Friday, December 5, 2014

ပုသိမ် ဆီဂိုဒေါင်မီးလောင်မှု ၃၁ သိန်းကျော်ဖိုး ဆုံးရှုံး

စည်သူမောင်မောင်

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ မြဝတီစက်သုံးဆီရောင်းဝယ်ရေးပိုင် ဆီသိုလှောင်သည့် ဂိုဒေါ င်တွင် နိုဝင်ဘာ ၂၈ ရက် ညပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၁ကျော်ဖိုးရှိ သည်ဟု တိုင်းမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ဆီသိုလှောင်သည့် ဂိုဒေါင်တွင် ဆီဂါလန် ၂၈၀၀ ဆံ့သည့် ယာဉ်အမှတ် ၉က/၃၈၂၁ ဘောက်ဆာကား ည် ဆီဂိုင်ဒေါင်သို့ ဆီထည့်စဉ် ပွတ်တိုက်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မီးလောင်မှုတွေ မဖြစ်အောင်တော့ မီးသုံးစွဲသူအားလုံး ဂရုစိုက်ဖို့ လိုတယ်။ တစ်ယောက် ဂရုမစိုက်တာနဲ့လည်း ဖြစ်တတ်တယ်။ မီးသတ်ကားတွေ မီးငြိမ်းသတ်ဖို့သွားရင် ပြည်သူတွေအနေနဲ့ လမ်းရှင်းအောင် ကူညီပေးစေချင် တယ်” ဟု တိုင်းမီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

မီးလောင်မှုမှာ ည ကိုးနာရီက စတင်လောင်ခဲခြင်းဖြစ်ကာ မိနစ်လေးဆယ်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီး လောင်မှုကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ အဆိုပါ မီးလောင်မှုအပေါ် ပုသိမ်မြို့၊ မြို့မရဲစခန်းတွင် ပ ၂၂၀၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားသည်။

ဧရာဝတီတိုင်းအတွင်း မီးသတ်နယ်မြေစခန်းပေါင်း ၄၀ ခန့် ထားရှိရန် မြို့နယ်အလိုက် မြေနေရာရှာနေကြသလို မီးသတ်စခန်းများတွင်လည်း မီးသတ်အရာရှိ တစ်ဦး၊ အခြားအဆင့် ရှစ်ဦး၊ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး ထားရန် တိုင်းမီးသတ်ဦးစီးဌာနက စီစဉ်နေသည်


ပုသိမ်မြို့၏ လမ်းတိုင်းတွင် လမ်းဘေးဆီဆိုင်များ ရှိနေခြင်းသည်လည်း ပြည်သူများအတွက် အန္တရာယ်တစ်ရပ် ဖြစ်နေသည်ဟု ပုသိမ်မြို့၊ ၈၈မျိုးဆက်ခေါင်းဆောင် ကိုစိုးလှိုင်ဦးက ဝေဖန်သည်။

ပုသိမ်မြို့တွင် တရားဝင်ရောင်းချခွင့်ပြုထားသည့် ဆီဆိုင် ၁၃ဆိုင်သာရှိပြီး အဆိုပါ လမ်းဘေးဆီဆိုင်များ ရောင်းချနေမှုအပေါ် အုပ်ချုပ်ရေး၊ စည်ပင်နှင့် မီးသတ်တပ်ဖွဲ့တို့က ခွင့်ပြုထားခြင်းမရှိဟု ပုသိမ်မြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးစိန်သောင်းက ဆိုသည်။

No comments: