Wednesday, December 3, 2014

ဘာသာပေါင်းစုံ သဟဇာတ ဖြစ်မှု ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသမီး ကွန်ရက်ဖွဲ့

အေးမြင့်စန်း

ဘာသာပေါင်းစုံ သဟဇာ တဖြစ်မှုနှင့် လူမှု ပေါင်းစည်း ညီညွတ်ရေး ကို မြှင့်တင် ပေးသည့် လုပ်ငန်း များအား ပူးပေါင်းဆောင် ရွက်နိုင်ရန် ဘာသာ ပေါင်းစုံမှ အမျိုးသမီး များပါဝင်သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ မြန်မာနိုင်ငံ အမျိုးသမီး များကွန်ယက်ကို ဒီဇင်ဘာ ၂ ရက်တွင်စတင်ဖွဲ့စည်း လိုက်သည်။

ရန်ကုန်မြို့၊ ချက်ထရီ ဟိုတယ်တွင် ဘာသာရေး ခေါင်းဆောင် အမျိုးသမီးများ တက်ရောက်ကာ ကွန်ယက်ကို စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီး ကွန်ရက်က ထောက်ပံ့မှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

ယင်းကဲ့သို့ ကွန်ရက်ဖွဲ့ စည်းခြင်းသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ဟိန္ဒူ နှင့်မွတ်စလင်အသိုက်အဝန်းများမှအမျိုးသမီး ခေါင်းဆောင်များပူးပေါင်း ကာအမျိုး သမီးများ၏ လုပ်ပိုင်ခွင့်နှင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့် တင်ပေး ရန် နှင့် အမျိုးသမီး များ၏ ဂုဏ်သိက္ခာကို ပြန်လည် ရယူအပ်နှင်း ပေးမည့် လှုပ်ရှားမှုဖြစ် သည်ဟု ဘာသာ ပေါင်းစုံ အမျိုးသမီးများ ကွန်ယက်၏ ဥက္ကဋ္ဌ ဒေါ် ယဉ်ယဉ်မော်က ပြောသည်

ဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ငြိမ်းချမ်း ရေးသည် မရှိမဖြစ် လိုအပ် သည်ဖြစ်ရာ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေးကို တိုက်ရိုက် အကျိုးပြုသည့် ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုနှင့် လူမှုပေါင်း စည်းညီညွတ်ရေးကို မြှင့်တင်ပေးသည့် လုပ်ငန်းများကို ဘာသာပေါင်းစုံက အမျိုးသမီး များက ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ဟိန္ဒူ အမျိုးသမီး များအသင်း ဥက္ကဋ္ဌ ဒေါ်နီသားဂျီးက "လူမျိုးစွဲ တွေဖျောက် ဖို့လိုတယ်။ လူလူချင်း မုန်းစရာ အကြောင်းမရှိဖို့ လိုပါတယ်။ ကွန်ယက်ရဲ့ လှုပ်ရှား မှု တိုင်းမှာ လူ့အခွင့်အရေး ရှုထောင့်ကပဲ ဦးတည် လှုပ်ရှား သွားမယ်"ဟုပြောသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်သည် အမျိုးသမီး ဘာသာရေး အသင်း အဖွဲ့များ၊ ဘာသာရေးအဖွဲ့ အစည်းများနှင့် အဓိကဘာ သာကြီးလေးခု၏ အဖွဲ့ အစည်း စနစ်များမှ ကိုယ်စား လှယ်များဖြင့် ပါဝင်ဖွဲ့ စည်းထားသည်။

ဘာသာမ တူသူများကြား ပဋိပက္ခများ ဖြစ်ပွားမှုနှင့် ပြည်သူ လူထုကြား သွေးထိုး လှုံ့ဆော် မှုများကို ရှောင်ကြည်နိုင်ရန် ဘာသာပေါင်းစုံ ခေါင်းဆောင်များက အသိပညာပေးမှုကို ပူးပေါင်းလှုပ်ရှားမည်ဟုလည်း ကွန်ရက် ဖွဲ့စည်းခြင်း အခမ်းအနားသို့ တက်ရောက် လာသည့် ရွှေဘုံဦးကျောင်း ဆရာတော် ဦးဝဏ္ဏသီရိက မိန့်ကြားသည်။

မြန်မာနိုင်ငံရှိ လူမျိုးရေး ပဋိပက္ခများ၊လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများတွင် ပဋိပက္ခဒဏ် အခံရဆုံးသူများမှာ အမျိုးသမီးများအ များဆုံးပါဝင်နေ ရာ စစ်ဖြစ်ပွား ရာဒေသ များနှင့် အခြားပဋိပက္ခ ဒေသ များတွင် အမျိုးသမီး များသည် လုံခြုံမှု မရှိဘဲ အကာ အကွယ်မဲ့ ကျန်ရစ် ခဲ့ရခြင်း၊ အနိုင်အထက် ပြုကျင့် ခံရသော်လည်း ကျူးလွန်သူများကို အရေးယူ အပြစ်ပေး မှုမရှိခြင်းများ ရှိနေသည်ဟု ကွန်ယက် ဖွဲ့စည်းသည့် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အစ္စလာမ်ဓမ္မဗိမာန် ဆော်သြရေးမှူး အလ်တာဂျာဒေါ်စန်းစန်းတင့်က "မြန်မာနိုင်ငံမှာလည်း မတူကွဲပြားတဲ့ ဘာသာရေး သဘောတရားတွေကို အမျိုးသမီးတွေ က ထိန်းကျောင်းကာ အသိပညာ ပေးမယ်ဆိုရင် ဘာသာပေါင်းစုံငြိမ်းချမ်းမှုကို ပိုထိရောက်မှာပါ"ဟု ပြောသည်။

အဆိုပါ ကွန်ရက်တွင် မြန်မာနိုင်ငံရှိ အဓိကဘာသာရေး အဖွဲ့အစည်းများဖြစ်သော သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရတနာ့ မေတ္တာအဖွဲ့၊ ကက်သလစ် အသင်းေ တာ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများနှင့် အစ္စလာမ်ဓမ္မဗိမာန်တို့ပါဝင်သည်။

အမျိုးသမီးများ၏ အစွန်းရောက်မှုစိတ်ဓာတ်များကို ဘာသာရေး သဘော တရားဖြင့် ဖယ်ရှားပေးရန် ကွန်ယက်၏ လှုပ်ရှားမှုတွင် ပါဝင်သွား မည်ဟုလည်းကက် သလစ်အသင်းတော် တာဝန်ခံ သီလရှင် Sr. Veronica က ပြောသည်။

ကွန်ရက် ဖွဲ့စည်းခြင်း အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ တွဲဖက် စေ့စပ်ညှိနှိုင်းရေးမှူး ဂျပန်နိုင်ငံမှ သီလရှင် ဆရာကြီး ကိုရှိုနီဝါနို နှင့် အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ ဒု-အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ နယူးယောက်မှ ဘုန်းတော်ကြီး ကျိုအိချိဆူ ဂျီနို၊ ပြည်တွင်း၊ ပြည်ပ ဘာသာရေးအခြေပြုအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

No comments: