရှိ ခဲ့ကြောင်း၊ ABSDF ကပြည်တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အင်အားစုများ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေး ပွဲဖြစ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်း တူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်ကို အာမခံချက် ရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရေး အပါအဝင် အသွင်ကူး ပြောင်းရေး လုပ်ငန်း စဉ်တစ် ရပ် ပေါ်ထွန်းရေးလုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နေသည်ဟု ရဲဘော်သံခဲက ပြောသည်။
ABSDF သည် ၁၉၈၈ခုနှစ် မြန်မာ့ ဒီမိုကရေစီ အရေးတော် ပုံအပြီး ကျောင်းသား လူငယ်များဖြင့် ဖွဲ့စည်း ထားသော တပ်မတော်ဖြစ်သည်။ ထို့နောက် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ မှစတင်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်တွင် ပထမ အကြိမ်ပြည်ထောင် စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ သဘောတူညီချက်များ ရယူလက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်သည်။
No comments:
Post a Comment