Wednesday, December 10, 2014

မူဆယ်စီးပွားရေးဇုန် အကောင်အထည် ဖော်သော်လည်း တိကျသောမူဘောင် မရှိဖြစ်နေဟု ဆို

နိုင်နိုင်ဇော်

မူဆယ်ဗဟို စီးပွားရေးဇုန်နှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်သော်လည်း တိကျ သော မူဘောင် သတ်မှတ်ချက် မရှိခြင်းကြောင့် လုပ်ငန်းရှင် အများစု လုပ်ငန်းဆောင်ရွက်ဖို့ထက် မြေဈေးမြင့် တက်မှုကိုသာ စိတ်ဝင်စားနေ ကြသည်ဟု နယ်စပ်အခြေစိုက် လုပ်ငန်းရှင်များက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် ဗဟိုစီးပွားရေးဇုန် စီမံကိန်းကို ကျပ်ငွေ ၉၃ ဘီလီယံကျော်ဖြင့် လုပ်ဆောင်နေပြီး မည်သည့် လုပ်ငန်းအမျိုးအစားများ အဓိက ထားရင်းနှီးလုပ်ကိုင်ရမည်ကို အတိအကျ မသိရှိခြင်း ကြောင့် ထို့ကဲ့သို့ဖြစ်နေရခြင်းဟု နယ်စပ်ဆန်ကုန်သည် ဦးမောင်မောင်က ဆိုသည်။

“စီးပွားရေးဇုန်လုပ်တာ ကောင်းပါတယ်။ ကျွန်တော်တို့ မေးတာက ဘာစီးပွားရေးဇုန်လဲ၊ ဘာလုပ်ငန်းတွေကို အဓိကထား ဖွံ့ဖြိုးစေချင်တာလဲ။ စက်မှုလုပ်ငန်းလား၊ အစားအသောက်နဲ့ဆိုင်တဲ့ processing လုပ်ငန်း တွေကိုလား။ အခုအချိန်ထိ ဘာမှမသိတော့ လုပ်ငန်းရှင်တွေလည်း နောက်ဆို ဈေးတက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ဦးမှုယူထားတာပဲရှိတယ်”ဟု ၎င်းက ပြောသည်။

မူဆယ်မြို့ကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ ကဲ့သို့ ဖွံ့ဖြိုးစေရန် လုပ်ဆောင်မှုသည် ရည်ရွယ်ချက် ကောင်းသော်လည်း ပါဝင်လုပ်ကိုင်မည့် လုပ်ငန်းအများစုမှာ တရုတ်နယ်စပ် နိုင်ငံများကဲ့သို့ လုပ်ငန်းစုံ စက်မှုလုပ်ငန်းများ ပါဝင်မှုမရှိဘဲ ကျောက်မျက်ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ လူနေ တိုက်ခန်းများကိုသာ အဓိကထားနေသည်ဟု လုပ်ငန်းရှင်များက ယူဆကြသည်။

No comments: