ဝင်းကိုကိုလတ်
ယခင် စစ်အစိုးရလက်ထက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ပြည် ခိုင်ဖြိုးပါတီ ထားဝယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မင်းသည် ကိုယ်စားလှယ် အဖြစ်မှ ဆန္ဒအလျောက်နုတ် ထွက်ခဲ့သည်ဟု သိရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ပြည်သူ့လွှတ်တော် အမိန့်ကြေညာစာ အမှတ် (၁၃၇၊ ၂၀၁၄) ကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၃၁ရက်စွဲ ဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏လက်မှတ်ဖြင့် ထုတ်ပြန် ခဲ့ ခြင်းဖြစ်သော်လည်းမည် သည့်အတွက်ကြောင့် ဟု ဖော်ပြမထားပေ။
အဆိုပါ ကြေညာချက်တွင် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ) အရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ခွင့် တင်ပြလာသော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မင်း ကို ၂၀၁၂ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ (က) နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၃၊ ပုဒ်မခွဲ (က) တို့အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်သည်ဟု ပါရှိသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၁၄၊ နည်းဥပဒေခွဲ(က)အရ ၂၀၁၄ ခုနှစ်၊ အောက်တို ဘာ ၃၁ ရက်မှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နေရာ လစ်လပ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ဦးကြည်မင်း၏ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက်ခြင်း ကို သေချာသိရှိခြင်း မရှိသော်လည်း ကျန်းမာရေးကြောင့်ဖြစ်မည်ဟု တယ်လီဖုန်းမှ တစ်ဆင့်ပြောကြား သည်။
၎င်းက “ဟိုတလောက ကျွန်တော်တို့ ပါတီဌာနချုပ်မှာ ချော်လဲပြီး တင်ပဆုံရိုး ကျိုးသွားတယ်။ ရန်ကုန်မှာကို တော်တော်ကု လိုက်ရတယ်။ အသက်အရွယ်အရ ကျန်းမာရေးကြောင့်ဖြစ်မယ်” ဟု ပြောသည်။ ယင်းနှင့်ပတ်သက်၍ ကာယကံရှင် ဦးကြည်မင်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ယင်းဖုန်းကို မကိုင်ဆောင်တော့ဟုသာ ဖြေကြားခဲ့သည်။
ဦးကြည်မင်းကို ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်တွင် (ယခု အသက် ၇၁ နှစ်) ထားဝယ်ခရိုင်၊ သရက် ချောင်းမြို့တွင် မွေးဖွားခဲ့ပြီး စစ်မှုထမ်းသက် တစ်လျှောက် စစ်မှုထမ်းကောင်းတံဆိပ်၊ နှစ် ၅၀ ရွှေရတုတံ ဆိပ်နှင့် စစ်မှုထမ်းသင်္ဂဟ တံဆိပ်များ ရရှိခဲ့သည်။
No comments:
Post a Comment