ဇေယျာချမ်းအေး
မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်မှု ဗဟိုကော်မတီ (မထသဗဟို) ကိုလာမည့် ၂၀၁၅ မတ်လ တွင်ရွေးကောက် တင်မြှောက်သည့် စနစ်ကျင့်သုံးကာ ပုဂ္ဂလိက ယာဉ်များစနစ် တကျပြေး ဆွဲရေး ကော်မတီ အမည် ဖြင့် ပြောင်းလဲ ဖွဲ့စည်း မည်ဟု ရန်ကုန်တိုင်း၊ မထသ ဒု-ဥက္ကဋ္ဌ ဦးမင်းဇော် ကဒီဇင်ဘာ ၂၅ ရက်တွင် ပြောသည်။
ထိုသို့ ကော်မတီပြောင်းလဲဖွဲ့စည်းရန် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)ပါပြဋ္ဌာန်းချက်များ အရရေးဆွဲသည့် ပုဂ္ဂလိက ယာဉ်များစနစ် တကျပြေး ဆွဲရေး ဥပဒေကို ယခုဒီဇင်ဘာလအတွင်း ကျင်းပပြီးစီး ခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြု ရေးဆွဲနိုင်ခဲ့ပြီးဖြစ်သည်။
ဥပဒေ အတည်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ များကို တိုင်းဒေသကြီး အစိုးရက အတည် ပြုရေးဆွဲ ပေးရမည် ဖြစ်သည်။ နည်းဥပဒေများ ထွက်ရှိ လာပါက ရွေးကောက် တင်မြှောက်သည့် စနစ်ဖြင့် မထသ ဗဟိုကော်မတီကိုပြင် ဆင်ဖွဲ့စည်း သွားမည်ဖြစ်သည်။
“အခြား ပြည်နယ် တိုင်းအားလုံးက ၂၀၁၂-၁၃ လောက်က တည်းက အဲဒီဥပဒေ တွေရေးဆွဲပြီး စီးသွားတယ် ။ ရန်ကုန်တိုင်းက အခုမှပြီးတာ။ ကြာနေတာ။နည်း ဥပဒေ ဆွဲပြီးသွားပြီဆိုမှ ဒီကော်မတီကို ဘယ်လို ရွေးချယ်တင်မြှောက်မယ်ဆိုတာ အသေးစိတ်ပေါ် လာလိမ့်မယ်။ ပြောင်းလဲ မှာတော့ သေချာပါတယ်” ဟု ဦးမင်းဇော်က ရှင်းလင်းသည်။
နည်းဥပဒေ များရေး ဆွဲပြီးစီးပါက တိုင်းအစိုးရက ရွေးကောက်ပွဲ ပြုလုပ်ရန် ကော်မရှင် ဖွဲ့ပေးမည်ဖြစ်ပြီး ကော်မရှင်က ကော်မတီ ၀င်များကို ရွေးချယ်သွား မည်ဖြစ်သည်။ ကော်မတီဝင်နေရာကို ကိုးနေရာ သတ် မှတ်ထားပြီး အစိုးရခန့် လေးဦး၊ ရွေးကောက်ခံ ယာဉ်ပိုင်ရှင် ငါးဦးဖြင့် ကော်မတီသစ်ကို ဖွဲ့စည်းသွား ဖွယ်ရှိသည်ဟု ဦးမင်းဇော်က ဆိုသည်။
“အများပိုင်ကုမ္ပဏီနဲ့ ဆက်စပ်မှု အကြောင်းပြန် သုံးသပ်မယ်ဆိုရင်အများပိုင် ကုမ္ပဏီဖွဲ့တယ်ဆိုတာက ကိစ္စ သပ်သပ်။ အများကုမ္ပဏီပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီကော်မတီရဲ့ လက်အောက်မှာပဲ ရှိမှာဖြစ်ပါတယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းမှု အပိုင်းကတော့ ဥပဒေအောက် မှာရှိတဲ့ အဖွဲ့အစည်းရဲ့ လက်အောက်မှာပဲ ရှိရ မှာဖြစ်ပါတယ်။ ပုဂ္ဂလိကယာဉ် ဘယ်ယာဉ်မဆို ဒီကော်မတီ လက်အောက်မှာပဲရှိရမှာ ဖြစ်ပါတယ်” ဟု ဦးမင်းဇော်က သုံးသပ်ထားသည်။
No comments:
Post a Comment