ဇာဏီထွဏ်း
တောင်တရုတ် ပင်လယ်တွင် နိုဝင်ဘာလ နောက်ဆုံး ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း၏ အကြွင်းကျန် တိမ်တိုက် များေ ကြာင့် ဒီဇင်ဘာ ၅ ရက်ခန့် မှစ၍ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် ညအပူချိန် မြင့်တက် လာခဲ့ သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။
အဆိုပါ မုန်တိုင်းအကြွင်းကျန် တိမ်တိုက်များသည် နိုဝင်ဘာလ ၃၀တွင် ဗီယက်နမ်ကမ်းခြေကို ဝင်ရောက်စဉ်က တရုတ်လေဖိအားကြီးရပ်ဝန်း အားကောင်း ခဲ့ခြင်းကြောင့် တိုးဝင်မရဘဲ ဒီဇင်ဘာလဆန်းပိုင်းတွင် ယင်းလေဖိအားကြီးရပ်ဝန်းမှာ အားလျော့သွားပြီး မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့သည်။
ထိုသို့ ၀င်ရောက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် တို့ကို တိမ်တိုက်များ ဖုံးအုပ်လျက်ရှိခြင်းကြောင့် ညအပူချိန်များ မြင့်တက်ခဲ့ကြောင်း၊ ယခုရက်ပိုင်း အတွင်း အပူချိန် မှာ သာမာန်ဆောင်းအပူချိန်ထက် တစ်ဒီဂရီစင်ဒီဂရိတ်လောက်သာ မြင့်တက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“မုန်တိုင်းတိမ်တိုက်လေက ပူနွေးတဲ့အတွက် နဂိုရှိနေတဲ့ တရုတ်ပြည်မကြီးက ထိုးဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းက အောက်ကို ပြန်ဆုတ်သွားတော့ ညအ ပူချိန်တွေ တက်လာတယ်။ သုံးရက် လောက်တော့ရှိပြီ” ဟု ၎င်းက ပြောသည်။
အဆိုပါ မုန်တိုင်းတိမ်တိုက်များသည် မည်သည့်ကာလအထိ တိမ်တိုက်များ ရှိနေမည်ဆိုသည်ကို တွက်ချက်၍ မရဘဲ လေအေးနှင့် တွေ့ပါက မိုးအဖြစ် ရွာသွန်ြး ခင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ရွေ့လျားရောက်ရှိခြင်းတို့များ ဖြစ်ပေါ်ပြီး ပျက်ပျယ်သွားနိုင်သည်ဟုလည်း ဦးကျော်မိုးဦးက ဆိုသည်။
မြောက်ဥက္ကလာပမြို့နယ်နေ အငှားယာဉ်မောင်း ဦးမင်းမင်းက “ဆောင်းဆိုပြီး ပူလိုက်တာ နွေအတိုင်းပဲ၊ ညဘက်တွေ အိပ်လို့တောင်မရဘူး၊ ညဘက် ကားေ မာင်းတာတောင် ကားထဲမှာ ပူလောင်နေတယ်”ဟု ပြောသည်။
နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းရေး ဌာနများကလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ညအပူချိန်များ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။
No comments:
Post a Comment