ဖြိုးဝေလင်း
သရုပ်ဆောင်မင်းအုပ်စိုးက ၎င်း၏ ညီအမဝမ်းကွဲ တော်စပ်သူ သရပါမဂ္ဂဇင်း၏ အယ်ဒီတာ မတေးနုရင် (ခေါ်) မနုနုရင်ကို သူက ရည်းစားထားသည့်ကိစ္စ မေးမြန်းရိုက်နှက်ရာမှ ညီမဖြစ်သူ သေဆုံးခဲ့၍ ဗဟန်းမြို့နယ် ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ထားသည်ဟု ဗဟန်းမြို့နယ် မြို့နယ်မှူးက မဇ္ဈိမကို ပြောသည်။
မင်းအုပ်စိုးက ညီမဖြစ်သူအား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကြောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရင်ဘတ်၊ ကျောနှင့် မျက်နှာတို့တွင် ညိုမဲဒဏ်ရာများရရှိကာ ဒီဇင်ဘာ ၂၅ရက် နံနက် ၂နာရီခွဲတွင် သေဆုံးခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ စခန်းမှူး က ဆိုသည်။
စခန်းမှူးကမူ မတေးနုရင်မှာ မင်းအုပ်စိုးနှင့် ညီမတော်စပ်ခြင်းမရှိဘဲ မင်းအုပ်စိုး၏ နေအိမ်တွင် ၆နှစ်ခန့် လာရောက်နေထိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။
အသက် ၃၃နှစ်အရွယ် မတေးနုရင် သေဆုံးမှုကြောင့် သရုပ်ဆောင် မင်းအုပ်စိုးကို ဗဟန်းမြို့နယ် ရဲစခန်းက (ပ) ၅၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားသည်။
No comments:
Post a Comment