နိုင်နိုင်ဇော်
ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားကာ စက်မှုဇုန်မြေကွက်လွတ်ပိုင်ရှင်များ လုပ်ငန်းလုပ်ကိုင်မည့် စီမံကိန်း တင်ပြရန် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားသော်လည်း မြေ ကွက်လွတ် ၂,၄၀၀ ကျော်နှင့် ဂိုဒေါင်လွတ် ၁,၂၀၀ ကျော်တွင် တင်ပြသည့်လုပ်ငန်းရှင် ၆၈၀ သာရှိနေကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောသည်။
“အခု စာရင်းပိတ်ပြီး ၀န်ကြီးချုပ်ရုံးကို တင်လိုက်ပါတယ်။ ကျွန်တော်တို့ဆီကို မြေကွက်လွတ်ပိုင်ရှင်တွေ လာတင်ကတည်းက ၀န်ကြီးချုပ်ရုံးကိုပဲ တင်ပါဆိုပြီး လမ်းညွှန်ထားတယ်။ စီမံခန့်ခွဲရေးကော်မတီက သူတို့ ဆီက မိတ္ထူကိုပဲ ယူထားတယ်”ဟု ၎င်းက ဆိုသည်။
ဝန်ကြီးချုပ်ရုံးထံသို့ တင်ထားသည့် ၆၈၀ အတွင်းမှ လုပ်ငန်းစီမံကိန်း ယုတ္တိမတန်သည့် တင်ပြမှုများကို သက်ဆိုင်ရာအစိုးရ ဌာနက ပြန်လည် စိစစ်ရွေးချယ်သွားရန် ရှိနေသည်ဟု စီမံခန့်ခွဲရေးကော်မတီက ပြောသည်။
ဦးမြတ်သင်းအောင်က “အစိုးရက ကျန်ခဲ့တဲ့မြေကွက်တွေကို သိမ်းယူဖို့သေချာ သလောက်ရှိနေတယ်။ စီမံ ခန့်ခွဲရေးကော်မတီက နဂိုကတည်းက သူတို့ကို အသိပေးပေမယ့် မြေကွက်လွတ်ပိုင်ရှင်တွေကလည်း ဂရု သိပ်မစိုက်ကြဘူး” ဟု ဆိုသည်။
ဝန်ကြီးချုပ်ရုံးသို့ စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းရောက်ရှိနေပြီး စက်မှုဖွံ့ဖြိုးရေး ကော်မတီမှတစ်ဆင့် ဒု-သမ္မတထံ တင်ပြပြီး ဆုံးဖြတ်ချက်ထွက်ရှိလာမည်ဟုလည်း ၎င်းက ပြောသည
No comments:
Post a Comment