Saturday, December 27, 2014

ရဟန်းတစ်ပါးကို တိုက်ပြီး ကားတစ်စီး မောင်းပြေး

ကျော်စိုးမိုး

လမ်းဘေးမှ ရဟန်းတော်တစ်ပါးကို ကားနှင့်တိုက်မိပြီး မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါရဟန်း ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ အမှတ် (၃) ၀ိုင်း ဘုန်းကြီးကျောင်းဝင်းအတွင်း ပတ်လမ်းအတိုင်း မောင်းနှင်လာသည့် ယာဉ်အမျိုးအစားနှင့် ယာဉ်မောင်းစုံစမ်းဆဲယာဉ်သည် သာသနာ့ဝံသ ကျောင်းရှေ့အနီးတွင် ယာဘက်လမ်းဘေးရှိ ရဟန်းတော်တစ်ပါးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်ခံရသည့် ရဟန်းမှာ သက်တော် ၃၆ နှစ်၊ ၀ါတော် ၁၆ ဝါရှိသူဖြစ်ပြီး ယင်းသို့တိုက်ခံရသဖြင့် အဆို ပါရဟန်း၏ ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ်နှင့် ခြေထောက်များတွင် ဒဏ်ရာများရရှိကာ ပျံလွန်တော်မူ သွားခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင် မောင်းနှင်ထွက်ပြေးခဲ့သည့် ယာဉ်မောင်းကို အရေးယူပေးပါ ရန် ရဲအုပ်ဇော်နိုင်ဦးက တရားလိုပြု တိုင်တန်းပြီး တောင်ဥက္ကလာပမြို့မရဲစခန်းမှ ယာဉ် (ပ) ၅၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကိုဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေသည်ဟု သတင်း ထုတ်ပြန်ထားသည်။

No comments: